Depression

in myanmar •  7 years ago 

Depression

ဒီနေ့တော့ Depression အကြောင်းလေး ဆွေးနွေး ချင်တယ် Depression လို့ပြောတဲ့ အခါမှာ ဒီနေ့ လူတော်တော်များများဟာ Depression ဝင်နေကြတယ် အဲ့ဒီထဲမှာ ကျမရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့် လူတွေနဲ့ ကျမ သူငယ်ချင်းအပေါင်းအသင်းတော်တော်များများမှာ တွေ့ရတယ် Depression ဖြစ်တဲ့ လူတော်တော်များများ ဟာ ကိုယ်ကိုကိုယ် အလိုမကျတဲ့ သူတွေ အရာရာကို စိတ်တိုင်းမကျတဲ့သူတွေ ပြီးတော့ အပြောကြီးတဲ့သူတွေ အဲ့လိုအပြောကြီးတယ်ဆိုတာကတော့ မဖြစ်လာသေးတဲ့အရာကို အများသူငါ ရှေ့မှာ ငါကတော့ဒါကြီးဖြစ်အောင်လုပ်မယ်ကြည့်ထားလိုက်တို့ဘာတို့ပြောတဲ့သူတွေပေါ့ အလုပ်တစ်ခုဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ခက်တာတွေ တစ်ပုံကြီးပါ image
အဲ့လို အများသူငါရှေ့ပြောပြီး ဖြစ်မလာတဲ့ အခါမှာ သူတို့ အတွက် Depression စဝင်လာပြီ မဖြစ်ရလေသလားပေါ့ ငါကတော့ အားလုံးရှေ့မှာ ဝံ့ဝံ့ကြွားကြွားပြောထားမိတယ်ပေါ့ အဲ့လိုဖြစ်နေတဲ့ အချိန် သူစိတ်မှာ ဘယ်လိုဖြစ်လဲဆိုရင် ငါကိုများသူတို့ ဘာတွေ ပြောနေကြမလဲ ဆိုတဲ့ သံသယစိတ်တစ်ခုက အစပြုပြီး စိတ်ဓာတ်ပါကျလာမယ် လုပ်တဲ့ အရာတိုင်းကို မဝံ့မရဲဖြစ်လာမယ် အဲ့ဒီအချိန်မှာ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ဆိုရင်လဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတည့်တာတွေ ဖြစ်လာနိုင်တယ် ဒါတွေဟာ အလုပ်ရှိတဲ့သူတွေရဲ့ စကားကို မစဉ်မချင်ပြောမိတဲ့ အကျိုးရလာဒ်တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ Depression ပေါ့ image
နောက်တစ်မျိုးကတော့ အလုပ်လုပ်နေရင်းနဲ့ ကျန်းမာရေးကြောင့် အလုပ်နားလိုက်ရတဲ့သူတွေ သူတို့မှာကြတော့ ကျန်းမာရေးမကောင်းလို့ဖြစ်တဲ့ စိတ်ဓာတ်ကျမှုနဲ့ ကျန်းမာရေးမကောင်းတော့ အလုပ်မလုပ်နိုင် အလုပ်မလုပ်နိုင်တော့ ဝင်ငွေမရှိတဲ့အတွက် စိတ်ဓာတ်ကျမှုပေါ့ အရင်တုန်းကတော့ အလုပ်လေးလည်းရှိ ပညာလေးကလည်းတက်တော့ ဘယ်ကောင်မှ လူမထင်ဘူးဆိုတဲ့ အကွက်တွေ နင်းထားတဲ့ သူတော်တော်များများမှာ ဖြစ်ပေါ်လေ့ရှိတဲ့ Depression ပါပဲ သူတို့ကတော့ အဲ့အချိန်ဘာတွေးလဲဆိုရင် ငါကျန်းမာရေးကော ပြန်ကောင်းနိုင်ပါ့မလား ကျန်းမာရေးပြန်ကောင်းရင်ကော အလုပ်က ကောရနိုင်ပါ့မလား အဲ့အတွေးကစပြီး Depression စဖြစ်ပေါ်လာပါပြီ တချို့ဆို ကိုယ်ကိုကိုယ် သတ်သေတဲ့ အဆင့်ထိအောင်ဖြစ်သွားတာကို လည်းကြုံတွေ့ဖူးပါတယ် ဒါတွေဟာဘာကြောင့်ဖြစ်တာလဲဆိုရင် ကိုယ်ကျန်းမာရေးတွေ ကောင်းနေတဲ့ အချိန် အလုပ်တွေ ကောင်း ဝင်ငွေကောင်းနေတဲ့ အချိန်မှာ ငွေကိုမစုဆောင်း ထားတာရယ် လူမှုရေးတွေ မလိုက်ထားတာရယ်ကြောင့် ဖြစ်တာပါ လူမှုရေး မလုပ်ထားတဲ့ အတွက် ကိုယ်ကျန်းမာရေးမကောင်းရင်တောင် ဟင်းတစ်ခွက်လာပေးမယ့်သူမရှိပါဘူး
ကျမလည်း Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျမှုတွေ ဖြစ်ဖူးပါတယ် လွန်ခဲ့တဲ့ 2010ကျမ GTCပြီးခါစပေါ့ အလုပ်က 1နှစ်လောက်မရဘူး ရှင့် အိမ်မှာပဲ အိပ်လိုက်စားလိုက်ပေါ့ ကြာလာတော့ မိဘတွေကလည်း ငြို ငြင်လာတယ် ကျောင်းပြီးတာ 1နှစ်ရှိပြီ အလုပ်မရသေးဘူးလား ပေါ့ ပတ်ဝန်းကျင်ကလည်း ပြောလာတယ် အဲ့အချိန်မှာ ကျမ စိတ်ဓာတ်တော်တော်ကျလာတယ် ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်လာတယ် အဲ့လိုဖြစ်လာတဲ့ အခါမှာ ကျမ တရားများများထိုင်တယ် ဘုရားရှိခိုးတယ် တရားစာအုပ်တွေ တော်တော်များဖတ်တယ် ကြာလာတော့ ကျမစိတ်တည်ငြိမ်လာတယ် ဘာလို့တည်ငြိမ်သွားလည်း တရားစာအုပ်တွေကပေးတဲ့အသိ တစ်ခုကြောင့်ပါ လူဆိုတာ ဖြစ်ချိန်တန်ရင် ဖြစ်ရမယ် ပျက်ချိန်တန်ရင်ပျက်ရမယ် အရာရာကို မဖြစ်လာရလေခြင်းဆိုပြီးသောကရောက်နေမယ့်အစား အချိန်မတန်သေးလို့ စောင့်စားနေရတယ်လို့ပဲတွေးလိုက်ပါတဲ့ အဲ့စကားလုံးဟာ ကျမ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ အဲ့အချိန်မှာ ကျမကိုယ်ကျမ အကောင်းဆုံးတည်ဆောက်တယ် ငါအလုပ်ရလာမှာပါ အချိန်မကျသေးလို့ပါဆိုတဲ့ အတွေးနဲ့ ကိုယ်အတွက် အကျိုးရှိစေမယ့် သင်တန်းတွေ စာအုပ်တွေ ဖတ်ရင်း အလုပ်ရဖို့ကို စောင့်စားနေလိုက်တယ် အယ်မကြာပါဘူး အလုပ်ရလာတော့တာပဲ
တစ်ခုပြောချင်တာလေးရှိတယ် ရှင့် အရမ်းလိုချင်လို့ စောင့်စားနေရင် အဲ့ အရာတွေက ကိုယ့်စီ တော်တော်မရောက်လာတက်ဖူးရှင့် စိတ်ကိုပိုင်းဖြတ်ပြီး မမျှော်လင့်တော့ပဲ ကိုယ်ဘာသာ ကိုယ့်ဆီရောက်လာတဲ့ အရာတွေကိုပဲ တန်းဖိုးထားပြီးလုပ်သင့်ပါတယ် Depression မဖြစ်ချင်ရင် မဖြစ်နိုင်တာတွေကို မမျှော်လင့်ပါနဲ့ ဖြစ်နိုင်တာကိုပဲ အကောင်းဆုံးကြိုးစားပါ မဖြစ်လာသေးတဲ့အောင်မြင်မှုကို အပြောနဲ့ စိန်မခေါ်ပါနဲ့ ဖြစ်လာတဲ့အောင်မြင်မှုကိုပဲ လက်မထောင်လိုက်ပါ
အားလုံးပဲ ကိုယ်လက်ဝယ် ရှိတဲ့အရာတွေကိုပဲ တန်ဖိုးထားရင်း စိတ်ချမ်းမြေ့မှုရရှိနိုင်ပါစေ
အမှားများရှိရင်ခွင့်လွှတ်ပါ
By @coralbright
MSC 231
Credit image google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စိတ်‌တည်‌ ငြိမ်‌ ခြင်းဟာ DEPRESSION ကို ‌ကျော်‌ လွန်‌နိုင်‌ ပါတယ်‌။အ‌ရေးအသား Good တယ်‌ညီမ။

