စတီးမစ် ဒေါ်လာလမ်းမကြီးထက်က ရွှေမြန်မာအားလုံး မင်္ဂလာပါဗျာ
ဒီနေ့အတွက် ပို့စ်တစ်ပုဒ်ရေးဖို့ပြင်ဆင်ရင်း အရင်းအနှီးဆိုတဲ့ စကားလုံးလေးကို မှတ်သလောက် ခံစားမိသလောက်
အနည်းငယ် ချရေးကြည့်ပါရစေဗျာ။ အချိန်တန်အရွယ်ရောက်လို့ မိဘတွေရဲ့နွေးထွေးလုံခြုံတဲ့ အသိုက်အမြုံလေးကနေ
စတင်စွန့်ခွာလာပါပြီ ဆိုကတည်းက စားဝတ်နေရေးအတွက် အလုပ်တစ်ခုတော့ မလွဲမသွေလုပ်ကြရပါလိမ့်မယ်။
အသိပညာ အတက်ပညာရှင်များကလည်း မိမိတို့ရဲ့ဆိုင်ရာအလုပ် သင့်တော်ရာနေရာ မှာဝင်ရောက်လုပ်ကိုင်ကြပါမယ်။
အတက်ပညာနဲ့ မဟုတ်ဘဲ အရောင်းအ၀ယ်အလုပ်လုပ်ကြမယ်ဆိုရင်လည်း ငွေရင်းငွေစလေးတော့ ရှိဖို့လိုအပ်ပါလိမ့်မယ်။
ဒီလိုမှမဟုတ် ရင်းနှီးစရာငွေစ ကြေးစမရှိဘဲ အလုပ်တစ်ခုရင်းနှီးလုပ်ကိုင်ချင်တယ်ဆိုရင်တော့ သူတစ်ပါးဆီက ငှားရမ်းအ
ကူအညီတောင်းကာ လုပ်ကြရပေမည်ပေါ့။
မျက်စိရှေ့မှာတင် အရောင်တဖိတ်ဖိတ်တောက်သွားသည့် ကျောက်တစ်ပွင်လို့ လူစွမ်းကောင်းပေါ့ဗျာ။သူ့ကဒီလိုလူပါ.......
ဒီမြို့ပေါ်ကိုတက်လာတုန်းကတော့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါဘဲ။ အရင်းအနှီးဆိုလို့ လျှာနဲ့သွားဘဲပါတယ်။ လွန်ခဲ့တဲ့
နှစ်အနည်းငယ်ကပေါ့။ သိပ်မကြာပါဘူး အလုပ်တွေကြိုးစားလုပ်ကိုင်ရင်း စည်းကမ်းတကျနဲ့ နေထိုင်စုဆောင်း လိုက်သည်မှာ
ကိုယ်ပိုင်လုပ်ငန်း ကိုယ်ပိုင်တိုက် ကိုယ်ပိုင်ကား ဒါတွေအပြင် ချစ်စရာကောင်းတဲ့ရင်နှစ်သည်းခြာ သားသမီးလေးတွေနဲ့
အောင်မြင်တဲ့မိသားစုတစ်ခုကိုပါ တည်ဆောက်ယူပြ လုပ်ပြသွားတဲ့ မိတ်ဆွေတစ်ယောက်လဲ ဟိုတလောကမှ သူ့ရပ်ဌာနေကို
အောင်မြင်စွာနဲ့ ပြန်လို့သွားခဲ့ပါတယ်။သူအမြဲတမ်း ဂုဏ်ယူပြောတက်တာကတော့ ငါ ဒီမြို့ကိုတက်လာတုန်းက လက်ထဲပိုက်
ဆံဆိုလို့ တစ်ပြားမှမပါဘူး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့တက်လာတာ အရင်းအနှီးဆိုလို လျှာနဲ့သွားဘဲပါတယ်။ အဲ့သလိုအမြဲ
ပြောတက်ပါတယ်။တကယ်လဲ တော်တဲ့လူပါ။ တကယ်ကံကောင်းတဲ့လူပါ။အများတကာ ငေးမောအားကျစရာကောင်းအောင်ကို
အောင်မြင်တဲ့ လူတစ်ယောက်ပေါ့ဗျာ။ သူ့ရဲ့ထူးခြားမှုအရည်အသွေးကတော့ ရိုးရိုးလေးပါဘဲ ။သူပေးပြီးသားဂတိကို တည်ပါတယ်။
ဘာအကြောင်းနဲ့မှ ဂတိမပျက်ဖူးပါဘူး။သူနဲ့ပါတ်သက်ဆက်ဆံသူမှန်သမျှ မည်သူကမဆို သူပြောသမျှယုံပါတယ် သူနာမည်တစ်
လုံးနဲ့တင်ကိုဘဲ အလုပ်များစွာလုပ်လို့ရပါတယ်။အဲ့ဒီလိုလူစားပါ။ယုံကြည်မှု တစ်ခုကိုအခိုင်အမာတည်ဆောက်ပြီး ဂတိမတည်သော
