အောင့်နိုင်လို့ချမ်းသာတာ

in myanmar •  7 years ago  (edited)

အောင့်နိုင်လို့ချမ်းသာတာ
image.
ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ခင်း မှာ နိုင်ငံတော်အလံကို အလေးပြုဖို့ အခန်းတွင်းမှ တန်းစီထွက်လာပြီး ကျောင်း၏ အလယ်ကွင်းတွင် တန်းစီကာ နိုင်ငံတော်အလံကို ညီညာဖျဖျ အလေးပြုခဲ့ကြသည်။
အလေးပြုပြီးကျောင်းအုပ်ဆရာကြီးက ကျောင်းသား/သူများကို မိန့်ခွန်းပြေားပြီး ဥပမာလေး တစ်ခုပေးခဲ့သည်။ ဒါဘာလည်းဆိုတော့ ကျောင်းသား/သူများက (၁၀)တန်းစာမေးပွဲ နီးလာတာကြောင့် စိတ်တွေလေလွင့်မနေ့ဘဲ စာကို အထူးကြိုးစားအားထုတ်ရန် အားပေးတဲ့မိန်ခွန်း လေးတစ်ခုပေါ့....
မှတ်သားထားမိတာလေး တစ်ခုကတော့.......
ဟိုး ရှေးတုန်းက ကောဠိယကျေးရွာတစ်ရွာမှာ ပညာဆင်းရဲပြီး မိဘတို့၏ အမွေတွေရရှိခဲ့သော တောမိသားစုတစ်ခု ကြုံတွေ့ခဲ့ရသော အဖြစ်ပါ...ပညာမတက်တော့ ရရှိလာတဲ့ စည်းစိမ်ဥစ္စာများကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမှန်းမသိရှာဘူး ဒါနဲ့မိသားစုလင်မယား နှစ်ယောက်အိမ်မှာ ဥစ္စာကြောင့် နေ့နေ့ညည အိပ်မပျော်ဘဲဖြစ်လာတာပေါ့ ၊ဒါတွေကို သူခိုး ၊ဓားပြ တွေမြန်းလာလုရင် အသက်ပါသေ သွားနိုင်တယ်ဆိုတာ ရင်လေးစိတ်မသက်သာဖြစ်နေတာပေါ့ ၊လင်မယားနှစ်ယောက် တစ်လှည့် စီကင်းစောင့်ပြီနေကြရရှာသတဲ့..
အဲဒီတော့ကြာလာတဲ့အခါ ကျန်းမာရေးထိခိုက်လာတာပေါ့ ဥစ္စာကြောင့်ဖြစ်ရတဲ့ ထိန်းသိမ်းရတဲ့ဒုက္ခ အလွန်ကြီးတာကြောင့် လုံခြုံတဲ့နေရာ တစ်နေရာရှာပြီး သိမ်းထားဘို့ တိုင်ပင်ကြသတဲ့...
လင်မယားနှစ်ယောက်တိုင်ပင်ပုံက ဒို့ဥစ္စာပစ္စည်းရွှေငွေတွေကို လုံခြုံဆုံးနေရာက လူသူမနီးတဲ့ ဘယ်သူမှ မထင်မှတ်တဲ့နေရာရှာကြရအောင်ပေါ့...လင်မယားနှစ်ယောက် တွေးတောလိုက်ပုံက လူသူမနီးတဲ့ မထင်မှတ်တဲ့နေရာဆိုလို့ သုဿာန်ဘဲရှိတော့တယ် ....
အေး ဟုတ်သားဘဲ ရှေးက သုဿာန်ဆိုတာ လူသူတွေက အခုလို လိုက်ပြီးမြေတူးဖို့မြုပ်တဲ့ သုဿာန်မဟုတ်ဘူးလေ မှော်ဆရာက သေသူခေါင်းမှာ ခေါင်ယမ်းပန်းလေးပန်ပြီး မှော်ဂါထာနဲ့ စုပ်ကာ လက် သို့မဟုတ် ပါးစပ်ထဲ ပိုက်ဆံ ကုတို့ခလေးပေးပြီးလွှတ်လိုက်တာ လူသူမနီးတဲ့နေရာ ရောက်လျင် သူ့အလိုလိုလဲကျပြီး သေသူအတိုင်းဖြစ်သွားတာပေါ ဘယ်သူမှလည်းမပါလာဘူးလေ လူသူမနီးတဲ့ တောမှာမြေလည်းမမြုပ်ဘူး ဒီအတိုင်းဘဲ ထားထားကြတာ အဲဒီနေရာနားကိုလည်း ဘယ်သူမှမလာဘူးလေ ဒါဆို ဒို့ရှိတဲ့ရွှေငွေ ဥစ္စာတွေကို သုဿာန်မှာဘဲမြုပ်လိုက်ကြတာပေါ့ ....
ဒီလိုနဲ့ အနီးနားမှာ လမ်းသွားလမ်းလာတစ်ယောက်က ကြားသွားသတဲ့ ဒီတော့ အမြဲလိုလို ချောင်းနေသတဲ့ တစ်ခုသော ညနေမိုးချုပ်ချုပ်မှာ ပေါက်ပြားတူရွင်းကိုယူ၍ ခွေးသေကောင်ပုတ် အသွင်နဲ့ အထုတ်တစ်ထုတ်ကိုတရွတ်တိုက်ဆွဲသားသတဲ့ .....
ဒီလိုအသွင်ကိုမြင်တော့ ဒါဟာအဆန်းဘဲ လူသေကောင်ကိုတောင်မြုပ်တဲ့ခေတ်မဟုတ်ဘူး ဒီအထုတ်ဟာ ရတနာတွေဘဲဖြစ်ရမယ်ဆိုပြီး ချောင်းမြောင်းကာ နောက်ကလိုက်လာသတဲ့ ....
သူတို့လင်မယား တွင်းတူးနေခိုက် နောက်ကလိုက်လာတဲ့ လူလည်က အနီးထိရောက်လာသတဲ့ အဲဒီမှာ တွင်းတူးနေစဉ် မိန်းမဖြစ်သူက အမှတ်တစ်မတ်မြင်လိုက်သတဲ့ “ဟဟ...! .ဟိုမှာလူလူ”
ယောကျာင်္းက ရှင်မကလည်းကွာ ဟိုမှာခေါင်ယမ်းပန်းပွင့်ကြီးပန်ထားတာ မတွေ့ဘူးလား လူသေပါကွာ.....
“ဟုတ်ရဲ့လားတော်”
“ဟုတ်မဟုတ် စမ်းကြည့်ချင်တယ်တော့”
“အေးလေ ဒါဆိုလည်း နာရွက်လေးဖြတ်ကြည့်လိုက် မလှုပ်ရင် သူသေပေါ့ကွာ”
“လှုပ်မလှုပ် နားရွက်ဖြတ်ကြည့်တော့ မလှုပ်ဘူး”
ထိုနောက်ကလိုက်လာသူမှာ နားရွက်ကိုဖြတ်ပြစ်ပေမည့် တုန်လှုပ်မှုမရှိဘဲနေလေသတဲ့..
ဒါနဲ့ သူတို့လည်း ဥစ္စာထုပ်ကိုမြုပ်ပြီး ပြန်သွားကြသတဲ့...
ထိုလင်မယား နစ်ယောက်လည်းပြန်သွားရော ဥစ္စာထုတ်ကို နောက်ကလိုက်လာသူက
တူးဖော်ပြီးယူဆောင်သွားသတဲ့....
ဒါနဲ့ (၂)လကြာ သောအခါ ထိုသူ ဥစ္စာထုတ်ယူသူနှင့် ဥစ္စာထုတ်မြုပ်သူ ယောင်္ကျားတို့ လမ်းခုလပ်မှာတွေ့သတဲ့ .....
ထိုယောကျာင်္းက လူချမ်းသာ ဒါပေမည့် သူတွေ့ဘူးခဲ့တဲ့ သုဿာန်မှာနားရွက်ဖြတ်ခဲ့တဲ့ လူသေနဲ့အတော်ကို ဆင်တာဘဲ ဒါကြောင့် စမ်းသပ်ချင်စိတ်ပေါက်လာတော့ မေးခွန်းထုတ်လိုက်သတဲ့ အမောင်ဘယ်သွားမလို့လည်း .....
“ထိုသူက ကောဠိယရွာသွားမလို့.....”
“အဲဒီတော့ ဟာ ! ... တူလိုက်တာ...”
“အကျွန်ုပ်လည်း အဲဒီရွာကဘဲ..”
“တူမှာပေါ့....
“အမောင်ကလည်း အောင့်နိုင်လိုက်တာနှောင်ကြီးရာ”
“အောင့်နိုင်လို့ချမ်းသာတာပေါ့.....”
