ပုဂံဘုရားဖူး 2steemCreated with Sketch.

in myanmar •  7 years ago 

ဗ္ဗုညုဘုရားကနေပြန်အထွက်မှာအနုပညာလက်ရာတွေအမြောက်အများတည်ရှိတဲ့ အာန္ဒနာဘုရားကိုသွားရောက်ဖူးမျော်ကြပါတယ်ဘုရားကိုအရင်မရောက်သေးခင်အဝေးကမြင်ရုံနဲ့အနုပညာလက်ကာတွေဟာအံမခန်းပါပဲ ကနုတ် ပန်းဆွဲ ပန်းပုတွေဟာစေတီတော်အနှံ့ထုဆစ်တန်ဆာဆင်ထားတာကိုတွေ့လိုက်ရတယ် ဘုရားမုဒ်ဦးရှေ့ရောက်ပီဆိုတာနဲ့ အာန္ဒနာဘုရားကြီးဆိုပြီးလျက်စစ်မီးဘုတ်ဖြင့်ကုသိုလ်ယူထားတာကိုလည်းတွေ့ရပြန်ပါတယ်မုဒ်ဦးရဲ့မြောက်ဘက်မှာတော့ အညာဇီးယိုတွေ
ရေခဲချောင်း/ အသုပ်စုံစတာတွေနဲ့ဘဝကိုရုန်းကန်ရေတဲ့ဘဝတွေများစွာ... ဒါတွေဟာလည်းလူသားတစ်ယောက်အဖို့ လောကဓံကိုရုန်းကန်နေရတဲ့ ပြယုဒ်တွေပါပဲ ဆန္ဒဟာဘဝနဲ့ဘယ်တော့မှထပ်တူမကျ ကံဆိုတာ အလုပ်ကိုဖော်ညွန်းနေသယောင်ပါပဲ...ဒါကလောကကြီးရဲ့တစိတ်တပိုင်းပါ...ထို့နောက်အာန္ဒနာဘုရားကြီးအတွင်းလှည့်လည်ဖူးမျော်ရာ လိုင်ခေါင်းများထားရှိပြီး အတွငိးလှိုင်ဂူနရံများတွင် ဗုဒ္ဓရုပ်ပွားတော်များ
ဖွားမြင်ခန်းကနေ ပရိနိဗ္ဗာန်စံဝင်ခန်း အထိ ထုလုပ်ပူဇော်ထားတာကိုလည်းတွေ့မြင်ရမှာပါလှိုင်ဂူအတွင်းမှာတော့ရပ်တော်မူရုပ်ပွားတော်လေးဆူကိုအသွင်သဏ္ဍန်ကွဲပြားစွာဖူးမြင်ရမှာပါ
ကြီးမားလှစွာသောရုပ်ပွားတော်တွေနဲ့အတူ သစ်သားတခါးကြီးလေးခုကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ် ဒါတွေဟာ ရှေးခေတ်မြန်မာမင်းတွေရဲ့ ထည်ဝါမှု ရာဇဘုန်းတန်ခိုးကြီးမှုနဲ့ အဆင့်တန်းမြင့်မားလှသောလူနေမှုတို့ကျိုက်ကွယ်မပြုနိုင်လောက်အောင် သကိသေများပင်ဖြစ်ချေပြီလေ...အာနန္ဒာဘုရားကနေဆက်လက်ထွက်ခွာလာရာဇေယျသင်္ခယာမင်းခေါ် နားတောင်းများမင်းတည်ထားတဲ့ ထီးလိုမင်းလိုဘုရားကိုရောက်ရှိပါတယ်အစကတော့နားမလည်ခဲ့ဘူးဘာလို့များဒီနာမည်ပေးထားပါလိမ့်ဆိုပြီးစိတ်ထဲမှာမတင်မကျနဲ့. မေးကြည့်မိတော့ ဘုရားတည်ပြီး ထီးတင်မဲ့မင်းမရှိတာကိုအကြောင်းပြုပြီး ထီးလိုမင်းလိုဘုရားလို့ အမည်တွင်ခဲ့တာဖြစ်ကြောင်းသိခဲ့ရတယ် ဘုရားမဖူးနိုင်သေးဘူး...ဗိုက်တွေဆာလာတာကြောင့် နီးရာကြည့်မိတော့မုနိ့ဟင်းခါးဆိုင်လေးတွေ့တယ် ဖော်ရွေကြပါတယ် အဲဒီအချိန်မှာပဲကားလိုက်မိတာကအရီးလေးလို့ခေါ်သံ ကြည့်မိတော့ဦးလေးကြီးတယောက်ကိုခေါ်နေတာ မသေချာလို့စပ်စုမိတော့ အညာမှာအရီးဆိုတာဦးလေးကြီးတွေကိုခေါ်တာတဲ့... အဟီး...အတော်ရီရသဗျာ ကျွန်တော့်တသက်မကြားဖူးတာတွေကြားနေရတယ်ဒါနဲ့ဘုရားတွေဖူးရင်းဧရာဝတီမြစ်ဆိပ်နားက ဗူးဘုရားကိုညနေခင်းပိုင်းလေးမှာရောက်သွားခဲ့တယ် ဘြော်...ဆိုပြီးသက်ပြင်းတချက်ချမိတယ်
နေဝင်တော့မယိလေ ဘဝဆိုတာလဲ နေမဝင်ခင်ရုံးကန်ရတာမလား..င်္သခါရတရားကို စိတ်ထဲမှာလက်ခံမိလိုက်ပါတယိ....ဒါနဲ့ဗူးဘုရားစေတီကိုဖူးမျော်ရင်း ဧရာဝတီမြစ်ကြီးကိုကြည့်ရင်းမဖြစ်မနေသွားချင်တဲ့နေရာလေးတခုကိုခပ်မြန်မြန်သွားဖို့စဉ်းစားမိတာနဲ့ချက်ချင်းဆိုသလိုထွက်လာခဲတယ်လူတိုင်းသိပေမယ့် တန်ခိုးကြီးဘုရားမဟုတ်တဲ့အတွက်သွားရောက်ခြင်းနည်းပါးခဲ့တဲ့စေတီတဆူပါ ရာဇကုမာရမင်းသားသူ့မိခင်သမ္မူလမိဖုရားအားရည်စူးပြီးတည်ထားခဲ့တာပါ သမ္မူလမိဘုရားဟာကန်စစ်သားမင်းထွက်ပြေးတိမ်းရှေင်စဉ်ကာလက ကျွေးမွေးစောက်ရှောက် ကာ ကျန်စစ်သားမင်းရဲ့ဇနီးဖြစ်ခဲ့ဖူးပြီး သားယောက်ကျာင်္လေးမွေးရင်ပုဂံပြည်လိုက်ခဲ့ဖို့မှာကြားခြင်းခံရတဲ့မိဖုရားတဦးပါ ဒါပေမယ်ကျန်စစ်သားမင်းဖြစ်တဲ့အခါနောက်ဆုံးမှမိဖုရားအရာရခဲ့တာကြောင့် သားတော်ရာဇကုမာရမင်းသားကမိခင်အားရည်စူးကာ အပ္ပါယ်ရတနာဘုရားကိုတည်ထားခြင်းဖြစ်ပါတယ် ကြည်နူးမိတယ် မိခင်နဲ့သား မေတ္တာ ပေါ်လွင်စေခဲ့တဲ့ အတိတ်ပါ ယခုတော့ဒါဟာရာဇဝင်တခုလိုပါပဲ ဒီလိုနဲ့ညနေ7း00တိတိမှာတော့ကျွန်တော်တို့ရဲ့ပုဂံဘုရားဖူးအစီအစဉ်လေးပြီးဆုံးလို့ မွေးရပ်ဌာနေသို့ပြန်ခဲ့ရပါတယ် စိတ်ထဲမှာတော့ကြည်နူးမှုတွေ လွမ်းစွတ်မှုတွေနဲ့အတူ မှုင်းပျပျသာကျန်ခဲ့တဲ့ပုဂံမြို့လေးကို ငေးကြည့်နုတ်ဆက်ရင်း........
မေတ္တာများဖြင့်......chitminthu.....20170902_184822.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာတွေ ဆက်တိုက်ကြီး ရေးထားတော့ ဖတ်ရတာ လွဲနေတယ်ဗျာ။ မြန်မာစာကို အဖြတ်အတောက် မှန်မှန်ရေးစေလိုပါတယ်။

တင်ပြထားတာကောင်းပါတယ်။

ကြိုးစားပါ့မယ်ဗျ ကျေးဇူးတင်ပါတယ်

ခရီးသွားဆောင်းပါးတွေကိုကြိုက်ပါတယ် အားပေးပါတယ် စာများကို စာပိုဒ်လေးတွေခွဲ ရေးလုက်ရင် စာတွေဖတ်ရတာ ရှင်းရှင်းလင်းလင်းဖြစ်မယ်ဗျ အကြံပြုခြင်းပါဗျာ အောင်မြင်ပါစေ