လူလည်ကျတက်သူတွေကြားမှာ နာမည်တစ်လုံးနဲ့ ချမ်းသာသွားသူလို့ အများကလက်ခံရတဲ့အထိပါဘဲ။ယုံကြည်မှုက စီးပွားဖြစ်
စေနိုင်တယ်လို့ ဆိုရမလိုပါဘဲ။
ဒီနေ့ကြုံရတဲ့ လူငယ်လေးကတော့ တစ်မျိုးပါ။ မိတ်ဆွေတစ်ယောက်ရဲ့ ကားကိုသူက ငှားမောင်းပါတယ် အုံနာကြေးကို ငါးရက်
တစ်ခါပြည့်မှ ရှင်းရပါတယ်။ စပေါ်ငွေလဲမတင်ရပါဘူး။ ကြိုငွေလဲမသွင်းရပါဘူး။ ငါးရက်ပြည့်မှ တစ်ခါအုံနာကြေးသွားပေးရုံပါ
ဘဲ။အဲ့ဒီကောင်လေးကို ရင်းနှီးချစ်ခင်သောကြောင့် ထုံးစံအတိုင်း မိတ်ဆွေရဲ့ကားလေးငှားနိုင်အောင် အာမခံပေးထားသည်ပေါ့။
အခုတလော ဘယ်လိုဖြစ်သည်မသိပါဘူး ဒီကောင်လေးက ကားပိုင်ရှင်ထံ အုံနာကြေးမပေးတာ ရက်နှစ်ဆယ်လောက်ရှိပြီပေါ့။
လူလဲမလာ ကားလဲမလာ အုံနာကြေးလဲမမြင်ရတော့ မိတ်ဆွေက ဖုန်းဆက်လို့တိုင်ပါရော။ ကိုယ်လဲမနေသာသည်မို့ ကောင်လေး
ရဲ့အိမ်ကို လိုက်သွားကြည့်ရပါတယ်။ ထုံးစံအတိုင်းပါဘဲ အဆင်မပြေလို့ပါ မပေးနိုင်သေးပါ ဒုတိယမြောက် ကလေးငယ်လေး
မွေးနေလို့ မွေးစားရိတ် စားစရိတ် အိမ်ခန်းခ ....... ကုန်ကျငွေတွေများနေလို့ အဆင်မပြေဖြစ်နေတာသိရပါတယ်။ ကားပိုင်ရှင်
ကတော့ သဘောကောင်းပါတယ်။မိမိလည်း တက်နိုင်သမျှ ညှိနှီုင်းပေးရသည်ပေါ့။ အရင်က လက်ကျန်ငွေတွေ မပေးနိုင်တာ
ခဏစောင့်ပေးပါ။ အဆင်ပြေတဲ့အခါ ဆပ်ပါ့မယ်။ အခုတော့ ကားကိုပြန်မသိမ်းပါနဲ့ဦး။ သူလဲ ကလေးနှစ်ယောက်နဲ့ စားဝတ်နေ
ရေးဒုတ်ခဖြစ်လိမ့်မယ်။ နောက်ရက်ကစပြီး တစ်ရက်တစ်ခါ အုံနာကြေးလာသွင်းခိုင်းမယ် ဒီလိုဆို နှစ်ယောက်လုံးအဆင်ပြေပေါ့။
ကားပိုင်ရှင်က သဘောတူ ကောင်လေးလဲ အဆင်ပြေသွားသည်။
နောက်ထပ် ဆယ်ရက်လောက်အကြာမှာတော့ ကားပိုင်ရှင်မိတ်ဆွေဖုန်းဆက်လာပါတယ်။ သူ့ကားလေးကို ပြန်သိမ်းလိုက်ပါပြီ
တဲ့။ နေ့စဉ်အုံနာကြေးလဲ လာမသွင်းသလို အဆင်မပြေတဲ့အကြောင်းလေးတောင် စကားအဖြစ်လာပြောဖေါ်မရလို့ စိတ်ထဲမခံ
မရပ်နိုင်ဖြစ်လို့ပါတဲ့။ ကောင်းရောပေါ့ဗျာ........ ကိုယ်ကတော့ သူ့ကိုအဆင်ပြေအောင် အာမခံအထပ်ထပ်ပေးထားရသည်။သူ
က အလုပ်ကို သေချာမလုပ် ။ အဆင်မပြေလဲ မပြေတဲ့အကြောင်းလေးကို တောင်းပန်စကားဆိုဖို့တောင် မတက်ဘူးဆိုတော့လဲ
မတက်နိုင်ပြီလေ။ တော်ပါသေးသည် အဆင်မပြေလို့ဆိုပြီး ကားကို ပေါင်တာနှံတာတွေများ လုပ်မသွားတာကို တောင် ကျေးဇူး
တင်ရပေဦးမည်။ နေရင်းထိုင်ရင်း အာမခံကောင်းလို့ အိပ်ရာအောက်ရေ၀င်မည့်ကိန်းပါလေ။
