သားဆုပန်

in myanmar •  6 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
IMG_20190304_124205.jpg

မနေ့က နေ့လည်ခင်းမှာ စစ်ကိုင်းတောင်
အထက်နားဆီက ရှင်ပင်နံကိုင်းမြတ်စွာဘုရား အနီး #ခြင်္သေ့သုံးဆယ်ဘုရား သို့ သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။

သွားရောက်ဖူးမြော်ရခြင်း အဓိက အကြောင်းအရာမှာ
#သားဆုပန် ရန် ရည်ရွယ်ပါသည်။

ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦးဟာ
မင်္ဂလာဆောင်ပြီးတုန်းကလည်း ရန်ကုန်မြို့သို့
ဟန်းနီးမွန်း ထွက်၍ ရွှေတိဂုံစေတီတော် ဖူးမြော်ပြီး
ထိုမှ သားဆုပန်ဘုရားမှာ ပထမဆုံး သားဆုပန်
ခဲ့ဖူးပါတယ်။
အိမ်ထောင်ရက်သားကျပြီး တစ်နှစ်လောက်တော့
ကလေး မယူသေးဘူးဟု ဆိုကာ နေခဲ့ကြလေတော့
သားဆုပန်ခဲ့သော်လည်း ကလေး မရခဲ့သေးပါ။

တစ်နှစ်ပြည့်ခါနီးသောအခါ ဒုတိယအကြိမ်မြောက်
မန္တလေးမြို့ သားတော်ရဘုရားသို့ သွားရောက် ဖူးမြော်ပြီး
ထပ်မံ၍ သားဆုပန်ခဲ့ကြပြန်ပါတယ်။
ထိုနောက်တွင်လည်း လင်ရယ်မယားရယ်သာ
ဆိုသဟာ အတူ နေရချိန်က နည်းပါးပြီး
တစ်ယောက်တစ်နယ်စီ နေခဲ့ကြလေတော့
သားတော် မရရှိခဲ့သေးပါဘူး။

ဒါနဲ့ပဲ ခွဲခွာကွဲကွာပြီး မနေလိုတော့ဘဲ
ဇနီးမယား ရှိရာ နေရာဌာနသို့ အတူလာနေခဲ့ရာ
၃..၄ လ လောက် ကြာခဲ့ပါတယ်။ သို့ပေသော်လည်း
စီးပွားရေး အနေအထား အရ ခုတစ်ခါလည်း
ပြန်လည် ခွဲခွာ နေရပြန်ပါပြီဗျာ😁

ဒီလိုနဲ့ မနေ့ကတော့ ကြင်သူသက်ထားဇနီးမယား ဆီ
ရောက်ခိုက် စစ်ကိုင်းတောင်ပေါ်က ခြင်္သေသုံးဆယ်
စေတီတော်မြတ်ထံ သားဆုပန် ချင်ပါသေး ဆို၍
တတိယအကြိမ် သွားရောက် ထပ်မံ သားဆုပန် ခဲ့ကြပြန်ပါတယ်။
IMG_20190304_123605.jpg

သားဆုပန်ရာတွင် ခြင်္သေသုံးဆယ် သားဆုပန်ဘုရားစေတီအား
သစ်သီး ကိုးမျိုး၊ ရေတော် ဖြင့် ဆပ်ကပ်လှူဒါန်းပြီး၊
သံဃာတစ်ပါးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ
ဝတ္ထုငွေ ကပ်လှူ၍ ဆုပန်ခဲ့ပါတယ်။
ထိုမှ သားတော်အား ချီးမြှင့်ပေမည့်ဟန် ကိုင်ဆောင်ထားသော
ခြင်္သေ့မင်းအား ရေတော် လောင်းလှူ၍ ကျလာသော
ရေအား ခံယူ သောက်သုံးကာ သားဆုပန်ခြင်းကို
ပြုလုပ်ခဲ့ပါတယ်။
Screenshot_2019_0305_104350.png

ဤသို့ ငါးပါးသီလ ဆောက်တည်ကာ ဘုရားရှင်အား
သစ်သီး ကိုးမျိုး ကပ်လှူပူဇော်ခြင်းနှင့် သံဃာတော်အား
ဝတ္ထုငွေ ကပ်လှူရခြင်း အကျိုး အဖို့ပါကကြောင့်
ကိုယ်လက်အင်္ဂါစုံလင်စွာဖြင့် သာသနာပြုနိုင်သော
သားကောင်းသားမြတ် ရရပါလို၏၊ မ စ ပေးသနားတော်မူပါရန်

ဆုမွန်တောင်းလိုက်ရပါတယ်။

ဤကုသိုလ်အား အကြောင်းပြု၍ သုံးဆယ်တစ်ဘုံ
ကျင်လည်ကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါဟူသမျှအား
အမျှ ပေးဝေပါ၏။ ကြားသိသမျှ သာဓု ခေါ်ဆိုယူနိုင်ကြပါစေ။

သာဓု.... သာဓု....သာဓု....။

စကားကြွင်း။ ။ ကျွန်တော်တို့ ဇနီးမောင်နှံ အား
သားကောင်းသားမြတ် ရရှိစေရန် ဆုမွန်ကောင်းများ
တောင်းပေးကြရန် မိတ်ဆွေများအား ရိုသေလေးစားစွာ
တောင်းဆိုလိုက်ရပါတယ်ဗျာ😁😁😁

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....

MSC - 193

@billionairehein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သား​ကောင်းသားမြတ်​​လေးထွန်းကားပါ​စေရှင်​။

ပေးတဲ့ဆုနှင့် ပြည့်ရပါလို၏
ကျေးဇူးပါဗျာ

Posted using Partiko Android

တောင်းတဲ့ ဆုကြီးပြည့်ဝအောင် များများ လဲ ကြိုးစားနိုင်ပါစေ ။

ကြိုးစားချင်ပါသော်လည်း ခွဲနေရလေသောအခါ😁😁

Posted using Partiko Android

ကိုဟိန်းတို့ဇနီးမောင်နှံ သားအမွှာပူးလေးများ မွေးပါစေဗျာ 😁

မိန်းမကတော့ အမွှာ လိုချင်တာပဲ...ကျေးဇူးပါဗျာ

Posted using Partiko Android

သားတရာ သမီးတရာ ရပါ​စေဗျာ :☺ ☺ ☺ ☺

Posted using Partiko Android

သားရတနာလေး ရရင် ကျေနပ်ပါပြီဗျာ...ကျေးဇူးပါ

Posted using Partiko Android

သားကောင်းရတနာလေး ရပါစေ ကိုဟိန်း

ကျေးဇူး ညီရေ...

Posted using Partiko Android

လုပ်​ထား
ဘုရားခ​ညေ်းအားကိုးမ​နေနဲ့ လူ​လေးလဲအားစိုက်​ဦး

Posted using Partiko Android

လူက အနှင်ချခံထားရတာကိုး ဘယ်လိုလုပ်ရပါ့😁😁😁

Posted using Partiko Android

ယောက်ျားလေး ၅ မွှာပူးမွေးပါစေဗျာ

Posted using Partiko Android

အတော့်လုပ်ပါဟ နှစ်မွှာလောက်ဆို တော်သေး

Posted using Partiko Android

ရင်လောက်တင်မှ ဒူးလောက်ကျတာ Bro

Posted using Partiko Android

သားဦးသားထူးလေး ရပါစေ

Posted using Partiko Android

ကျေးကျေး

Posted using Partiko Android