တစ်ဖက်လူကပညာရှိတော့ သူမေးတိုင်း အထာနဲ့ဖြေပေးရှာသတဲ့ ထိုခေတ်က ဘယ်သူ့ကို စကားပြေားပြေား အထာနဲပြေားလေ့ရှိသတဲ့ ...
ဒါနဲ့ ရွာကိုရောက် အိမ်ကိုချက်ချင်းပြန်ပြီး မိမိဥစ္စာမြုပ်ထားတဲ့ သုဿာန်ကိုသွားတူးကြည့် တော့ ဥစ္စာထုတ်တွေမရှိတော့ဘူး .....
ထိုဥစ္စာထုတ်မြုပ်တာလည်း ဘယ်သူမှမသိ ခိုးယူသွားတာကိုလည်း ကိုယ်တိုင်မမြင်ရ ဒီလို ဆင်းရဲသားမိသားစုက အမွေတွေရလာတာကိုလည်း ရွာထဲကမသိ ဒါနဲ့မိမိတို့ဥစ္စာတွေ ဆုံးရှုံးခဲ့ရတယ် (အဆိုလည်းရှိတယ်လေ ရေအဆုံး ကုန်းတစ်ဝက်တဲ့ )ကုန်းမှာတစ်ဝက်တောင်မကျန် တော့ဘူး ဘယ်လိုမှလည်းပြေားလို့မရဘူး....
ဒါကြောင့် ကျွန်တော်တို Steemit မိသားစုတွေလည်း မိမိတို့ စာမူတွေရေးလို့ရတဲ့ ဥစ္စာတွေကိုမပြောက်ပျက်အောင် ဘယ်လိုထိမ်းသိမ်းရမည်လည်း free token တွေကို ဘယ်လိုယူရမည်လည်း coin တွေကို ဘယ်လိုယူပြီးထိန်းသိမ်းမလည်း vote ပေးတိုင်းလည်း တိုးတက်တာမဟုတ်ဘူ တစ်နေ့ကို 11 vote ဘဲပေးလို့ရတယ် ဒါဆို 100% ပေးသူကလည်း တစ်ရက်မှာမိမိနစ်သက်တဲ့စာမူကိုဖက်ပြီးမှ vote သင့်တယ်၊ တွေ့ကရာ vote နေရင် vote ခံရသူကလည်းအကျိုးမရှိ၊ vote ပေးသူကလည်း မိမိလည်းအကျိုးမရ သူတပါးလည်းအကျိုးမဲ့ ဖြစ်နေတယ်....
Transferring tokens တွေကိုလည်းမှားပြီးမလွဲကြနဲ့ ETH တွေကိုလည်း မှတ်ထားကြပါဦး ဒါကြောင့် crypto၊ discord၊ telegram အကြောင်းစသဖြင့် နားလည်အောင် အရင်ပညာတက်အောင်သင်တော်မူကြပါဦး ချက်ချင်းကြီးငွေလိုချင်တိုင်း ရှောက်မလုပ်ပါနဲ့ဦး အောင့်တော်မူကြပါဦး.....
အောင့်နိုင်မှချမ်းသာမှာပါ စာတွေကိုလည်း အသစ်တွေဘဲ ဆက်လက်ရေးသားကြပါဦး ငွေမရလည်း Reputation (ဂုဏ်သိက္ခာ) တော့တက်လာမှာပါ ...
အထက်မှာပြခဲ့တဲ့ ရွာသားပညာမဲ့တို့အကြောင်းကိုနမူနာယူရင်း....
လေထဲမှာလည်း လူလိမ် သူခိုးများရှိနေကြောင်း ဘယ်သူကိုမှသွားပြီးတိုင်လို့မရပါ။ ဒါကြောင့် မိမိတို့ပညာရေး ကိုအရင်ကျိုးစားအားထုတ်ထားကြပါလို့တောင်းဆိုရင်း အောင့်တော်မူကြပါဦးလို့...

@chirstonawba (10-4-2018) 9:12 AM

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အောင့်တော်မူကြပါဦး

wo

Posted using Partiko Android