တိုင်းပြည်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို Facebook Messenger Groups တွင် Steemit Myanmar ဆိုသော ညီလာခံခန်းမကြီးမှာ ကျင်းပလေ့ရှိပါသည်။
မင်းကြီးသည် သူ့တိုင်းသူပြည်သားများကိုကျောသားရင်သားမခွဲခြားပဲ တန်းတူညီမျှပင် အမြဲအုပ်ချုပ်ပါသည်။ တိုင်းပြည်အနာဂါတ်
အတွက်ဆုံးဖြတ်လုပ်ကိုင်မှုများကို မိမိသဘောဖြင့် ဘယ်တုန်းကမှ မလုပ်ဆောင်ပါ။Messenger ညီလာခံခန်းမကြီးတွင်
တိုင်းသူပြည်သားများရဲ့ ဆန်ဒ သဘောတူညီလက်ခံမှုကိုရယူပြီးမှသာ ဆုံးဖြတ်လုပ်ကိုင်တတ်ပါသည်။ဒီမိုကရေစီနိုင်ငံရေး
စနစ်သည်MSCတိုင်းပြည်တွင် ထွန်းကားလျှက်ရှိပြီကိုတွေ့မြင်ရမည်ဖြစ်ပါသည်။တကယ်လို့ သင်သည် MSC ရဲ့ပြည်သူ
အသစ်ဖြစ်သည်ဆိုပါလျှင် သင်၏Facebook Messenger Groups တွင် Steemit Myanmar ရဲ့Groupsကိုဝင်ရောက်ထားသင့်ပါသည်။
အဘယ်ကြောင့်ဆိုသော် MSC ရဲ့ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် အရေးကြီးဆုံးဖြတ်ချက်များကို အဆိုပါ
Messenger ညီလာခံခန်းမကြီးတွင် ဆွေးနွေးတိုင်ပင် ဆုံးဖြတ်လုပ်ကိုင်ကြသောကြောင့်ဖြစ်ပါသည်။
ခုမှစတင်လုပ်ကိုသူများအဖို့ မသိခြင်းပေါင်းများစွာနဲ့ စတင်ရမည်ဖြစ်ပါသည်။ခက်ခဲသည့်အရာတော့မဟုတ်ပါ။ မသိလျှင်တော့
ခက်ခဲလို့နေမည်ဖြစ်ပါသည်။ မသိလျှင်ရွှေတဆုပ် သိလျှင်ဖွဲတစ်ဆုပ် ဟုဆိုနိုင်ပါသည်။ မိမိသည်လည်း စတင်လုပ်ကိုင်စဉ်က
အခက်အခဲများနှင့်နားမလည်မှုများရှိခဲ့ပါသည်။ကြုံခဲ့ရသည်။ရှေ့မှရောက်နှင့်နေကြသော စီနီယာ အစ်ကိုအစ်မများရဲ့ဖေးမမှု
ကြောင့် သုံးရက်လောက်အတွင်းမှာပင် အခြေတကျဖြစ်လို့သွားပါသည်။သင့်အတွက် အခက်အခဲအနည်းနှင့်အများတော့ရှိမည်
မှာသေချာပါသည်။သင့်အတွက် အကူအညီကောင်းများစွာနှင့် မိတ်ဆွေကောင်းများစွာကို ထိုMessengerညီလာခံရင်ပြင်ကြီး
တွင် ရရှိနိုင်ပါသည်။သိလိုသည်များကိုလည်း ပွင့်လင်းစွာမေးမြန်းနိုင်ပါသည်။
တိုင်းသူပြည်သားများသည်အားလုံးအလုပ်ကိုယ်စီနှင့်ဖြစ်ပါသည်။ အလုပ်လက်မဲ့မရှိသောတိုင်းပြည်ဟုပင်ခေါ်ဆိုနိုင်ပါသည်။
MSCတိုင်းပြည်သည် လူမျိုးစုံ ဘာသာစုံ အသားအရောင်စုံလင်အောင်ရှိပါသော်လည်း အားလုံးသည် တန်းတူညီမျှသော
