အလောင်းတော်ကသပ ခရီးစဉ် (3) ဆက်ရေးပါ့မယ်ရှင်
နေ့လည်စာ ထမင်းစား ပြီး ကျမတို့ ကားလေး ခရီးဆက်ခဲ့ ကြတယ် အဲ့ဒီနောက် မိုးညှင်းသမ္ဗုဒ္ဓေ ဘုရား ကို သွားရောက် ဖူးမျှော်ခဲ့ ကြတယ် မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားမှာ ဘာတွေ ပေါလည်း ဆိုရင် ခွေးလျှားသီး အစေ့လှော်နဲ့ ဇီးသီးခြောက်ပေါတယ် ခွေးလျှားသီး အစေ့လှော်ဆိုရင် ကျမတို့ အောက်ပြည်မှာ အရမ်းဈေးကြီးပေမယ့် အထက်ဘက်မှာတော့ တော်တော်လေး ဈေးသက်သာတယ် ကျမတို့ဆီမှာ တစ်ဗူး 1500လောက်ပေးရတဲ့ ခွေးလျှားသီးစေ့က အထက်ဘက် မုံရွာဘက်မှာ တစ်ပြည်မှ နှစ်ထောင်ပဲရှိတယ် ခွေးလျှားသီးက ဆေးဘက်ဝင်တဲ့အတွက် ကျမတို့ ခွေးလျှားသီးတော့ များများဝယ်လိုက်တယ် ခွေးလျှားသီး ဟာ အာရုံကြောနဲ့ပတ်သတ်တဲ့ ရောဂါတွေ အပြင် ကင်ဆာ ရောဂါကိုပါ ပျောက်ကင်းစေနိုင်ကြောင်း ဆေးစာအုပ်တွေမှာ မှတ်သားခဲ့ရတဲ့အတွက် များများလေး ဝယ်ခဲ့တယ်
နောက်ဆုံး ညနေလည်း စောင်းခါနီးတော့ ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်ကို တက်ခဲ့ကြတယ်
အဲ့ဒီကနေ မုံရွာရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ပုလဲဘက်မှာ တည်ရှိတဲ့ ရွှေဆံပင် ဘုန်းကြီးကျောင်းကို ညအိပ်ရက်နားဖို့ အတွက် သွားခဲ့တယ်
ညနေ 6နာရီလောက်မှာ ရွှေဆံပင် ဘုန်းကြီးကျောင်းကို ရောက်ခဲ့တယ် ဘုန်းကြီးကျောင်းမရောက်ခင် ကားပေါ်က စပယ်ယာ ကမိုက်တစ်လုံးနဲ့အော်တယ် မနက်ဖြန် မနက် 3နာရီမှာ အလောင်းတော်ကသပ သို့သွားရောက်မည်ဖြစ်တဲ့အကြောင်း ယခုစီးလာသော ကားများနှင့် မဟုတ်ပဲ တောင်တက်ကားများစီစဉ်ပေးထားကြောင်း ည ရေချိုး ထမင်းစား ပြီး ချိန် ရွှေဆံပင် ဆရာတော်ကြီးမှ သြဝါဒတရား မိန့်ကြားမှာ ဖြစ်ကြောင်းကို ကျမတို့ စီးနှင်း လိုက်ပါလာတဲ့ ဘုရား ဖူးအဖွဲ့အား ပြောကြားလိုက်တယ်
ရွှေဆံပင် ဘုန်းကြီးကျောင်း ရောက်တဲ့ အခါမှာတော့ ကိုယ့်အိတ်တောင် ကိုယ် ဆွဲစရာမလိုဘူး အဲ့ဒီမှာရှိတဲ့ ပညာဒါနကျောင်းမှာ လာသင်နေတဲ့ ကျောင်းသားလေးတွေက ကျမတို့ရဲ့ အိတ်တွေကို ကူပြီး ဝိုင်းသယ်ကြတယ် တည်းဖို့ နေရာရောက်တော့ လည်း စောင် ခေါင်းအုံး ဖျာ အစဉ်သင့် ခင်းပြီးသား အစဉ်ပြေလိုက်တာ ပြောမနေနဲ့
ကိုယ်နေရမယ့် နေရာရောက်တော့ အိတ်တွေချ အကျီင်္လဲ ခဏနား ပြီး ရေချိုးဖို့ သွားခဲတယ် ရေချိုးတဲ့နေရာရောက်တော့ လည်း ရေအပြည့် ရေချိုးခန်း 5ခန်း ကာပေးထားတယ် ပင်ပင်ပန်းပန်း နဲ့ ရေကလည်း အတော်လေး ချိုးကောင်းတယ်ရှင့်
ရေချိုးပြီး ထမင်းစားချိန်ရောက်တော့ ထမင်းသွားစားတော့လည်း ဟင်းတွေကလည်းကောင်း ငဖယ်ဟင်း ကြက်သားဟင်း ဝက်သားနဲ့အာလူး မျှစ်တို့ ရောထားတဲ့ အညာဟင်း အချဉ်ဟင်းချို အစိမ်းကြော်
အစုံပါပဲ 65000ကတော့ ပိုးစိုးပက်စက် တန်ပါတယ် ထမင်းဆိုလည်း ကိုယ်ခူးစားစရာမလိုဘူး လုပ်အားပေးလူငယ်လေးတွေက သူတို့ကိုယ်တိုင် ထမင်းခူးခပ်ပြီး သေချာ ထည့်ပေးကြတယ် ကိုယ့်ဘဝက အဲ့အချိန်မှာ နတ်ပြည်ရောက်သလိုပဲ ရေလာထည့်ပေးသူနဲ့ ယပ်ခတ်ပေးသူနဲ့ 😁😁😁