ယုံကြည်စိတ်ချရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အရင်းအနှီးကောင်းဖြစ်ပါလေသည်။ ကျသင့်တန်ဖိုးကို ပေးဝယ်လျှင် ပေးသည့်
ငွေနှင့်ထိုက်တန်သမျှကိုသာရပါလိမ့်မည်။ လူဆိုသည့်သဘောကား .....ယုံကြည်ပြီဆိုလျှင်ရှိသမျှကိုပုံလို့ပေးတက်ကြပါသည်။
ယုံကြည်မှုနှင့်အလုပ်လုပ်ကြရသည်။ ယုံကြည်မှုသည် အလုပ်များစွာဖြစ်စေသည်။ဘာအရင်းအနှီးမှမရှိလျှင်လည်း ယုံကြည်ရသည်
ဆိုသည့် အရင်းအနှီးကောင်းလေးတစ်ခုတော့ မိမိတွင်ရှိနေအောင် အစဉ်အားထုတ်သင့်ပေသည်။
စတီးမစ် ဒေါ်လာလမ်းမကြီးပေါ်က ရွှေမြန်မာအားလုံး ချမ်းသာကြပါစေဗျာ
Author : @bobokyaw
Photos credit; Google Image
Honesty and keeping promise is the best for our life.Thank for sharing.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပဗျာ ယုံကြည်မှုကိုတန်ဖိုးထားရင် အဲ့ယုံကြည်မှုကပဲ ကိုယ့်ကိုအောင်မြင်မှုဆီခေါ်ဆောင်ပေးတတ်ပါတယ်
ယုံကြည်မှုကိုတန်ဖိုးမထားအလွဲသုံးစားလုပ်သူများကတော့. ခု အကိုတင်ထားတဲ့ ဇာတ်လမ်းလေးအတိုင်းပဲကြုံကြရမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Harta Karun..?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟသ ကာရန် ဒီလိုပြောသလားဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I really wish I could have a proper interpretation...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုပြောပြတာကို လက်ခံပါ သူကအခွင့် အလမ်းကို အသုံးမချနိုင်တာပါ
တစ်ချို့ရှိုပါတယ် ထိုသို့ဘ၀ကနေ ကိုယ်ပိုင်ကားဝယ် နိုင်သောခြေအနေထိပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပေါ့ ညီလေးရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ယုံကြည်မူရှိရင်ဘယ်အလုပ်မဆိုအတိုင်းတာတစ်ခုထိအောင်မြင်နိုင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ယုံကြည်မှုက အရင်းအနှီးကောင်းတစ်ခုပါဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူအချို့ကယုံကြည်မှုကိုတည်ဆောက်ပြီးယူနေချိန်မှာ အချို့ကမတည်ဆောက်တဲ့အပြင်ကိုယ့်ဘာသာဖျက်စီးနေတတ်ကြတယ်လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် အစ်ကိုကြီး
အလွယ်လမ်း လိုက်ကြတာများပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit