မင်္ဂလာပါ..စတီးမစ်မြန်မာ ညီအကိုမောင်နှမတို့ရေ...
•••••••••••••••••••••••••••••••
တချို့နေရာတွေမှာ ခြံဝင်းတခါးတွေက
ဝင်လိုဝင် ထွက်လိုထွက် လွတ်လပ်စွာ ကြိုဆိုနေကြတယ်။
ကြည်စင်ရိုးသားတဲ့ အရိုးခံနွေးထွေးမှုနဲ့
ဧည့်ဝတ်ကျေပွန်လေ့ရှိကြတယ်။
တချို့နေရာတွေမှာတော့ ၂၄နာရီပိတ်ထားတတ်ပြီး အသိမပေးပဲဝင်မိရင် တကြီကြီ တ၀ီ၀ီထျမည္တတ္တဲ့ ကိရိယာတွေ တပ်ဆင်ထားကြတယ်။ရောက်ရှိလာသူကို မယုံသင်္ကာမေးမြန်းစစ်ဆေးလေ့ရှိပြီး နေ့နေ့ညည အချိန်ပြည့်စောင့်ကြည့်စေလေ့ရှိတယ်။
တချို့နေရာတွေမှာ ရှုရိုက်လိုက်ရင် အလိုလိုစိတ်ကြည်လန်းဆန်းစေပြီး
လတ်ဆတ်သန့်ကြည်တဲ့ လေနုအေးတွေ၇ှိနေတယ်။သဘာဝတောတောင် ရေမြေ စိမ့်စမ်းနဲ့အတူ ကျေးငှက်သာရကာ ဘာသာဘာဝအလှတွေနဲ့ ခိုလှုံသူ သက်ရှိတွေရဲ့အသက်ဓာတ်ကို တိုးပွားရှည်ကြာစေတယ်။
တချို့နေရာတွေရဲ့ လေထုထဲမှာတော့
ဘေးဥပါဒ်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပြည့်နက်နေတယ်။လေစစ် ရေစစ် အစရှိတဲ့ ကာကွယ်မှုများနဲ့ အထိတ်တလန့် မှီတင်းနေထိုင်းကြရတဲ့ သက်ရှိများဟာ မရဏမင်းရဲ့ခြိမ်းခြောက်မှုကို အမြဲလိုလိုကြုံတွေ့နေကြရတယ်။
တချို့နေရာတွေက ညဥ့်ဦးသန်းခေါင်ယံတွေမှာ ကြယ်ရောင်လရောင်တွေနဲ့ လင်းကြည်သာယာနေတဲ့သဘာဝလောကကြီးကို
ခံစားရှုမြင်နိုင်တယ်။နဂါးငွေ့တန်းရဲ့အလှအပကိုမျက်ဝါးထင်ထင် ကြည့်ရှုခံစားနိုင်တယ်။ဖျောက်ဆိပ်နဲ့ ဓူဝံ ခုနှစ်စဉ်ကြယ်တို့ရဲ့ တည်ရာကိုပျော်ရွှင်စွာ ပဟေဠိဝှက်တမ်းကစားနိုင်တယ်။စက်နာရီမလို ကောင်းကင်းကိုကြည့်ပြီး အိပ်ချိန်ထချိန် အလိုလိုအတတ်သိ စည်းကမ်းရှိရှိနေတတ်ကြတယ်။
တချို့နေရာတွေကြတော့ မောကြည့်ရင်း နောက်ပြန်လဲကျလောက်အောင် မြင့်မားတဲ့ အဆောက်ဦးတွေကြောင့်ရော၊
စူးရှတဲ့ ရောင်စုံမီးလုံးတွေကြောင့်ပါ ကြယ်လရောင်တွေ မှေးမှိန်ပျောက်ကွယ်နေတယ်။
ဖြူနီပြာဝါ ဒစ်စကိုမီးလုံးတွေရဲ့အောက် အမှောင်ယံကြားမှာ လူငယ်တချို့ရဲ့အနာဂတ်ဟာ အနုတ်လဏ္ခာပြနေတယ်။မေတ္တာမပါ ငွေအသပြာချစ်ခြင်းနဲ့ ဒွိယံ ဒွိယံ လူးလားပျော်ပါးနေကြတယ်။ကြယ်မမြင် လမမြင် မိုးစင်စင်လင်းမှ အိပ်ယာဝင်တတ်ကြတယ်။
တချို့နေရာတွေမှာ မတော်တဆ ထိမိခိုက်မိရင် ဘာမှမပြောပေမယ့် နားလည်ပါတယ်ဆိုတဲ့ နွေးထွေးတဲ့အပြုးံနဲ့ တုန့်ပြန်သွားကြတယ်။တဖက်သူရဲ့ အခက်ကိုအလိုလို ကူညီပေးတတ်ကြတယ်။အသက်ကြီးသူ ဝါကြီးသူ ပူဇော်ထိုက်သူကို ဆော်သြဖို့မလို အလိုက်တသိ ရိုကျိုးယဉ်ကျေး နေရာပေးတတ်ကြတယ်။
တချို့နေရာတွေကြတော့ မတော်တဆ ထိမိခိုက်မိရင် ငတုံးငအဆိုပြီး ဒေါသအကြည့်တွေနဲ့ကြည့်တတ်ကြသလို
sorry လို့ ပြောမှ ကျေနပ်တတ်ကြတယ်။
သူလဲလူ ငါလဲလူ မာနတခွန်ထူပြီး ကြီးငယ်မသိ
အရိုအသေနတ္ထိ ။လေးစားမှု ဗလာ..စာနာမှု ဆိတ်သုဉ်း အပြုံးမပျက် အရှက်မရှိဟူသော အနှစ်မဲ့သူများမှိုလိုပေါနေတယ်။အတိတ်ကံ အားနည်းလို့အကြောင်းကံမလှ တောင်းခံမှ ထမင်းဝသူများရဲ့ ခွက်ကိုတောင် ခလုပ်တိုက်ရမလား၊အလစ်နှိုက်ရမလားး ဝန်မလေးသူ လူ့အခွံများ ရှိနေကြတယ်။
တချို့နေရာတွေမှာ မိန်းမပျိုလေးတွေရဲ့ အသွင်ပြင်ကိုမြင်မိရင် ဘာမှ ထူးထူးဆန်းဆန်း
ခြယ်သမထားပေမယ့် ရိုးရိုးရှင်းရှင်း
လှပနုနယ်နေပြီး အပြုံးတွေက
သိမ်မွေ့ဖြူစင် ပေါ်လွင်နေတယ်။
မပြင်တတ်မဆင်တတ် ဗိုလ်မဆန်တတ်ပေမယ့်
အရှက်ကို အသက်နဲ့ထပ်တူ
တန်ဖိုးထားတတ်ကြပြီး ချစ်သူ လင် ခင်ပွန်းအပေါ်မလော်မလည် မသွေမဖီ တည်တည်ကြည်ကြည် သစ္စာစောင့်သိကြတယ်။နှုတ်ခမ်းနီ ပန်းနီနဲ့ တီတီတာတာ မချွဲတတ်သော်လည်းပြုဖွယ်ကိစ္စ အဝဝကို တတ်သိကျေပွန် ကျိုးနွံသိမ်မွေ့ကာ မိဘမောင်ဘွားကို စိတ်ချမ်းမြေ့အောင် ထားတတ်ကြတယ်။
တချို့နေရာတွေမှာတော့ မိန်းမပျိုလေးတွေရဲ့ မျက်နှာမှာ ရောင်စုံ ခြယ်မှုန်းထားပြီး ဆန်းပြားတဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ထားကြပေမယ့် သူတို့ကိုမြင်မိရင် တစုံတစ်ရာကို ပူပင်နေတဲ့အရိပ်ထင်ဟပ်နေသလို စက်ရုပ်အပြုံးတွေနဲ့ မြင်မိသူစိတ်နှလုံးကို ညှိုးချုံးစေတယ်။အိနြေ္ဒဆိုတာ ဂျိုနဲ့လားးဒီခရီး ဒီထီး ဒီအချိန် ဒီထမိန် ဆိုတာ နားမလည်။သော့သော့သွမ်းသွမ်း ဟော့ဟော့ရမ်းရမ်း ယျောက်ျားများနဲ့ ရင်ဘောင်တန်းခြင်းဆိုသည်ကိုအဓိပ္ပာယ်အကောက်မှားကာ ဖောက်ပြားနေတတ်ကြတယ်။"ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်"ဆိုသော စကားကိုနားလည်မှုလွဲကာ
အမှားအမှောင်တွေကြားမှာ မယားအမြှောင်ဘဝနဲ့ သားတစ်ကောင်ရကာ ကျလာသည့်မျက်ရေကိုလူသူမသိစေပဲ ဒူးနဲ့သုပ်နေကြရသူများ များလှတယ်။
Credit - Photos
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ။
ချစ်သောအားဖြင့်../
@Builderb
ညီလေး အရေးအသားကောင်းပါ တယ်, ပေးချင်တဲ့ message လည်း ရပါတယ်, ဒါ ပေမယ့် ဒီလို topic မျိုးဟာ အများအားဖြင့် သူတို့ အမြင် ကို ချပြရမှာ လက်တွန့်ကြပါတယ်, မတူညီနိုင်တဲ့ သူအမြင် ကိုယ့် မြင် ကြားမှာ မလိုလားတဲ့ ပဋ္ဋိပခ တွေမဖြစ်ချင်လို့ comment မပေးကြခြင်းဖြစ်ပါတယ်။ ဆက်ပြီးကြိုးစာပါ, အားပေးနေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့..အခုလို အားပေးမှုကလဲ
အားအင်တခုကိုရရှိစေပါတယ်ခင်ဗျ။
Mr @kachinhenry ကျန်းမာ ချမ်းသာစွာဖြင့် မြန်မာစတီးမစ်အတွက် အစဉ်အမြဲဆက်လက်ပံ့ပိုးကူညီနိုင်ပါစေလို့ ဆုတောင်းတယ်ခင်ဗျ။
ကျေးဇူးတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks for sharing bro. good post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hi @patricksanlin
Thanks for support with your replying!!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @builderb! You have completed some achievement on Steemit and have been rewarded with new badge(s) :
You got your First payout
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit