အဗဗ ၊ အဋဋ ၊အဟဟ (တို့သွားရာလမ်း)

in myanmar •  4 years ago  (edited)

အဗဗ ၊ အဋဋ ၊အဟဟ (တို့သွားရာလမ်း)

ယနေ့ အွန်လိုင်းမီဒီယာ လူ့အဖွဲ့စည်းတစ်ခုမှာ နိုင်ငံရေးအင်အားတွေပြိုင်လာကြတာ ယခုအချိန်အခါသည် အလွန်ပြင်းထန်သောအချိန်အခါလို့ ဆိုရပေမည်။ လူတို့ဟာ တစ်ဦးနှင့်တစ်ဦး အမနာပတွေပြေားလာကြ လူတွေတင်လားဆိုတော့ မဟုတ်ပေ၊ တစ်ချို့ စာသင်သားရဟန်းငယ်တွေပါ ပါဝင်လာကြတာတွေ့ရတယ် မိမိတို့အားသန်ရာ စာပေတွေကိုရေးကြရင်း တစ်ချို့ပုဂ္ဂိုလ်တို့၏ ရိုင်းပြစွာပြေားဆိုမှု စိတ်တိုစိတ်ဆိုးအောင် တမင်ရည်ရွယ်၍ စကားနာထိုးမှု တွေကြောင့် လမ်းမှားရောက်သွားကြသူ လည်းရှိသလို ပြန်လည်ချေပပြေားဆိုသောအခါ ယဉ်ကျေးစွာပြေားဆို ဆုံးမပြီး အမှန်ဘက်တွန်းတင်သူ တွေလည်းရှိကြတယ် အခုတလော တွေ့နေရတာကတော့ "အဆဲကမ္ဘာ ပြည်မြန်မာ" ဖြစ်နေလို့ပါဘဲ ဒီစာကို ရေးဘို့လုပ်နေတာ အတော်ကြာသွားပြီ.....

![FB_IMG_1574074961639.jpg](UPLOAD FAILED)

"အမှားတစ်ခု ၊ ချွတ်ချော်ပြုက
အခုများစွာ ၊ မှားသံသရာတို့
ထပ်ကာရစ်ပတ် ၊ ဖြစ်လာလတ်၏
ကြပ်ကြပ်သတိ ရှိကြစေ။"

ဘုရားလက်ထက်က ပြေားမရ ဆိုမရ ကောကာလိက တူရုပစ္စေကဗြဟ္မာက ကောကာလိကကို ဆုံးမပြေားပြပုံ သွားသတိရတယ် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း ၊ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ အမျိုးမျိုးလုပ်နေသောသူမိုက် အပြစ်ကိုဆီလို အပေါက်ရှာ ပြေားတက်သည့်အလေ့ရှိသူ ၊ထိုပုဂ္ဂိုလ်သည် အပြစ်များ၍ ချမ်းသာဆိတ်ကာ ငရဲလား၏...
ကောကာလိကသည် ရဟန်းအချင်းချင်း ယုတ်မာသောစိတ်ဖြင့် အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲပြစ်မှား ကဲ့ရဲ့သော ရဟန်း လူမိုက်ဖြစ်သည်၊ သို့အတွက်ကြောင့် ကောကာလိကသည် ရဟန္တာတို့ကို စွပ်စွဲပြစ်မှားသော ရှုတ်ချသော အရိယူပဝါဒကံဖြင့်သေလွန်၍ ပဒုမငရဲသို့ ကျရောက်သွားလေသတက်....
ယနေ့တွင်လည်း သံဃာတော်များကို ပြစ်မှား ကဲ့ရဲ့ရှုတ်ချ အပြစ်ရှာသူတို့ကား ထိုသို့ ပဒုမငရဲသို့ လားရောက်ဖွယ်ရှိပြီ ၊မြန်မာပြည်တွင် ယနေ့အချိန်၌ ရဟန်းသံဃာ အချင်းချင်းနှင့်လူတို့ တစ်ဦးနှင့်တစ်ဦး ကဲ့ရဲ့ ပြစ်တင် လျက်ရှိရာ စိတ်မကောင်းဖွယ်ရာတွေ့နေရသည်။ ထိုသို့ ပြစ်တင်ကြခြင်းဖြင့် အကုသိုလ် တိုးပွားကာ ငရဲသို့ ကျရောက်ဖွယ်ရာသာရှိတော့သည်။

အဘယ်သို့သော ငရဲသို့လားရောက်နိုင်သနည်း ? 
အမှားကို အမှန်။ အမှန်ကိုအမှား ကဲ့ရဲ့ပြစ်တင် ။ပြေားဆိုကာအယူမစွန့်သူတွေသည် တမလွန်ဘဝရောက်သော် ပဒုမငရဲသို့သာ လားရောက်ဖွယ်ရှိသည် အပြစ်အကြီးအသေးကား ပြုသည့်လုံ့လပေါ်တွင်သာမူတည်သည်....
ပဒုမငရဲသတ်တမ်းကို လေ့လာလျှင်အဘယ်မျှရှိသည်ဟူ၍ အတိအကျဖော်ပြရန် မလွယ် ၊ဉပမာတစ်ခုဖြင့်သာပြရန်မှာ- ကောသလတိုင်းအသုံးနှုန်းအရ ထိုခေတ်သုံးသည့်သင်္ချာမှာ (''တို့''ဖြစ်သည်)၊ "တို့''နှစ်ဆယ်တင်ထားသော(တစ်တို့လျှင်လေးတင်းရှိသည်၊ တို့နှစ်ဆယ်ဆိုတော့ တင်း (၈၀)ရှိသည့်) လှည်းပေါ်မှာ၊ နှမ်းစေ့တို့ကို အနှစ်(၁၀၀)မှ (၁)စေ့ထုတ်ပယ်သဖြင့် လှည်းပါ်မှာ နှမ်းစေ့ကုန်သွားရာ၏။ ထိုနှမ်းစေ့ကုန်သွားသော်လည်း အဗ္ဗုဒငရဲ သက်တမ်း မကုန်သေးပေ..... 

---- အဗ္ဗုဒငရဲသက်တမ်း(၂၀)တို့သည် နိရဗ္ဗုဒငရဲတစ်ခုသက်တမ်း တစ်ခုဖြစ်သည်။

----နိရဗ္ဗုဒသက်တမ်း (၂၀)တို့သည် အဗဗငရဲသက်တမ်း တစ်ခုဖြစ်သည်၊

----အဗဗငရဲသက်တမ်း (၂၀)တို့သည် အဋဋငရဲသက်တမ်း တစ်ခုဖြစ်သည်။

----အဋဋငရဲသက်တမ်း (၂၀)တို့သည် အဟဟငရဲသက်တမ်း တစ်ခုဖြစ်သည်။

----အဟဟငရဲသက်တမ်း(၂၀)တို့သည် ကုမုဒငရဲသက်တမ်း တစ်ခုဖြစ်သည်၊

---- ကုမုဒငရဲသက်တမ်း (၂၀)တို့သည် သောဂန္ဓိကငရဲသက်တမ်း တစ်ခုဖြစ်သည်၊

---- သောဂန္ဓိကသက်တမ်း (၂၀)တို့သည် ဉပ္ပလကငရဲသက်တမ်း တစ်ခုဖြစ်သည်၊

---- ဉပ္ပလကငရဲသက်တမ်း (၂၀)တို့သည် ပုဏ္ဍရိကငရဲသက်တမ်း တစ်ခုဖြစ်သည်၊

---- ပုဏ္ဍရိကငရဲသက်တမ်း (၂၀)တို့သည် ပဒုမငရဲသက်တမ်း တစ်ခုဖြစ်တော့၏...........

ငရဲသက်တမ်းတွေလည်းစုံသွားပြီ ယခုပြောချင်တာက သူတပါးကို ယုတ်မာသောစိတ်ဖြင့် ကဲ့ရဲပြစ်တင် ချီးမွမ်းလုပ်တဲ့နေရာမှာ ကိုယ်နဲ့မတည့်သူကို နှိမ်ချ တည့်သူကိုမြှောက်စား မတော်မတရား အကောင်းကို အဆိုးမြင်အောင်ပြေား အဆိုးကို အကောင်းမြင်အောင်ပြေား အမျိုးမျိုးအဖုံဖုံ ပြေားဆိုနေကြတာ ရဟန်းရယ် လူရယ် မခွဲခြား အကုန် ဝစီကံလေးပါးလုံးကျူးနေကြပြီ အဲ့ဒီအထဲမပါအောင် ရှောင်နိုင်သူအလွန်နည်းကြပြီ မသိလို့မရှောင်၊ မသိတာကို သိအောင်ပြေားရမှာက ရဟန်းအလုပ် နားမထောင်တာ/ထောင်တာက နာသူအလုပ် နာသူတွေ ငရဲမှလွတ်၍ မနာခံသူတွေ ငရဲကျရိုးထုံးစံ ဗုဒ္ဓကဆုံးမတယ် နားမထောင်သူတွေ ငရဲလား၍ နားထောင်သူတွေ ငရဲမှလွတ်လိမ်မည် လွတ်အောင်ရုံးဘို့ကတော့ သင်တို့တာဝန်သာဖြစ်တော့သတည်း။............

မှတ်ချက်။ ။ ယုတ်မာသောစိတ်ကိုဆောက်တည်ခြင်း၊ကဲ့ရဲ့ခြင်း၊ယုတ်ညံ့သောစကားပြေားခြင်း

သဂါထာဝဂ်သံယုတ်ပါဠိ၊နှာ၊၁၅၂-၁၅၄။ ဇာတက ဌ၊စတုတ္ထတွဲနှာ-၂၄၇။

chirstonawba

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!