မပျော်ပါဘူး... အမေရယ်...

in myanmar •  6 years ago 

... မပျော်ပါဘူး အမေရယ် ...
orca-image-801968922.jpeg

သားလေ...
စာရေးဆရာ ဖြစ်ချင်လို့
စာအုပ်တွေ အများကြီး ဝယ်ဖတ်ခဲ့တယ် အမေ
သားစိတ်ကြိုက် ကောင်းနိုးရာရာတွေလည်း
မှတ်စုထုတ်ထားခဲ့တယ် အမေ
ခံစားရသမျှတွေကိုလည်း
ကဗျာ အဖြစ် ချရေးထားခဲ့မိတယ် အမေ
အားအားရှိတိုင်းလည်း စာတွေ ဖတ်နေခဲ့သလို
စိတ်ကူးရတိုင်းလည်း စာတွေ ချရေးနေခဲ့တယ် အမေ
ခေတ်ကြီးက တိုးတတ်လာတော့
သားလေ Facebook ဆိုတာကြီးကို
အသုံးပြုလို့ သာယာခဲ့ဖူးတယ် အမေ
အမေ ပဲ စဉ်းစားကြည့်လေ...
စာရေးတာ ဝါသနာပါတဲ့ သားလေ
Facebook ပေါ် စာတွေ ရေးတင်ရတော့
မပျော်ဘဲ နေနိုင်ပါ့မလားဗျာ...
ဒါတင် မကဘူးလေ အမေရဲ့
ကမ္ဘာမှာ အောင်မြင်နေတဲ့ ဟောပြောရေးစာရေးဆရာတွေရဲ့
စာတွေလည်း ဖတ်ရတယ်လေဗျာ
ဒါနဲ့တင် သားလေ...
Facebook မှာ Group တွေထောင်၊ Page တွေထောင်ပြီး
အောင်မြင်ရေး စိတ်ဓာတ်တတ်ကြွစေမယ့်စာတွေ
ဘာသာပြန်လို့ အမြဲတင်ပေးနေခဲ့တာ
နှစ်တွေ ကြာရှည်လို့ Facebook သုံးတာတောင်
၆ နှစ် ပြည့်တော့မယ် အမေ...
ဒီလိုနဲ့ ကိုယ်ဝါသနာပါရာ Bill ကုန်ခံပြီး
ပျော်ပါးနေခဲ့တာပါ အမေ...
နောက်ထပ် ပြောရဦးမယ် အမေရေ...
၂၀၁၇ ကုန်ခါနီး ဒီဇင်ဘာမှာတော့
Steemit ဆိုတာကြီး ထပ်တွေ့ရတယ်ဗျ
Steemit ကြီးက Facebook လိုပဲ
Post တွေ တင်ရတာပဲ...
ဒါပေမယ့် ထိုဟာကြီးက Cryptocurrency ဆိုတဲ့
ကိုင်တွယ်လို့မရတဲ့ ပိုက်ဆံတွေ ရတယ် ဆိုပဲ...
သားလေ...
အရမ်းပျော်တာပဲ အမေရယ်...
Steemit ဆိုတဲ့ Social Media Platform ကြီးက
Own Creator တွေကို တန်ဖိုးထားသတဲ့ဗျ
Copyright ကို အလေးထားသတဲ့ဗျ
ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတာတဲ့ဗျ
ကိုယ်တိုင်အားထုတ်ထားတဲ့ အရာတွေကိုပဲ
Post တင်ရမတဲ့ဗျ...
ကြိုက်ပါတယ်ဗျာ...
Facebook ထက် ပိုပျော်တာပေါ့ အမေရာ...
အမေ့သား ကံကောင်းတယ် အမေ
Steemit ကို အသုံးပြုစမှာပဲ
Myanmar Steemit Community ဆိုတဲ့
Steemit Myanmar User Newbies တွေကို
အကူအညီပေးနေတဲ့ အဖွဲ့ကြီးနှင့် ချိတ်ဆက်မိပြီး
အဖွဲ့ဝင် ဖြစ်ခွင့်ရတယ်ဗျ...
သိပ်သိပ် ပျော်တာပဲ အမေ...
ဟိုတုန်းက ဖတ်ခဲ့တဲ့ စာပေထဲက
"မိမိဝါသနာပါရာ လုပ်ရင်း ဝင်ငွေ ရနိုင်မလား"
ဆိုတဲ့ မေးခွန်းကို ဖြေနိုင်တော့မယ် အမေ...
ခု သား ဝါသနာပါတဲ့ စာတွေ ရေးတင်နေရင်း
ဝင်ငွေ ရတော့မယ်လေ အမေရဲ့...
ဒါကြောင့်သာပဲ အမေရေ...
သားလေ...
ဟိုးဟိုးတုန်းက ရေးခဲ့တဲ့ စာတွေကို ဖုန်းလေးဖြင့်
စာတွေ ရိုက်ပြီး တင်နေခဲ့တာ...
ခုဆို ၈ လ ကျော်ခဲ့ပါပြီ
ဝင်ငွေတော့ တစ်ကျပ်မှ ထုတ်သုံးဖူးသေးပါဘူး အမေ
ပိုတိုပွားအောင် ဆိုပြီးတော့ မြန်မာငွေ သုံးသိန်းဖိုးလောက်ပါ
ဝယ်ထည့်ပြီး စုထားပါတယ် အမေ
ရေရှည်ရည်မှန်းချက်ဖြင့် နှစ်ရှည်ပင် စိုက်သလိုပေါ့ အမေရယ်

ဒီလိုနဲ့ ဒီလိုနဲ့ပါပဲ အမေရယ်...
ခုတော့...
သားလေ...
သိပ်မပျော်တော့ဘူး အမေ...
ဈေးကျလို့ မဟုတ်ပါဘူး အမေရယ်...
စာမရေးနိုင်လို့ မဟုတ်ပါဘူး အမေရယ်...
သားကလေ...
ဟိုတုန်းက ရေးခဲ့တဲ့ စာတွေပဲ တင်နေခဲ့တာလေ
စာအရေးအသား တိုးတတ်မလာခဲ့ဘူးဗျ
ဘယ်လိုသိရလဲ ဟုတ်လား...
Steemit က စာကောင်းကောင်းရေးတဲ့သူတွေကို
ချီးမြှင့်တဲ့ အနေဖြင့် Upvote ကောင်းကောင်းပေးကြတယ် လို့
ကြားသိဖူးခဲ့တာပဲ...
သားလေ...
အဲလိုမျိုး ချီးမြှင့်တဲ့Upvote တွေ Comment တွေ
မရဖူးဘူးဗျ...
အဲတော့ သား စာရေးမကောင်းလို့ ပေါ့ဗျာ
ကံလေးကောင်းလို့ MSC လို အဖွဲ့ထဲ ဝင်ပါခွင့်ရတာကြောင့်
အချင်းချင်း မကြိုက်လည်းပေး ၊ ကြိုက်လည်းပေး
မကျေနပ်လည်း ပေး၊ ကျေနပ်လည်း ပေး
အဲလို ပေးနေကြရတဲ့ Upvote လေး၊ Comment လေးတွေတော့ ရတာပေါ့ဗျာ...
အဲလိုရတော့ ကိုယ်ကလည်း အဲလိုပဲ ပြန်ပေးရတယ် အမေရဲ့
အထူးကံကောင်းတာကတော့ဗျာ
သားတို့ MSC ခေါင်းဆောင်ကြီးရဲ့ အစွမ်းအစဖြင့်
နိုင်ငံခြားက Tom တို့ရဲ့ Curie အဖွဲ့ကြီးဆီက
Promotion Upvote တွေ အလှည့်ကျ ရခဲ့ပေါ့ အမေရာ...
ဒီလိုတွေ ရနေတာကို
အစက ပျော်သလိုလိုတော့ ရှိသား အမေရေ
အလှည့်ကျ ပေးတဲ့နေ့ဆို
သားလေ မပျက်မကွက် ပို့စ်တင်ခဲ့တာပါ အမေ...
ခုလောလောဆယ်ဆို
နေ့တိုင်းရလို့ နေ့တိုင်း ရေးတင်နေပါတယ် အမေ

ဒါပေမယ့် အမေရာ...
သားလေ...
ပြန်တွေးရင်း ပြန်တွေးရင်းနဲ့
ရှက်သလိုလို ဖြစ်လာတယ် အမေ...
သားကလေ...
Steemit ကို ဘာလို့ သုံးခဲ့တာလဲ
ဘာရည်ရွယ်ချက်နဲ့လဲ
ဘယ်လို ဆက်သွားဖို့လဲ
ပန်းတိုင်က ဘာလဲ
ဘာ ဘာ ဘာ ဘာမှ ရှင်းရှင်းလင်းလင်း မသိဘူး အမေ
ဝါသနာပါလို့ စာရေးတင်နေတာလား
ပိုက်ဆံရချင်လို့လား
မသဲကွဲဘူး အမေရယ်...
သား ဝင်ထားတဲ့ ၊ အကူအညီ ရယူနေခဲ့တဲ့ အဖွဲ့ကြီးကရော...
သူများဆီက အကူအညီ ယူနေတာ
ကိုယ်ကျိုး အတွက်လား
ပြန်လည် ကူညီဖို့လား
အတ္တဟိတ အတွက်လား
ပရဟိတ အတွက်လား
သား တိတိကျကျ နားလည်နိုင်စွမ်း မရှိဘူး အမေ...
ဒါကြောင့်သာပဲ အမေရယ်
သားလေ...
ကိုယ့်အားကို မကိုးနိုင်တဲ့ ဒုက္ခိတ တစ်ယောက်လို
ရှက်မိပါတယ် အမေ
စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဝမ်းနည်းလာတယ် အမေ
သား ယုံကြည်ချက်တွေ ဆွံ့အလာတယ် အမေ
ဒီလိုနဲ့ ဒီရက်တွေမှာ
သားလေ...
မပျော်ပါဘူး အမေရယ်
သား တစ်ကယ်...
#မပျော်ပါဘူး-အမေရယ်။ ။

ဟိန်းခန့်မောင် အတိအလင်းခံစားရေးဖွဲ့သည်။
11:00 / 30,08,2018

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကြိုက်လည်းပေး မကြိုက်လည်းပေး မဟုတ်ရပါ ကိုဟိန်းရယ် ကိုဟိန်းရဲ့ secret အတွဲတွေအားလုံး note ယူထားတဲ့အထိ ကြိုက်မိပါတယ်

ကျေးဇူးတင်ပါတယ် ဘုရား

မတ်မတ်တို့ ကူညီနိုင်တဲ့တစ်နေ့ ရောက်မှာပေါ့ကွယ် အပြင်မှာ စာရေးရင်လဲ စာမူခရတယ်မလား ခုလဲ အာ့လိုလို့သာ မှတ်ပါလေ တစ်နေ့နေ့ကျ မတ်မတ့်တို့က pro စုပေးကြသူတွေ ဖြစ်ကြမှာပါလို့ 😊

စည်းလုံးညီညွတ်
သဘောထားပြည့်
စည်းကမ်းလိုက်နာ
ညီညာစိတ်ဝမ်း
ဝိုင်းဝန်းကြိုးပမ်း
စိတ်တူချီတတ်
မပျက်ကွက်ဘဲ
အမြဲရှေ့ဆက်
ခရီးဆက်မယ့်
MSC ဖြစ်ရင်တော့ ကောင်းမှာပါ မတ်မတ်ရေ...

အဲ့လိုအတွေးတွေ ၀င်ဖူးလို့ စတီးမစ်ကနေ အကြာကြီး ပျောက်နေခဲ့ဖူးတယ်... ဒါပေမယ့် MSC ကအရမ်းနွေးထွေးလို့ရယ်။ ကြိုက်လည်းပေး မကြိုက်လည်းပေး vote လေးတွေ ရတယ်ဆိုတာထက် ကိုယ်အားစိုက်ထုတ်လိုက်တဲ့ စာလေးတွေပေါ်မှာ လာဖတ်ပေးကြတဲ့သူတွေရဲ့ အမြင်လေးတွေ လာရေးပေးကြတာကို သဘောကျလို့ ပြန်ရေးဖြစ်တာ...။

နေတတ်ရင်တော့ ကျေနပ်စရာပါဗျာ...
အမြင်လေးတွေ ရေးကြတာ ကောင်းပါတယ်
(ဖြစ်ကတတ်ဆန်းလေးတွေက လွဲရင်ပေါ့)
စိတ်တူညီညွတ်သူလေးတွေ ရှိသေးလို့ နေဖြစ်နေပါသေးတယ်။

ပျော်လဲပျော်ပြီး
မပျော်လဲ မပျော်ဘူး အမေရယ် …

ခုလု ခုလု ဖြစ်နေတာ B Pyae ရေ...

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 10.86% upvote!
I was summoned by @billionairehein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

တစ်ခါတလေ ဤ ကိုကျွဲဖတ်လို့ရပါတယ်။

အားလုံး ညီရင် ဤ ကို ကျွဲ ဟု ဖတ်ကြတယ် ဆိုပေမယ့်
ကိုယ်က စာအုပ်ကြီးသမား ဖြစ်နေ ထင်ပါတယ်...

ကောင်းလိုက်တာရေးထားတဲ့ခံစားချက်

ရင်ထဲမှာ ခုလု ခုလု ဖြစ်နေလို့ပါ အန်တီရေ...
ကျေးဇူးပါဗျ

အမေအကြောင်းလေးရေးတော့ အိမ်ကအမေကိုတောင် လွမ်းမိလာတယ်

အမေ အကြောင်း ပါပါဘူးဗျာ
ခလုပ်ထိမှ အမိတ သလိုမျိုး ကိုယ့်ခံစားချက်တွေ အမေကို တိုင်တည်တာပါ

  ·  6 years ago Reveal Comment

တစ်​​နေ့​တော့ဖြစ်​လာလိမ့်​မယ်​...ခု​တော့တစ်​​နေ့ထက်​တစ်​​နေ့ပို​ကောင်းလာ​အောင်​စာ​ရေးကြမယ်​လို့.......

စာရေးသူလည်း အကျိုးရှိ စာဖတ်သူလည်း အကျိုးရှိ ဖြစ်ကြဖို့ပါ
အလဟသ အချိန် မကုန်စေချင်ဘူးလေ

ပျော်​ သလား​ဟေ့ ​မောင်​တို့​ရေ့......
ပျော်​...တယ်​​ဟေ့ ​ပျော်​တယ၊်​​​ဟေ့....
(ဘဘယု ခံစား​ရေးဖွဲ့သည်​)ဟိ ဟိ

မနောက်ပါနဲ့ ဘယုရာ ...
ရင်ထဲ ကလိကလိ ဖြစ်နေလို့ပါ

You got a 5.93% upvote from @emperorofnaps courtesy of @billionairehein!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

You got a 10.18% upvote from @minnowvotes courtesy of @billionairehein!

မပျော့ တပျော်လေး အမေရယ်

မတ်မတ်စု ကတော့ ပျော်သလို နေပါဗျာ

ပျော်တာပေါ့ အမေရယ် ပျော်တာပေါ့...
Steemitကြီးမှာစာရေးရတာ ဒေါ်လာရလို့ပျော်ပါတယ်

အများကြီး မတွေးဘဲ အေးအေးလူလူ နေနိုင်ရင် ပျော်မှာပါ ဦးထွေးရေ...

You got a 10.76% upvote from @dailyupvotes courtesy of @billionairehein!

ပျော်တာပေါ့ အမေရယ်လို့ဖြစ်ပါစေဗျ

ပျော်နေချင်ပါတယ်
ကျေးဇူးပါ

Congratulations @billionairehein! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဖတ်ရတာ ရင်ထဲ ထိတယ်

ရင်ထဲက လာတာတွေပါပဲဗျာ

အားမငယ်‌ပါနဲ့ဗျာ ။MSC မှာ ကိုဟိန်းက ‌နေရာတစ်‌‌နေရာ ယူထားနိုင်‌ပြီဘဲ။MSC မှာ ဘာသာပြန်‌စာ‌ပေ‌ရေးတာ လက်‌‌ရေချိုးလို့ရပါတယ်‌။‌တော်‌တန်‌skill နဲ့မရပါဘူး။ဆရာ‌ဖေမြင့်‌တို့လို ဖြစ်‌‌အောင်‌ steemit မှာ လက်‌‌သွေး‌နေ‌ပေါ့ ကိုဟိန်းရာ။အ‌မေ‌ရေ သား ‌ပျော်‌‌နေပပြီလို့ ‌ပြောလိုက်‌စမ်းပါဗျာ။

ကျေးဇူးပါဗျာ...
အမေရေ ပျော်နေပါတယ်လို့ အော်ပစ်လိုက်ချင်ပါတယ်

အင်း တွေးစရာတွေပါဘဲ

တွေးရင်း တွေးရင်းနဲ့ ရင်ထဲ ကလိကလိ ခုလုခုလု ဖြစ်နေတာ

MSCကိုမေးလိုက်ပါ
တစ်နေ့တစ်ခုရေးခိုင်းနေရတာ
ပျော်ရဲ့လားလို့

တစ်နေ့တစ်ခုထက် ပိုရေးနိုင်ရင်ရော ပေးနိုင်ပါ့မလားလေ.😁😁😁

အားမလျော့နဲ့ရောက်လုပီဆိုသလိုပဲ ကိုယ့်ပန်းတိုင်ကိုသာ မျက်ခြည်မပြတ်ပါစေနဲ့ ကိုယ့်ပန်းတိုင်ကိုသာ ဆက်လက်ချီတက်ပါ သူများပန်းတိုင်ကို လှမ်းကြည့်မနေပါနဲ့ ဆက်လက်ချီတက်ပါရဲဘော်ဟိန်း ☺☺☺ အဲလို့မဟုတ်ရင်လေ ပန်းတိုင် မဟုတ်ပဲ ပမ်းတိုင် ဖြစ်သွားလိမ့်မယ် ရဲဘော်ဟိန်း ☺☺☺

ဟုတ်ကဲ့ပါဗျာ...
တခါတလေတော့ ပုထုဇနော ဥမ္မာတကော အရ
ခံစားကြည့်ရတာပဗျာ

အော အော ဂလိုလည်းခံစားကြည့်တယ်လား

တစ်ဆင့်ချင်းကို သေသေချာချာ ခံစားပြီးရေးဖွဲ့ ထားတာပါ..အမေ။ အေးပါ.. သားရေ အမေတို့ လည်း မင်းအရွယ်တုန်းက ဒီလိုတွေဖြစ်ခဲ့ပြီး မိမိယုံကြည်ချက်တွေ စိတ်ဓါတ်ခိုင်မာမှုတွေနဲ့ ကြိုးစားရုန်းကန်ရှေ့ဆက်ပြီး အောင်မြင်မှုတွေဆီလျှောက်လှမ်းခဲ့ကြတာပါ။ကံ ညဏ် ဝီရိယ သုံးခုဆုံဖို့အတွက် သားဘက်က ဇွဲ လုံလ ဝီရိယနဲ့ ကြိုးစားပြီး ပျော်အောင်နေပါသား။ဒီလိုသားဘက်ကအဆင်သင့်ဖြစ်နေပြီဆိုရင် ထိုအရာသုံးခု တစ်နေ့တော့ ဆုံပါလိမ့်မယ်သားရေ။
အစ်ကိုခင်ဗျာ ကျွန်တော်ကိုသန့်ဇင်ပါ။ဒီလိုလေးစဉ်းစားမိ၍ရေးခဲ့မိပါသည်။မလေးစားသလို ဖြစ်သွားမှာတော့ စိုးရိမ်မိပါတယ်အစ်ကို။လေးစားအားပေးနေပါ့မယ်ခင်ဗျာ။

ကံဉာဏ်ဝီရိယ သုံးခုဆုံ ဖို့က မျှော်လင့်ရမှာပါလေ
ကိုယ့်ဘက်ကတော့ ဉာဏ်နှင့်ဝီရိယပဲ စိုက်ထုတ်နိုင်တာလေ
ဒီနှစ်ခုပေါင်း ကြိုးစား အလုပ်လုပ်တော့ အလုပ်ကောင်းရင် ကံကောင်းမှာပါလေ

ပျော်ရမှာပါဗျာ။ ပျော်ရမှာပါ။
အဲ့ခါကြရင် ပျော်ပါတယ် အမေရယ် ဆိုပြီး ရေးဖို့သာ ပြင်ထားပါလေ

ဟုတ်ကဲ့ ပျော်ချင်ပါတယ်ဗျာ ..အဲဒီခါကြရင်
ပျော်တဲ့အကြောင်း ရေးပါမယ်

တစ်​​နေ့​တော့ ကိုယ်​လည်းကူညီနိင်​တဲ့သူတစ်​​ယောက်​ဖြစ်​လာမှာပါ ကိုဟိန်းရာ ခု​တော့ အ​ကောင်းဆုံး​တွေ လုပ်​ပြ​နေပါတယ်​လို့

ဖြစ်စေချင်ပါပြီဗျာ

ကိုယ်​လည်းတတ်​နိင်​သ​လောက်​ကူညီကြရမှာပဲ ​လေ အများကို
ခု​တော့စာကို အ​ကောင်းဆုံုးဖစ်​ဖို့ ကြိုးစား​ရေး​နေပါတယ်​ဗျာ

ခုလို သိရတာ ဝမ်းသာပါတယ်

စာတမ်းငယ်အမျိုးအစားပါ၊ ကောင်းတယ်ကွယ်။။

ဟုတ် ကျေးဇူးပါ ဆရာ