ပျော်နေတယ်လို့ ခံစားတတ်ပါစေ

in myanmar •  6 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
သောကကင်းဝေး နေနိုင်ရေးနှင့်
သာယာပျော်ရွှင်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့
အတွက် စိတ်ထားတတ်ဖို့နှင့် လိုက်နာရမယ့်
သဘောတရားလေးများကို မျှဝေပါရစေ...

မိတ်ဆွေတို့၏ ဘဝမှာ
ဘာဖြစ်မှ ညာဖြစ်မှ ဆိုတာထက်
လက်ရှိအနေအထားလေးကို
လက်ခံကျေနပ်ခံစားပျော်ပါးတတ်ဖို့က
ပိုအရေးကြီးပါတယ်။

ပျော်ရွှင်ချင်တယ်ဆို
ရည်ရွယ်မျှော်မှန်းရာမှာ
ပျော်ရွှင်နေတယ်လို့ ချမှတ်ထားလိုက်ပါ။
ပျော်ရွှင်စရာနေ့ရက်တွေဆိုတာ
စောင့်ဆိုင်းနေစရာ မလိုပါဘူး။
စိတ်ကြိုက်ရွေးချယ်လို့ရတာမျိုးပါ။
မနက် အိပ်ရာထကတည်းက
ရောက်ရှိလာမယ့်နေ့ရက်တိုင်းဟာ
ပျော်စရာတွေ ပါလာတယ်လို့
ခံစားမျှော်တွေးလိုက်ပါ။

စိုးရိမ်ပူပန်နေလို့ မနက်ဖြန်ကြုံရမယ်ထင်တဲ့
ဒုက္ခ အခက်အခဲတွေ လျော့ကျမသွားပါဘူး။
ဒီနေ့ငြိမ်းချမ်းသာယာမှုတွေတော့ ပြိုပျက်
သွားမှာပါပဲ။ ဘာမှ တွေးပူမနေပါနဲ့။
ရင်ဆိုင်ရဲတဲ့သတ္တိကို မွေးထားလိုက်စမ်းပါ။
တွေးပူမိတဲ့ ပြဿနာတွေက
မိမိထင်သလောက် တကယ်ကြောက်စရာကောင်းမှာ
မဟုတ်ပါဘူး။

သို့ဖြစ်ပါ၍ ယောနိသောမနသိကာရ စိတ်ထားတတ်ဖို့
အရေးကြီးကြောင်း သတိပေးမျှဝေလိုက်ရပါတယ်။

.. . ဟိန်းခန့်မောင် .. ..
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks for supporting

Posted using Partiko Android

I am happy!

Posted using Partiko Android

I am happy too.

Posted using Partiko Android

နေတတ်ရင် ကျေနပ်စရာလို
ကျေနပ်ရင်လည်း နေတတ်သွားမှာပါ

Posted using Partiko Android

စိတ်ထားတတ်ဖို့ပါပဲ

Posted using Partiko Android

ပျော်ရွှင်အောင်နေတက်ဖို့ လိုပါတယ်

ပျော်အောင်နေမယ်ဗျာ ပျော်ပါစေ

Posted using Partiko Android