လွမ်းမိပါသည်

in myanmar •  7 years ago 

image

လှတယ်​ပန်းက​လေးရယ်​..
.
ပြုံးချို​နေတဲ့မျက်​နှာ
သွယ်​လျတဲ့နှာ​တံ​လေး
အထာကျတဲ့ဆံပင်​ဂုတ်​ဝဲ​လေးနဲ့
ရယ်​လိုက်​ရင်​ပါးချိုင့်​​လေးခွက်​လို့  ။
...
ရှိုက်​ဖိုကြီးငယ်​အသွယ်​သွယ်
ကျော့ရှင်းလှတဲ့  ခန္ဓာကိုယ်
အ​ပြောချို မ​နောချို
ဖြူစင်​စိတ်​ထားနဲ့ 
ဘယ်​ပန်းချီ​ရေးမမှီခဲ့ပြီ ။
...
လွမ်းတယ်​ ပန်းက​လေးရယ်
.
ချစ်​လျှက်​နဲ့​ဝေးကွာ
ထို​နေ့ရက်​​တွေဆီ
ပြန်​​တွေးမိ​တော့ ရင်​မချိပြီ။
..
လွမ်း​မောရ အတိတ်​​တွေဆီ
နှင်းဆီ​ရောင်​နှုတ်​ခမ်းနဲ့ 
ပန်းနု​ရောင်​ ပါးပြင်​ထက်​ဆီသို့ 
ချွေးခဲ့ဖူး​သော အနမ်းများ ...။
..
ဖူးစာမဖက်​ ကွဲခဲ့​လေ​တော့
တနယ်​စီမှာ အ​ခြေကျလို့ 
ဖြူစင်​စိတ်​ထားနဲ့ ဆက်​လက်
လွမ်းမိပါသည်​ ။
...
........

..........

............

ဟိုး .. အ​ဝေးဆီက 
နှလုံးသားငိုသံ ..
ပြန်​လည်​တမ်းတမိတိုင်းအသစ်​ဖြစ်​ဆဲ ..။
...

Photo -google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good poem