My Speech deal with MSC and Gathering

in myanmar •  6 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
orca-image-1529224698485.jpg_1529224698632.jpeg
(ဤပုံသည် ပုဂံသွားလျှင် တည်းခိုမည့်ကျောင်းဝင်းမှ ကိုသက် ပေးပို့
ထားသောပုံ ဖြစ်ပါသည်)

ကျွန်တော်သည် Steemit platform ပေါ်တွင်
စာရေးသားတင်လာခဲ့သည်မှာ 6 months ပြည့်
ခဲ့ပါပြီ။
Myanmar Steemit Community ၏
အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ MSC မှ
Promotion ပေးသော ရက်များတွင် အောင်မြင်
ရေးစာပေများကို ပြုစုရေးသား မျှဝေခဲ့ပါတယ်။
Promotion ရသော ရက်များမှာ တစ်လလျှင်
၆ ကြိမ်မျှလောက် ရှိပါတယ်။ ကျန်ရက်များတွင်တော့
ကျောင်းသားဘဝတုန်းက ရေးသားခဲ့သော ကဗျာများ
နှင့် အခြား ရောက်တတ်ရာရာများကို ပို့စ်တင်ခဲ့ပါတယ်။

ယခု Promotion ရသော နေ့တွင်တော့...
အောင်မြင်ရေးစာပေများကို ခဏ နားကာ MSC
အတွင်း ဖြတ်သန်းတွေ့ကြုံခဲ့သော ပေါင်းသင်း ဆက်ဆံရေးနှင့် အဖွဲ့ဝင်များနှင့် ပတ်သက်၍
ကျွန်တော်၏ စိတ်နေသဘောထား ခံစားချက်လေး
များကို ရေးတင်သွားပါမည်။

MSC တွင် အဖွဲ့ဝင် နံပါတ်များမှာ 250 ကျော်
ရှိပါတယ်။ ထိုအထဲမှ ထွက်သွားသော၊ ရပ်နားနေကြ
သော၊ MSC မှ ထုတ်ပယ်လိုက်သော အဖွဲ့ဝင်
ဟောင်းများမှာ အဘယ်မျှလောက် ရှိမည်ကို
အတိအကျ ကျွန်တော် မသိပါ။
MSC တွင် Group ခွဲ ၄ ခု ရှိပါတယ်။ Group
တစ်ခုလျှင် အဖွဲ့ဝင် (30) ခန့်စီ ခွဲဖွဲ့ထားခဲ့ပါတယ်။
Group တစ်ခုစီမှ ထုတ်ပယ်နှင့် ထွက်သွားသူတို့
အစား အဖွဲ့ဝင်သစ်များကိုလည်း ထပ်မံဖြည့်တင်းခဲ့
ခြင်းများ ရှိပါတယ်။
MSC မှ promotion ရယူရာတွင် တစ်နေ့လျှင်
Group တစ်ခုချင်း အလှည့်ကျ ရယူကြခြင်း ဖြစ်ပါ
တယ်။ လွန်ခဲ့သော ၅ လ လောက်တုန်းကတော့
အလှည့်ကျ promotion ရသော နေ့များတွင်
Promotion တင်သူ အယောက် ၂၀ ကျော်
ရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Pro post တင်သူ
များမှာ လျော့နည်းလို့ လာခဲ့ပါတယ်။ ယခု လပိုင်း
တွင်တော့ ၁၀ ဦး အထက်သာ ရှိပါတော့တယ်။

Promotion ရယူရာတွင် စည်းကမ်းချက်လေး
များ ချမှတ်ထားခဲ့ခြင်း ရှိပါတယ်။ အဖွဲ့ဝင်များ
အနေဖြင့် စည်းကမ်း ရှိကြမှလည်း အသင်းအဖွဲ့
ရေရှည်ခိုင်မာ ဖွံ့ဖြိုးတိုးတတ်မည် မဟုတ်ပါလား။
ဤတွင် အခြားစည်းကမ်းများကို ထပ်မံချပြခြင်း
မပြုတော့ပါဘူး။ ထိုစည်းကမ်းများထဲမှ Pro post
တစ်ခုစီတွင် Vote and Comment များ
15 ခု ရှိကြရမည်ကို ရှင်းပြလိုပါတယ်။
Steemit တွင် Post တင်ရာ၌ Vote များ
ရရှိမှသာ STU တတ်ပြီး Steem,Steem Power and SBD $ များ ရရှိကြပါတယ်။
သို့အတွက် အချင်းချင်း အပြန်အလှန် Vote ကြမှသာ
ရေရှည် အဆင်ပြေမည် မဟုတ်ပါလား။ Comment
ပေးကြရသည် ဆိုရာဝယ် တစ်ဦး၏ post ကို
တစ်ဦးက ဖတ်ပြီး ဝေဖန်ထောက်ရှုကြမှ ပိုမိုကောင်း
မွန်သော post များ ဖြစ်လာမည် မဟုတ်ပါလား။
Comment များ၊ Reply များ အပြန်အလှန်
လုပ်ဆောင်ကြပါမှလည်း အဖွဲ့ဝင် အချင်းချင်း
ရင်းနှီးမှု ပိုလာကြမည် မဟုတ်ပါလား။ ထို့ပြင်
Steemit ၏ ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်ပါတယ်။
ထို့ကြောင့် Vote, Comment and Reply
များကို များပြားသေချာစွာ လုပ်ဆောင်ကြဖို့
တိုက်တွန်းလိုပါတယ်။

မကြာမီတွင် MSC တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ
တစ်နှစ်ပြည့်ပါတော့မည်။ တစ်နှစ်ပြည့် အမှတ်တရ
နှင့် MSC အနာဂတ်ဖွံ့ဖြိုးတိုးတတ်ရေး အတွက်
တွေ့ဆုံဆွေးနွေးကြဖို့ Gathering လုပ်ရန်
ရည်ရွယ်ထားကြပါသည်။ ယခုလောလောဆယ်တွင် တွေ့ဆုံပွဲကို ပုဂံ ယဉ်ကျေးမှုမြို့တော်၌ ကျင်းပရန်
စိတ်ကူးထားကြပါတယ်။

လွန်ခဲ့သော သုံးလလောက်ကလည်း MSC ၏
ခေါင်းဆောင် ကိုဟင်နရီအောင် @kachinhenry
သည် မန္တလေးမြို့သို့ ရောက်လာခဲ့ပါတယ်။ ထိုအခါက
စိတ်ကျန်းမာရေးဆေးရုံတွင် နေ့လည်စာ အလှူ
လုပ်ခဲ့ပါတယ်။ ထိုမှ အပြန်တွင် 12ပန်းနား
စားသောက်ဆိုင်၌ မန္တလေး ဝန်းကျင်ရှိ၊ လာရောက်
တွေ့ဆုံကြသော အဖွဲ့ဝင် အချို့ဖြင့် ဆွေးနွေး
စကားပြောဆိုကြပါတယ်။ MSC အနေဖြင့် ဘာတွေ
ကို ရည်ရွယ်ပြီး ဘယ်လိုတွေ ဆက်လုပ်ကြမယ်
ဆိုတာကို အကြမ်းဖျဉ်း တိုင်ပင်ခဲ့ကြပါတယ်။
အနုစိပ် အချက်အလက်များကိုတော့ ယခု တစ်ကြိမ်
တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားလိမ့်မည်ဟု
မျှော်လင့်မိပါတယ်။

Steemit platform သည် Blockchain
System အပေါ် အခြေခံ၍ သက်ဝင်လှုပ်ရှား
ဖွံ့ထွား ရပ်တည်နေသော Social Media တစ်ခု
ဖြစ်ပါတယ်။ Steemit platform ပေါ်ဝယ်
လျှောက်လှမ်းနေကြသော ကျွန်တော်တို့ MSC
အဖွဲ့တော်သားများသည်လည်း Social media
မှတဆင့် သိကျွမ်းခဲ့ကြသူများ ဖြစ်ကြပါတယ်။
Steemit Social Media သည် Facebook
နှင့်မတူ သုံးစွဲသူများကို အကျိုးအမြတ် ပိုမို ရရှိစေ
သော Platform တစ်ခု ဖြစ်သောကြောင့်
ကျွန်တော်တို့လို Steemit User MSC အဖွဲ့ဝင်
များ အနေဖြင့် online ပေါ်မှာ စသိရပေမယ့်
Online ပေါ်မှာပဲ ခင်မင်ရင်းနှိးမှုကို ရပ်တန့်
မနေသင့်ပြီဟု ထင်မြင်မိပါတယ်။
အဘယ်ကြောင့်ဆိုသော်...
ကျွန်တော်တို့ MSC အဖွဲ့တော်သားများ အနေဖြင့်
Steemit platform ပေါ်ဝယ် စာရေးသား၍
Steem,Steem Power and SBD $ တို့ကို
စုဆောင်းရယူနေကြပါတယ်။ ထို ရရှိလာသော
အကျိုးရလဒ်လေးများကို တစ်သီးပုဂ္ဂလအနေဖြင့်
ထုတ်ယူသုံးစွဲမှု များစွာ မလုပ်ကြရသေးပေမယ့်
အဖွဲ့ဝင်များထဲမှ အကူအညီ လိုအပ်သူ၊ သာရေးနာရေး
ကျန်းမာရေးနှင့် ပရဟိတအလှူလေးများ မကြာခဏ
လုပ်ခဲ့ကြရသည် မဟုတ်ပါလား။ ထို မြတ်သော
လုပ်ဆောင်ချက်လေးများသည် မိမိတို့ အတွက်
အကျိုးဖြစ်ထွန်းမှုကြီးများပင် မဟုတ်ပါလား။
သို့ဖြစ်၍ ကျွန်တော်တို့တွေဟာ ပိုမို တိုးတတ် ဖွံ့ဖြိုး
မှု ရရှိစေရန်နှင့် အဖွဲ့ဝင် အချင်းချင်း ပိုမို ရင်းနှီး
ကျွမ်းဝင်စေရန် တွေ့ဆုံပွဲကို မဖြစ်မနေ တတ်ရောက်
သင့်ကြသည် မဟုတ်ပါလား။

တွေ့ဆုံပွဲတွင် Leader ကိုဟင်နရီအောင် မှ
Steemit နှင့်ပတ်သက်၍ MSC တည်တံ့ခိုင်မာ
စေရေးနှင့် အဖွဲ့ဝင်များ ဖွံ့ဖြိုးတိုးတတ်ရေး အတွက်
အဘယ်သို့သော အခွင့်အလမ်းများ ယူဆောင်လာခဲ့
ဦးမည် ဆိုတာ မသိရသေးပါ။ Admin ကိုသက် @thatkozaw မှလည်း မည်သည့်လက်ဆောင်
တွေ ပေးဦးမည် မသိ။ MSC တူညီဝတ်စုံတွေ
ပြင်ဆင်ပြီးနေပြီလား မသိ။ Admin စက္ကထရီ
မလေး B Pyae @pyaesonekhinkhin
ကလည်း လက်ဆောင်လေးတွေ ပေးဖို့ ပြင်ဆင်
နေပြီလား မသိ။ ဆရာ ဦးတင်လှိုင်ဦး
@tinhlaingoo ကလည်း အဖွဲ့တော်သားများကို ဘဝ တိုးတတ်ရေး မည်သည့်လက်ချာတွေ ပေးဦး
မည် မသိ။ မသိ ဆိုပေမယ့် ထိုမသိခြင်းများက
အဖွဲ့တော်သားများ အတွက် ကောင်းကျိုးတွေ
ပါလာမယ် ဆိုတာကိုတော့ ယုံကြည်မိပါတယ်။

တွေ့ဆုံပွဲက နီးလာပြီဆိုတော့ Group chat
အတွင်းမှာ လိုက်ပါတက်ရောက်မည့်သူများ စာရင်း
ကို group leader ကနေ တဆင့် ကောက်ခံ
ပါတယ်။ ထိုအခါ တုန့်ပြန်မှုမှာ အားရစရာတော့
သိပ်မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ လိုက်ပါ
တက်ရောက်မည့် ဦးရေမှာ ၁၀ ယောက် ဝန်းကျင်သာ
ရှိခဲ့ပါတယ်။ ကျန်တဲ့ Group ၃ ခု မှာတော့
မည်မျှရှိမည် မသိရပါ။ တွေ့ဆုံပွဲတွင် အဖွဲ့ဝင် ဦးရေ
၇၀ အထက်လောက် Leader များက ဖြစ်စေချင်
သည့် ဆန္ဒ ရှိခဲ့ကြပါတယ်။ သို့သော် ထိုမျှလောက် ရှိမည်ဟုကား သံသယ ဖြစ်မိပါတယ်။

ဤတွင် ကျွန်တော် ပြောလိုသည်မှာ MSC leader ကိုဟင်နရီအောင် ကိုယ်တိုင်သည်ကား စင်္ကာပူ မှ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံကာ လာရောက်မည် ဖြစ်သော်လည်း နိုင်ငံအတွင်းမှာ နေကြသော အဖွဲ့ဝင်များ အနေဖြင့်ကား တတ်ကြွမှုအားနည်းကြ သည်ကို အားမလိုအားမရ ဖြစ်မိပါတယ်။

ပုဂံ ယဉ်ကျေးမှုမြို့တော်သို့ အသွားအပြန် စရိတ်
သာလျှင် မိမိတို့ အနေဖြင့် ကုန်ကြရမည် ဖြစ်ပြီး၊
နေထိုင်တည်းခို၊ စားသောက်ခြင်း အတွက် Leader
များမှ အကုန်အကျ ခံမည်ဟု ပြောဆိုနေသည့်
ကြားတွင်မှ တွေ့ဆုံပွဲ သို့ တက်ရောက်နိုင်ခြင်း
မရှိခြင်းမှာ မိမိတို့အကြောင်း မိမိတို့သာ အသိဆုံး
ဖြစ်ပါလိမ့်မည်။

မိမိတို့ရဲ့ MSC အဖွဲ့ဝင်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ Steem,Steem Power and SBD $ ရလိုခြင်း တစ်ခုကြောင့်သာဟုတော့ မဖြစ်စေလိုပါ။
စုပေါင်းစွမ်းအားဖြင့် ပိုမိုကောင်းမြတ်သော အရာများ
လုပ်ဆောင်ရယူဖို့ ပါစေချင်ပါသည်။
ထို့ကြောင့် ကျွန်တော့် အနေဖြင့် MSC Gathering
တက်ရောက်ကြဖို့ မိတ်ဆွေတို့အား တိုက်တွန်း
ပြောကြားလိုက်ရပါတယ်။
orca-image-1529224864173.jpg_1529224864253.jpeg
မိတ်ဆွေအားလုံး လိုရာဆန္ဒ ပြည့်ဝကြပါစေ...

With speaking,
MSC -193
@billionairehein
17-06-2018

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျ​နော်​​တော့ ​တွေ့ဆုံပွဲမှာ လာချင်​​ပေမယ့်​ မလာနိုင်​​တော့ဘူးဗျာ😢

ထိုင်းမှာဆိုတော့...

လာဖြစ်​​အောင်​​တော့အတတ်​နိုင်​ဆုံးကြိုးစားပါ့မယ်​ရှင်​။

အဖွဲ့ဝင်တွေ အပြင်မှာ တွေ့ဖြစ်တော့ ပိုရင်းနှီးပြီး ပိုတိုးတတ်စေချင်လို့
လာဖြစ်အောင် လာခဲ့ပါဗျာ...

တွေ့ချင်တာပေါ့နော် ၊ဝန်ထမ်းဆိုတာကိုယ့်အချိန်ကိုယ်ပိုင်တာမဟုတ်တော့ အသေအချာမပြောနိုင်တာပါ၊

မြန်မာလူမျိုးတွေက နားလည်မှုကို ထားတာမျိုး များစွာ ရှိကြပါတယ်။
အခက်အခဲ ကိုယ်စီ ရှိနိုင်ကြတာမို့ မလာနိုင်တာကို အပြစ် မဆိုသာပါဘူးဗျ...

ပုဂံမှာ ဆုံကြတာပေါ့

ကြိုတွေး ပျော်နေပြီ

Congratulations! This post has been upvoted from the communal account, @minnowsupport, by billionairehein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ရက်ကမသတ်မှတ်ရသေးဘူးနော် ဘယ်ရက်လဲ သိကြပြီလား။

အတိအကျ သိရသေးဘူး
သောကြာ စနေ တင်္နနွေ ပဲသိတာ😁😁

တွေ့ကြမယ်ဗျို့။

Let us will go!

အမကလူသစ်ပါမိတ်ဆွေများနဲ့ဆုံပြီးဗဟုသုတလိုချင်ပါသည်တက်ရေက်ပါမည်မွန်ပြည်နယ်မှမွန်မလေးပါ

တတ်ရောက်မည် ဆိုလို့ ဝမ်းသာပါတယ်ဗျာ

ပုဂံကိုမရောက်ဖူးသေးဘူးဆိုတော့ အနေတော်ဖြစ်သွားတာပေါ့😁😁

မရောက်တာကြာနေလို့ သွားချင်နေတာ ဟန်ကျပြီ😁😁

Let's go together

MSC အားလုံး ပြုံးပျာ်နေကြရမှာကို ကြိုတွေးမိတိုင်း
ကြည်နူးမိပါတယ် ဗျာ

ကဲ ကြိုပျော်ပြီးကြိုငွေစုထား

အဟေး ပက်ချန်စုတုန်းအကိုရေ

လက်ဆောင်ပေးမယ် ဆိုတာ ယုံထားလိုက်ပြီ😁😁😁

ဆပ်ပရိုက် အချိုရည် ခ်ခ်

You got a 2.69% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ပထမမြန်မာနိုင်ငံတော်ကြီးမှာ ဆုံကြတာပေါ့ဗျာ

ငါတို့အားလုံ့း မဟာပုဂံ

ရအောင်လာခဲ့မယ်ဘဒို
၂ယောက်လာခဲ့မယ်။

စုံတွဲခြင်း တွေ့ကြပြီပေါ့

လက်ဆောင်တွေဆိုပဲ ကြိုပြီး ချုပ်ထားနေပြီ

😁😁 လက်ဆောင် လက်ခံဖို့အသင့်ပဲနော်

သူငယ်​ချင်း​တေပါ​ခေါ်လာမှာ

တပျော်တပါးကြီးပေါ့

ကိုယ့်ရဲ့ ဆရာသမား ညီအကိုတွေနဲ့ ဆုံတွေ့ရမဲ့အရေး တွေးပြီး ပျော်ရွှင်နေရပါပြီ ကိုဟိန်း

ပျော်ရမှာ တကယ်ပါ

မလိုက်နိုင်တာ ခွင့်လွှတ်ပါ။

စိတ်တော့ကောင်းဘူးဗျာ ပွဲစည်စေချင်ပါတယ်ဆို

အကိုရေ ညီက ဆုံချင်နေတာပါဗျ
အခြေအနေ တစ်ခုကြောင့်ပါဗျာ
မိန်းမမွေးဖွားရက်နဲ့ိ့တို်က်နေသောကြောင့်ပါ အကိုရေ
နောက်နှစ်များတော့ မဖြစ်မနေ လားခဲ့ပါမယ်ဗျာ

သားကောင်းလေး မွေးပါစေ

ပြန်ဆုံကြမယ် အကို ဖြစ်နိုင်ရင် အားလုံး လူစုံဆုံချင်တာပါ ။

လူစုံပြီး ပျော်စေချင်ပါတယ်

မတက်​​ရောက်​နိုင်​​တော့ဘူး ထင်​တယ်​ဗျာ

အခြေအနေအရပေါ့

စာရေးတဲ့အလုပ်ဆိုတာ အတွေးတွေကို စာလုံးကလေးတွေကတဆင့်ပြန်ပြောရတာဆိုတော့ တွေးချင်သော်လည်းမရေးချင်သူတွေ၊ ရေးချင်သော်လည်း မရေးတတ်သူတွေ၊ စိတ်အလုပ်ဖြစ်တော့ စိတ်ပင်ပမ်းမှုကိုရေရှည်ရင်မဆိုင်နိုင်တော့ ဇွဲမရှိသူတွေ ပဲ့ကျန်ခဲ့တာပေါ့။ ငွေရဖို့ထက် ကိုယ့်စာသည် တစ်စုံတစ်ယောက်အကျိုးဖြစ်စေချင်တဲ့စေတနာနဲ့ဆိုရင်အမြဲရေးဖြစ်နေမှာပါ။ ဆရာတော့ တစ်နေ့တစ်ပုဒ်တင်တာ ဖတ်သူများပင်ပမ်းလာမလားဆိုပြီး ပေါ့ပေါ့ပါးပါးကဗျာလေးတွေပဲ ခုရက်ပိုင်းတင်နေတော့တယ်။

ဟုတ်ကဲ့ ကြိုးစားရေးပါမယ်ဗျ
ကဗျာတွေကတော့ တင်ဖို့ ကျန်ပါသေးတယ်။
ဘာသာပြန်လည်း တင်ပါဦးမယ်။
ဝေဖန်ပေးပါဦး...ကျေးဇူးတင်ပါတယ်