ထမင်းစားပြီးတော့ ရွှေဆံပင် ဆရာတော်ကြီးရဲ့ သြဝါဒတရားနာ ဖို့ သွားခဲ့ကြတယ် တရားနာချိန်ကြတော့ ဆရာတော်ဘုရား အပြင်ထွက်လာပြီး နမောတသ (3) ကြိမ်ရွတ် ဘုရားကန်တော့ပြီး တရားပွဲ စတင်ခဲ့တယ် အဲ့ဒီမှာ ဆရာတော်ကြီးကဘာပြောလည်းဆိုရင် အခုလို ဘုရားဖူး ခရီးစဉ်လုပ်ပေးရတဲ့အကြောင်းအရင်းကတော့ ရန်ကုန်ဘက်နဲ့ နယ်ဘက်က ဆံပင်အလှူရှင်တွေ အတွက်ရည်စူးပြီးလုပ်တာဖြစ်ကြောင်း မိမိရဲ့ဆံပင်တွေ လှူဒါန်းလိုက်ပြီး ဘယ်ရောက်သွားမှန်းမသိ ဖြစ်နေတာမျိုးတွေ မဖြစ်ရလေအောင် သူတို့ရဲ့ ဆံပင်အလှူဟာ မွန်မြတ်တဲ့ အလှူတွေဖြစ်ကြောင်း ထို ဆံပင်များကို အလှူခံပြီး တံတားဆောက် လမ်းဖောက်ခဲ့သည်မှာ 7နှစ်တိုင်ပြီဖြစ်ကြောင်း တံတား အစင်း ရေ 200ကျော်ဆောက်လုပ်ပြီး ဖြစ်ကြောင်း ယခု ဘုရားဖူး လုပ်ပေးရခြင်းမှာ ယခင်က လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်သည့်အတွက် အလောင်းတော်ကသပ ဘုရားဖူးများမှာ အင်မတန် ဒုက္ခရောက်ကြရကြောင်း ဖူးမြော်ချင်ပြီး မဖူးမြှော်ရကြောင်း ထိုကဲ့သို့သောအခက်အခဲ များစွာအား ဘုန်းကြီးမှ ဦးဆောင်ပြီး ကုသိုလ်လုပ်ပေးနေကြောင်း ယခု ဘုရားဖူး ခရီး အခကြေးငွေမှာ အင်မတန် သက်သာကြောင်း မိမိ ကားနဲ့မိမိလာမည်ဆိုလျှင် နေစရာ စားစရာ နဲ့တင် 1သိန်းခွဲ ဝန်းကျင်လောက်ကုန်နိုင်ကြောင်း ဘုန်းကြီး မှာ အမြတ်အစွန်းတစ်ပြား မှ မယူပဲ ကားခနှင့် ထမင်းဖိုးသာ ယူ၍ အလောင်းတော်ကသပ ဘုရားအား ဖူးမြှော်နိုင်အောင် ကုသိုလ်ဖြစ် ပြုလုပ်ပေးတာဖြစ်ကြောင်း
ယခု လာသော ဘုရားဖူးတွင် ကုသိုလ်သာ ရစေလိုကြောင်း မိမိကြောင့်လည်း သူတပါး စိတ် အနှောက်အယှက် မဖြစ်စေပဲ သူတပါးကြောင့်လည်း မိမိကုသိုလ်မပျက်စီးစေချင်ကြောင်း သြဝါဒ အမှာစကားပြောကြား ရင်း သာဓု သုံးကြိမ်ခေါ်ပြီး သြဝါဒတရား သိမ်းခဲ့တယ်
အပိုင်း 4ကို နောက် proမှ ဆက်လက် ရူစားပါရှင်
MSC 231
@coralbright
Photo by Thandar
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
ကုသိုလ်အများကြီးရတဲ့ခရီးစဉ်ပါရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ချစ်မ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကုန်ကြမ်းတွေ အများကြီးရခဲ့တာပေါ့နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကုန်ကြမ်းတွေမကုန်နိုင်တော့ဘူး:-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခွေးလေးယားသီးအစေ့ တစ်ထောင်ဖိုးလောက်ဝယ်ချင်လို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဟုတ်လား ပြောပါဗျာ ပို့ပေးပါ့မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောင်တော်ကသပတော့ရောကိဖူးဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေပါတယ်။အပိုင်း၎ ကို မျှော်နေပါ့မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မုံရွာရောက်တာ ဆရာ့ကိုမဆက်သွယ်ဘူးနော် မေ့ထားတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Pls f/w back me& upvote. . Sis😍😍@chitsone
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit