ကုသိုလ်ကံအကျိုးပေး

in myanmar •  7 years ago 

ဒီနေ့ အတွက်တော့ ကောင်းတဲ့ကုသိုလ်ကြောင့် အသက် ရှည်ခဲ့ရတဲ့ ပညာရှိ ပုဏ္ဏားကြီး တစ်ယောက်ကြောင်းကို ပြောပြချင်ပါတယ် မြန်မာလူတွေဟာ ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ် ဘာကြောင့်လုပ်ကြတာလဲ နောင်ဘဝ ကောင်းဖို့အတွက်လုပ်ကြတာပါ တစ်ချို့ကောင်းမှုကုသိုလ်ကြတော့ ကုသိုလ်အားကောင်းတဲ့ အတွက် ချက်ချင်း လက်ငင်း အကျိုးပေးကြပါတယ် တစ်ချို့ကုသိုလ်တွေကတော့ အချိန်ကြာမှ အကျိုးပေးကြပါတယ် အဲ့ဒါတွေ ဘာကြောင့် ဖြစ်တာလဲ ဆို အတိတ်ဘဝက မကောင်းတဲ့ ကုသိုလ်ကျန်နေသေးတဲ့အတွက် ပေးဆပ်နေကြရတာပါ image
ဟိုးရှေးရှေးတုန်းက တက္ကသီလာ လို့ခေါ်တဲ့ တက္ကသိုလ်ပြည်မှာ ပညာရှိပုဏ္ဏားကြီး မိသားစု တစ်စုနေထိုင်ကြတယ် ပုဏ္ဏားကြီးဟာ ဗေဒင်အရာမှာ တစ်ဖက်ကမ်းခတ်တော်တယ် လူတစ်ယောက်ကို ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သေရမယ် ဆိုတာကို အတက်ဟောနိုင်တယ် အဲ့လိုဟောပြော နိုင်တဲ့ အတွက် ကြောင့် ပုဏ္ဏားကြီးဟာ တက္ကသိုလ်ပြည်မှာ အတော်လေးကို နာမည်ကြီးခဲ့တယ်
တစ်နေ့မှာတော့ ပုဏ္ဏားကြီးဟာ ကျန်းမာရေး မကောင်းအပြင်းအထန်ဖြစ်တယ် အဲ့လို ကျန်းမာရေး မကောင်းတော့ ပုဏ္ဏားကြီးဟာ သူ့ကိုသူ ဗေဒင်တွက်ကြည့်တယ်ရှင့် အဲ့အချိန်မှာ သူအတော်လေး ထိတ်လန့်သွားတယ် သူဟာ နောက်ထပ် 5နှစ်လောက်ပဲ နေရတော့ မယ်ဆိုတာ သူသိလိုက်တယ် အဲ့အချိန်မှာ သူအရမ်းတုန်လှုပ်သွားတယ် သူ့ကိုယ်သူတွက်တဲ့ တွက်နည်းကို လုံးဝမယုံနိုင်ဖြစ်ခဲ့တယ်
ဒီလိုနဲ့ တစ်ခြားတိုင်းပြည်မှာ သူ့လိုပဲ ဗေဒင်အရာမှာ တစ်ဖက်ကမ်းခတ် တော်တဲ့ ဗေဒင်ဆရာ ကို သူရဲ့ ခုနှစ်ကိုပေးပြီးတွက်ခိုင်းပါတယ် အဲ့ဗေဒင်ဆရာကလည်း သူတွက်သလိုပဲ သူဟာ နောက် 5နှစ်မှာသေရမယ်လို့ပြောပါတယ် သူ့ဟာ သေပြီးရင် မျောက်ဘဝရောက်ပြီး ကျင်လည် ကျက်စားရမယ်လို့ ဟောကိန်းထုတ်ပါတယ် image
ဒီလိုနဲ့ ပုဏ္ဏားကြီး ဟာ သူသေပြီး မျောက်ဘဝရောက်ရင် ကောင်းကောင်းနေရအောင် သူနေရမယ့်နေရာမှာ သစ်ပင်တွေစိုက် ရေတွင်းတွေတူး သူနားဖို့ ဇရပ်တွေဆောက် ချောင်းတွေ မြောင်းတွေ နေရာမှာ တံတားတွေဆောက် အစာရေစာ ပေါပေါများများ စားနိုင်အောင် ဌက်ပျောပင်နဲ့ သစ်သီးပင်တွေပါစိုက်ထားလိုက်တယ်
သူ့သေမှာက နောက် 5နှစ်မှဆိုတော့ သူမသေခင် သူဆောက်ထားတဲ့ ဇရပ်တွေမှာ ခရီးသွားတွေက အနားယူကြ သူတူးထားတဲ့ ရေတွင်းတွေမှာ ရွာသူရွာသားတွေက ရေခပ်သောက်ကြသုံးကြပေါ့
အဲ့လို ကိစ္စတွေကို ပုဏ္ဏားကြီးက နေ့စဉ်နဲ့ အမျှ သွားကြည့်ပြီး ပီတိဖြစ်ခဲ့တယ်
အဲ့လိုနဲ့ 5နှစ်ကုန်ဆုံးလို့ သူသေမယ့်နေ့ရောက်ပါပြီ အဲ့နေမှာ သူဟာ အိပ်ရာထဲမှာပဲ ညင်ညင်သာသာနေခဲ့တယ် မိုးချုပ်ညရောက်တော့ သူမသေဘူး အဲ့ဒါနဲ့ ညကြသေမှာပါလေလို့ တွေးပြီးအိပ်လိုက်တယ် မနက်မိုးလင်းတော့ သူနိုးလာတယ် အဲ့မှာ သူ့ကိုယ်သူ ဟိုစမ်းဒီစမ်းနဲ့ သူမသေဘူးဆိုတာသူသိလိုက်တယ် အဲ့အချိန်မှာ ပုဏ္ဏားကြီးရဲ့ မိသားစုတစ်စုလုံးဟာ ပျော်ရွင်နေကြတယ် image
လူတွေရဲ့သဘာဝ ပုဏ္ဏားကြီးဟာ သူသေမယ်ဆိုတဲ့ နေ့မှာ မသေတော့ သူကိုဟောပေးတဲ့ ဗေဒင်ဆရာဆီ ရန်သွားတွေ့တာပေါ့ ဗေဒင်ဆရာနဲ့ တစ်ယောက်တစ်ခွန်း စကားများကြပြီး ဒီကိစ္စ ကိုဖြေရှင်းဖို့ အတွက် မြတ်စွာဘုရားထံသွားခဲ့ကြတယ် မြတ်စွာဘုရားထံရောက်တော့ အကြောင်းစုံပြောပြလိုက်တော့ မြတ်စွာဘုရားကမိန့်တယ် အခုလိုဖြစ်ရတာဟာ ပုဏ္ဏားကြီးရဲ့ ကောင်းမှုကုသိုလ်ကြောင့်လို့ပြောတယ် အဲ့အချိန်မှာ ပုဏ္ဏားကြီးဟာ သူကောင်းမှုကုသိုလ် ဘာမှ မလုပ်ခဲ့ကြောင်း လျှောက်တင်တယ် ဒီအချိန်မှာ မြတ်စွာဘုရားက သင်သေလွန်ရင်ကောင်းကောင်းနေနိုင်အောင်ဆောက်လုပ်ထားတဲ့ ဇရပ်တွေ ရေတွင်းတွေ ကို အများသူငါ အသုံးပြုလို့ သင်ပီတိဖြစ်တဲ့အတွက် အဲ့ဒီကြည်နူးစိတ်ကြောင့် သင်အသက်ရှည်ခြင်းကို ရရှိတာပါလို့ မိန့်ပါတယ်
အဲ့ဒီလိုနဲ့ ပုဏ္ဏားကြီး တစ်မိသားစုလုံးလည်း ကောင်းမှုကုသိုလ်တွေလုပ်ပြီးနေသွားလိုက်တာ ပုဏ္ဏားကြီးလဲ အသက် တစ်ရာကျော်ထိကျန်းကျန်းမာမာနဲ့ နေထိုင်သွားခဲ့ပါတယ်
ဒီအကြောင်းလေးကတော့ ကောင်းတဲ့ စိတ်ရှိသူတိုင်း ကောင်းတဲ့ အကျိုးပေးတယ်ဆိုတာလေးကို ပြောပြချင်တာပါ အားလုံးပဲ ကျန်းမာပါစေ
Credit image google
By @coralbright
MSC 231

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တော်တော်ကောင်းပါတယ်ဗျာ အားပေးပါတယ်

Thank you

ကောင်းမွန်တဲ့ ကုသိုလ်ပြုမှုဟာ မိမိကိုယ်ကို ပြန်အကျိုးပေးပါတယ်။

ကျေးဇူးပါ

ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်းပေါ့

ဟုတ်အကို

အားပေးနေပါတယ် bro

ငင့် sis လောက်တော့လုပ်လိုက်

😂😂😂😂 ဘုန်းကညာတပါး ပြားရာက လုံးဖြစ်သွားပြီ စကားပုံပါ ဗြောင်းပြန်ဖြစ်ပြီ

ကောင်းပါတယ်ရှင့်

ဟုတ်ကဲ့ပါ

good post

Yes saya chi

အသိတရားတစ်‌ခုရ‌စေပါတယ်‌ညီမ။မ‌ကောင်းတဲ့ ကုသိုလ်‌ ‌နေရာမှာ အကုသိုလ်‌ ပြင်‌လိုက်‌‌နော်‌ ညီမ။အား‌ပေး‌နေပါတယ်‌။

Message လေး တစ်ခုပေါ့

Good post ပါ

ကျေးဇူးပါ ဂုဏ်ုးပ်ကြီး 😁😁

သီလအစရှိသောကုသိုလ်တွေဟာ အသက်ရှည်ခြင်းကိုဖြစ်စေတတ်ပါတယ်။လွယ်လွယ်ပြောရင်တော့ ကံကုန်သွားလို့ကံထပ်ဖြည့်တဲ့သဘောပေါ့

ဟုတ်ကဲ့ပါ

ဗဟုသုတရပါတယ်ဗျာ။အားပေးနေမယ်

ဟုတ်ကဲ့ပါ

great post.

ကျေးဇူးနော် ကိုထွေး

အရမ်း​ကောင်းတဲ့POST​လေးပါ။ကောင်းမှူကုသိုလ်​များများပြုလုပ်​ဖို့အသိ​လေးတခုရပါတယ်​ရှင်

ဟုတ်ကဲ့အမကျေးဇူးပါ