ဟုတ်ကဲ့ ပါ

ကောင်းမွန်သော post တစ်ခုပါဗျာ

Thank you

လုပ်ရမယ့်အလုပ်သာပုံမှန်လေးလုပ်သွားရင် ကိုယ်မျှော်မှန်းထားတာထက် ပိုဖြစ်လာတာတွေတောင်ရှိတတ်ပါတယ် sis ရေ

ဟုတ်ကဲ့ပါ

ပတ်​၀န်းကျင်​မှာ​တွေ့​နေရတယ်

ဟုတ်လား

အလုပ်မရှိပြီး ဘာလုပ်ရမှန်းမသိတာလည်း စိတ်ဓာတ်ကျစရာပဲ။အခုတော့ steemit နဲ့တွေ့ပြီး စာရေးတဲ့အလုပ်လေးရှိနေတော့ စိတ်ဓာတ်မကျတော့ဘူး။

ကောင်းတာပေါ့ ဒါလဲ စိတ်ဖြေရာပဲ

မဆိုးပါဘူး
လိမ္မာတယ်

လာပြောင်နေတာ

အရင်တုန်းကတောု့ဖြစ်ဖူးတယ်

အဲဒီလိုခံစားချက်​မျိုးကိုကို​ယ်​ချင်းစာပါတယ်​။ကိုယ်​တိုင်​လည်းကြုံ ​တွေ့ခဲ့ဖူးတယ်

ဟုတ်အမ

Good တယ် sis
ဒီတစ်ခါတော့မှန်ပီနော် 😁😁😁

ကျေးဇူးတင်ပါတယ်တော်

လောဘမကြီးပါနဲ့ပေါ့ဗျာ

😂😂😂😂

ဒီလို ပိုစ်တွေမျှော်နေတာ ကြာဘီဗျာ....i v and c u...plz v and c me back!!
@mgtoetat 👍

တရားထိုင်တာ အကောင်းဆုံးပဲပေါ့ good ပါတယ်

တစ်ခါတစ်ခါဖြစ်မိတယ်၊ဒါပေမယ့်လည်း အသိလေးတော့ လုပ်ရတာပေါ့
ကောင်းပါတယ်ရှင့်၊ဝေမျှတာ

ဟုတ်

တရားထိုင်​ ဝိပသနာရူ့ 

ဟုတ်ကဲ့

နေတတ်ရင် ကျေနပ်စရာပါ။