ခက်ခဲလေသော ချောမွေ့သည့်လမ်းကလေး

in myanmar •  7 years ago 

@bobokyaw.jpg
အရင်တစ်ခါလည်း တွေးမိပါသေးသည် စတီးမစ်ဆိုတာကြီးက လွယ်လွန်းနေတာလားလို့ စာလေးရေး ပို့စ်လေးတင် ကောမန့်လေး
ပေး ဘုတ်လေးအပြန်အလှန်ပေး ဒေါ်လာတွေရ ရလာတဲ့ ဒေါ်လာဆိုတာကလည်း မြန်မာငွေနဲ့တွက်ကြည့်ရင် သူ့အထွာနဲ့သူက
မနည်းမနောပါလား တန်ဖိုးရှိလို့နေသည်။ ပြီးတော့ သူတန်ဖိုးက အရှင် အနာဂါတ်မှာ ဘာမဆို ဖြစ်လာနိုင်သည်။ မျှော်လင့်ချက်တွေ
နဲ့ နေ့ရက်တွေက လှပလို့နေသည်။ လုပ်ကိုင်ဆောင်ရွက်ရတာတွေက အားတက်စရာတွေချည့်ပါဘဲလို့။

ဟော ...........တကယ်တမ်းလုပ်ကိုင်ရတဲ့အခါ အစပထမတော့ ဘာရယ်မသိ အလွန်ငွေရလွယ်သောအလုပ်လေးတွေ့ပြီဟေ့လို့
ဆိုကာ ရှေ့ကရောက်နှင့်သူရဲ့ အာပေါင်အာရင်းသန်သန်နဲ့ စေတနာတွေ ရေစီးကမ်းပြို လက်တို့ပြီးတော့ ဖေါက်သည်ချ
နားထောင်နေရင်းတောင် သွားရည်ကျမတက် အားတွေကျ အကင်းပါးသူပီပီ ဘယ်လောက်ကုန်မည်လဲ ဘာတွေရင်းနှီးရမည်လဲ
ဟာ.........ဘာမှမလို ဘာမှကိုရင်းစရာမလို ဖရီး.............ဖရီး............ဖရီး..............ကြိုက်သဟေ့.......... ဒါမျိုးသဘောကျတာပေါ့
အကောင့်လေးဖေါက် စောင့်ရတဲ့သုံးလေးရက် တစ်ပါတ် ဆယ်ရက်ကို တကဘာလောက်ကြာတယ်လို့ထင်သေး စောင့်လိုက်ရ
တာ တမေ့တမော

ရောက်လာပါပြီ အတည်ပြုစာ အဲ့ဒီကစလို့ ကတုန်ကရင်နဲ့ တစ်ခါမှမရေးဘူးတဲ့ စာတိုပေစ ရည်းစား စာတောင် ဖြောင့်အောင်မရေး
တက်ခဲ့လေတော့ အစအပြု ရေးရတာ အဆီအငေါ်ကမတည့် လုပ်ချင်သလိုမဖြစ်လဲ ဖြစ်သလိုလေးလုပ်ပြီး ဈေးဦးပေါက် တင်လိုက်
ပါလေသည်။ တစ်ပုဒ်စရေး နှစ်ပုဒ်စရေး သုံးလေးငါးပုဒ် ဘဲဥလေးကွဲတာမြင်ရတော့ ၀မ်းသာလိုက်တာ မိုးမမြင်လေမမြင် ချက်ချင်း
လက်ငင်း သူဌေးဖြစ်တော့မည့်နှယ်ပေါ့ အဲ့သလိုကို အားတက်သရောရှိလှပါလေတယ်။ တာထွက်ကောင်းတဲ့ မာရသွန် ပြေးပွဲရဲ့
အစကနဦးမြင်ကွင်းလိုပေါ့ ဒိုင်း...............ဆိုတဲ့ သနက်ဖေါက်သံနဲ့အတူ တာထွက်မှာ သူ့ထက်ငါ အလုအယက် တိုးဝှေ့ပြေးလိုက်
ကြတာ ခလုတ်တိုက်လို့ မှောက်ထိုးလဲသူရယ် တွန်းတိုက်မိလို့ ယိုင်နဲ့သွားတာတွေရော သူ့ထက်ငါ နောက်မကျရေး ရှေ့ကိုရောက်
ရေး လုလို့ပြေးကြလေသတည်းပေါ့............

အချိန်ဆိုတာလေးက ဘာမျှမကြာလိုက် တစ်ချို့ ခြေလှမ်းတွေ နှေးကွေးလာတယ် တစ်ချို့ ရေတွေဘာတွေ အမောတကော သောက်
ရပြီ တစ်ချို့ ရင်ဘက်ထဲက တစ်ဆို့လာတယ်။ ချောင်းတွေတောင်ဆိုးလို့ မောလိုက်တာမှအရမ်းဘဲ အစပထမလို လူတွေပြုံခဲမနေတော့ဘူး လူတွေတဖြည်းဖြည်းကျဲလာတယ် ပြေးရလွှားရတာ တွန်းတိုက် တိုးကြိတ်မနေရတော့ ပြေးနေတဲ့လူတန်း
ကြီးက တဖြည်းဖြည်း လူကြိုးတန်းကြိးသဖွယ် ရထားတန်းကြီးသဖွယ်ရှေမျောမျောဖြစ်လို့လာတယ်လေ သုံးယောက်တစ်အုပ်စု
ငါးယောက်တစ်အုပ်စု လို အုပ်စုလေးတွေ ပြေးနေသလို လူတစ်စုနဲ့တစ်စု တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်း အလှမ်းဝေး
လို့လာတယ် တစ်ချို့ တစ်ယောက်တည်း ကွဲထွက်လာတယ် အားလုံးကတော့ ဖြေးဖြေးမှန်မှန်နဲ့ ခြေလှမ်းလေးတွေ စည်းချက်ညီအောင် လှမ်းနေကြတာချင်းတူတယ် တာထွက်တုန်းကလို အတင်းကာရော ပြေးနေသူမရှိတော့ဘူး။ တစ်ချို့ မူးလဲသူတွေ
ရှိတယ် တစ်ချို့လည်း ဟေးလာားဝါးလားနဲ့ ကားလမ်းပေါ်ကနေ ပလက်ဖောင်းပေါ်တက်သွားကြတယ် တစ်ချို့ နောက်က လိုက်လာ
တဲ့ ကားပေါ်တက်သွားကြပြီ လူအတော်များများကတော့ ဆက်လို့ ပြေးနေကြတုန်းဘဲ

စတီးမစ်မှာလည်း အသစ်အသစ်တွေ ၀င်လာတယ် အဟောင်းတွေ ပျောက်ကွယ်သွားတယ် အချို့ တစ်ဖန်ပြန်လည်တွေ့မြင်ရတယ်
အမြဲတမ်းတွေ့မြင်ရသူ လူတစ်ချို့ရှိတယ်။ အသစ်ဝင်လာသူတွေ သိပ်မကြာခင် ပျောက်ကွယ်သွားလေ့ရှိတယ်။ အသစ်ဝင်တာနဲ့
ပျောက်ကွယ်သွားတာက အချိုးကျနေသလိုပါဘဲ ဒါပေမယ့် လူတွေတော့မထပ်တော့ဘူး။အားလုံးက အသစ်တွေ အလည်လာသူ
နဲ့ အခြေချသူရယ်လို့ ခွဲခြားလို့ရလာတယ်။ တကယ်တော့ စတီးမစ်က ပျော်စရာကောင်းတယ် လုပ်ကိုင်ရတာလွယ်ကူတယ်
အမြဲရှင်သန်ရပ်တည်နိုင်ဖို့တော့ ကြိုးစားရုန်းကန်ရတယ်။ စတီးမစ်လမ်းသည် လွယ်ကူတဲ့လမ်းမဟုတ်လေသော ခက်ခဲတဲ့ ချောမွေ့သောလမ်းကလေးသာဖြစ်ပါလေတော့သည်။
@bobokyaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လွယ်တော့ မလွယ်ဘူးဗျို့ လုပ်ရတာမောတယ်ဗျာ

စိတ်ရှည်ရတာပေါ့ဗျာ ဒီလိုပါဘဲ အလုပ်ဆိုတာ

You got a 2.02% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

လွယ်သလောက်ခက်ပါတယ်ဆိုတဲ့အလုပ်တွေထဲမှာ စတီးမစ်တွင်ငွေရှာဖွေတဲ့အလုပ်လည်းပါမယ်ထင်ပ့ါဗျာ………
လူတန်းစားအမျိုးမျိုး စိတ်ဓါတ်တွေမတူညီမှုများစွာနဲ့ ရှိနေကြပါသော်လည်း ဦးတည်နေကြသောပန်းတိုင်ကတော့တစ်ခုထဲပါပဲဗျာ……
ဇွဲစိတ်ကို ကျကျနနမွေးမြူထားမှသာ ပန်းတိုင်အထိလျှောက်လှမ်းနိုင်ပါလိမ့်မယ်…………
စတီးမစ်ကြီးက လူတွေကို ဘယ်လောက်စိတ်ရှည် ဇွဲသန်သလဲဆိုတာ နည်းမျိုးစုံနဲ့ စမ်းသတ်နေစဲပါပဲဗျာ……

တစ်နေ့တစ်ခြား ခက်လို့လာတယ်လေ