နိုင်ငံသားအခွင့်အရေးကိုရရှိကြပါသည်။ အခွင့်အရေးရတားချင်းတူသော်လည်း လူတန်းစားအနိမ့်အမြင့်ကွာခြားမှုသည်
MSCတွင်လည်းရှိပါသည်။ အလုပ်များများလုပ်သောတိုင်းသူပြည်သားတို့သည် Reputation Powerဟုခေါ်ဆိုသောလူနေမှုဘဝ
အမြင့်သို့ရောက်ရှိကြပြီး အလုပ်များစွာမလုပ်နိုင်သူ မလုပ်သူတို့ကတော့ Reputation Powerအနိမ့်တွင် နေထိုင်ကြရပါသည်။
သို့သော် ထိုReputation Powerအနိမ့်အမြင့်ကြောင့်အမ်အက်စီတိုင်းသူပြည်သားများသည် တစ်ဦးနှင့်တစ်ဦးခွဲခြားဆက်ဆံခံရမှုမရှိပါ။
Reputation Powerနိမ့်သူများကိုရီပတ်ရှင်းမြင့်သူများက သနားကြင်နာစွာဖြင့်ဖေးမကူညီကြသည်။Reputation Powerမြင့်သူများကိုလည်းReputationPowerနိမ့်သူများကလေးစားအားကိုးကြပါသည်။ထိုကဲ့သို့စည်းလုံးညီညွတ်ကြသဖြင့်MSCတိုင်းပြည်သည်
အချိန်တိုအတွင်းမှာပင် တိုးတက်လာသည်ကို အိမ်နီးချင်းတိုင်းပြည်များနှင့်Steemitကဘာက သတိထားစပြုလာပြီဖြစ်သည်။
MSC တိုင်းပြည်မှာထူးခြားတဲ့ပွဲတော်တစ်ခုရှိပါသည်။ တိုင်းသူပြည်သား လူအများတို့ ရင်ခုန်စွာစောင့်မျှော်ကြသည့်ပွဲတော်ဖြစ်သည်။
တိုင်းပြည်အတွင်း ဆောင်းပါးထုတ်ကုန်များကို ကျွမ်းကျင်သေသပ်ကောင်းမွန်စွာ ထုပ်လုပ်နိုင်တဲ့ ဆောင်းပါးကောင်းဖန်တီးရှင်
သူရဲကောင်းတစ်ဦးကို တစ်လတစ်ခါ ရွေးချယ်ပေးသည့်ပွဲတော်ဖြစ်ပါသည်။ သူရဲကောင်းအဖြစ်ရွေးချယ်ခံရသူဟာ ထိုက်တန်
သောဂုဏ်ပြုမှုများရရှိပါသည်။တကယ်လို့သင်သည် ဆောင်းပါးကောင်းများကိုဖန်တီးထုပ်လုပ်နိုင်သူဖြစ်သည်ဆိုပါလျှင်
အဆိုပါသူရဲကောင်းရွေးချယ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သင့်ပါသည်။သူရဲကောင်းဖြစ်ခဲ့မည်ဆိုလျှင်တော့ MSC မှာ တစ်လကျော်
နှစ်လလောက်မရပ်မနား လုပ်ကိုင်ဆောင်ရွက်မှရရှိမည့် အကျိုးအမြတ်များကို ထိုဆောင်းပါးကောင်းတစ်ပုဒ်နှင့်ပင် သင်ရရှိပိုင်
ဆိုင်နိုင်ပါသည်။ဖေ့ဘွတ်စာမျက်နှာများမှာလည်းသင့်နာမည် သင့်ဓါတ်ပုံနှင့် သင်ရေးသည့်ဆောင်းပါး သင်ရရှိသည့် အသပြာ
အကျိုးခံစားခွင့်တို့ကို အသေအချာအကျအနပင် ဖေါ်ပြပြီးဂုဏ်ပြုပေးပါသေးသည်။အင်မတန်ကောင်းမွန်သော အစီအစဉ်တစ်ခု
ဖြစ်ပါသည်။
တိုင်းပြည်အတွင်းမှာသူရဲကောင်းနှစ်ဦးကတော့ပေါ်ထွက်ခဲ့ပြီးဖြစ်ပါသည်။ ပထမဆုံး MSC သူရဲကောင်းနာမည်ကတော့
@aungzawhtwe ဖြစ်ပါသည်။ August လအတွက် သူရဲကောင်းဖြစ်ပါသည်။ ဆန်ခါတင်နှစ်ဦးအနက်မှ ထိုက်တန်စွာပင်
သူရဲကောင်းရွေးချယ်ခံရသူဖြစ်ပါသည်။အသပြာ Steem 10,SBD 44, နှင့် phome bill 16000 တို့ကိုရရှိပိုင်ဆိုင်ခဲ့ပါသည်။
ဒုတိယမြောက် MSC သူရဲကောင်းနာမည်ကတော့ @htetwaihin ဖြစ်ပါသည်။စက်တင်ဘာလအတွက် သူရဲကောင်းဖြစ်ပါသည်။
ဒီပြိုင်ပွဲမှာထူးခြားတာက ဆန်ခါတင် သူရဲကောင်းငါးဦးရှိသည့်အနက်မှထူးချွန်ပြောင်မြောက်စွာပင် သူရဲကောင်းရွေးချယ်ခံရသူ
ဖြစ်ပါသည်။ အသပြာSteem20,SBD 51နှင့် phonebill 31000 တို့ကိုရရှိပိုင်ဆိုင်ခဲ့ပါသည်။
ထိုသူရဲကောင်းနှစ်ယောက်ကို လွန်စွာပင်လေးစားအားကျမိပါသည်။ သူတို့ရဲ့အောင်မြင်မှုတွေကို သိမြင်ကြားသိရတဲ့အခါတွင်
ကိုယ်တိုင်လည်းMSC တိုင်းပြည်ရဲ့သူရဲကောင်းတစ်ဦးဖြစ်ချင်သည့် စိတ်ဆနများသည် နိုးထရှင်သန်လာပါတော့သည်။
သင်လည်း MSC တိုင်းပြည်ရဲ့သူရဲကောင်းတစ်ဦးဖြစ်ထိုက်ပါသည်။ဖြစ်ခွင့်ရှိပါသည်။ဖြစ်နိုင်ပါသည်။ဖြစ်ရန်အတွက် ကြိုးစား
အားထုတ်ပါ ထိုအခွင့်အရေးကိုအရယူပါ ဟုတိုက်တွန်းလိုက်ပါသည်။
ပေါ်လာသောစိတ်ကူးအတွေးများကို အပြုသဘောဆောင်ကာ ရေးသားခြင်းသာဖြစ်ပါသည်။အမှားအယွင်း
တစ်စုံတစ်ရာဖြစ်မည်ဆိုလျှင် ကြိုတင်တောင်းပန်အပ်ပါသည်။
ဆက်ပါဦးမည်
@bobokyaw
MSC-060
photo : google image
follow me
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ok
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
MSC ပြည်သူပြည်သားများ ကျန်းမာချန်းသာ လန်းဖြာလို့ ဝမ်းသာနိုင်ကြပါစေ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထန်းတောကိုမြန်မြန်လာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လစဉ်သူရဲကောင်းရွှေးချယ်ပါတယလေ သူရဲကောင်းဖြစ်ချင်ရုံနဲ့တော့ သူရဲကောင်းမဖြစ်နိုင်ပါ သူရဲကောင်းရွှေးပွဲမှာ ဝင်ပြိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေ့ကျင့်သင်ကြာတုန်းပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit