လောက အကြောင်း လု့ ဘဝအကြောင်း
မငယ်တော့ တဲ့ အရွယ် မှာ ပိုသိလာတဲ့အခါ
ပန်းပွင့်လေးတေ ထက် သစ်ပင် လေးတွေ ကို ပိုချစ် တတ် လာတယ်..ပျော်စရာလုပ်ရပ်ထက် အကျိုးရှိတာ တေ အတွက်ဘဲ အချိန်ပေးချင်လာတယ်...
အရာရာ ကိုလဲ...
ဘယ်အရာဟာအမှား အမှန် လုပ်ရပ်တိုင်း ကိုလဲ ကွဲပြားစွာ နားလည် လာ မိတယ်..အကုသိုလ်ထက် မွန်မြတ်တဲ့ ကုသိုလ် တရား လေး တွေ ကိုပိုတန်ဖိုး ထား မြတ်နိး မိလာတယ်..
လုပ် နိုင် သ လောက်
လုပ် ပေးဖို့ အ သင့် ရှိ ပေ မယ့်.....
မ နိုင် ဝန် အ ချို့ကိုတော့ ပြုံး ပြုံး လေး
ငြင်း တတ် လာ တယ်.....
တ ချို့ စ ကား ရပ် တွေ ကို
ချင့် ချိန် ပြော တတ် လာ ပြီး
က တိ တွေ ကို လည်း..လွယ်လွယ်လေး
ပေးနိုင် တာထက် ပို မ ပေးတော့ဘူး....
မ ခေါ်ချင် တဲ့ သူ တွေ ကို
အတင်းကာ ရောလိုက်
မ ခေါ် ဖြစ် တော့သလို...
မ တွဲ ချင် တဲ့ လက် တွေ ကိုလည်း..
မျှော် လင့် တ ကြီး ဆုပ် ကိုင် မ ထားဘဲဖြေလျော့ ပေး ချင်မိ လာတတ်တယ်..
အ ရှုံး တွေ ကို ...
ခံနိုင် ရည် ပို ရှိ လာ တယ် ....
အနိုင် ယူ တယ် ဆိုတာအရာရာတိုင်းသဘာဝမကျ မှန်း လဲ ပို သိလာတယ်....
အရူးံပေးတိုင်း ညံ့ နေတာမဟုတ်မှန်း
အဲဒီ့ အ ရှုံးတွေ က နေသင် ခန်းစာ အတွေ့အကြုံ ပြန်လည်သုးံသပ် ပြင်ဆင် လိုအပ်တာတွေ အပေးအယူ အလဲအလှယ် အတုယူ လုပ်ရမယ် မှန်း ပိုသိမြင်လာ တယ်.....
လူ တွေ ရဲ့ အ ပေါ်ယံ မျက် နှာ ဖုံး တွေ ကို
ကျော် ကြည့် တတ် လာ ပြီး
စ ကားချို ချို တွေ ကို လည်း
သ ရုပ် ခွဲ တတ် လာ တယ်...... စကားရပ်တိုင်းရဲ့
အတိမ်အနက် ကို မှန်းဆ တွေး မိတတ်လာတယ်
ချီးမွမ်း ခြင်း နဲ့ ကဲ့ရဲ့ မှု့ ဆိုတာ အညမည ဖြစ်စဉ် တစ်ခု လို ဘဲ လက်ခံပေး တတ်လာတယ်..
ထစ် ခ နဲ ရှိ စိတ်နောက် ကိုယ် ပါ
မ တုန့် ပြန်တော့ ဘူး
မ တုန့် ပြန် ဖြစ် တာ တွေ ကို လည်း
အ ပူ လောင် ခံပြီး
နှစ် ရှည် လများ တေး မှတ် မ ထားတတ် တော့ ဘူး......
ကိုယ် မ ပိုင် တာ တွေ ကို
အား ကျ တာ နည်း လာ ပြီး
ကိုယ့် ရှိ တာ ကိုယ့် ပိုင်ဆိုင် မှု့ လေး ကို ပဲ
ကိုယ် ရေရှည် တည်တံ့ အောင် ဆက်လက် ထိန်း ညှိ ပြီး ပိုပြီး ကျေနပ် တန် ဖိုးထား တတ် လာ တယ်.....
ဝမ်း နည်း စ ရာ လို့ မ မှတ် ယူ ပေ မယ့်
မ ငယ် တော့ တဲ့အ ခါ ..
ပျော် စ ရာ ဆို တာ..ဘဝမှာ
များ များ စား စား မ ရှိ တော့
ရှိ လာ တဲ့အ ခါ လည်း ကိုယ့်ဆီမှာ
အ ချိန် ကြာ ကြာ မ မြဲ ဘူး ဆိုတာ ပိုသိလာလေ
အချိန်ကို တန်ဖိုး ရှိရှိ အသုးံချတတ်ဖို့ ဆီကို ဘဲ ကိုယ့် စိတ်တေ ဦးတည် လိုက် တော့တယ်လေ.....
လူဘဝ ဖြစ်စဉ် မှာ ပတ်ဝန်းကျင်ကောင်း ဆိုတာ
အင်မတန် အရေးပါ အရေးကြီးပါတယ်..
ပတ်ဝန်းကျင်...ဆိုတာ
လူ့ဘဝရဲ့တိုးတက်မူ၊ကျဆင်းမူ၊
အောင်မြင်မူ..
ဆုးံရူံး မှု့ တွေဟာ ..
ပတ်ဝန်းကျင်နဲ့အများကြီးသက်ဆိုင်ပါတယ်...
မင်းရဲ့ပထမဆုံးကျောင်းက အမေ့ရင်ခွင်
ဖြစ်သလို(မိဘ သွန်သင် ညွှန်ပြရာကျောင်း)
ဒုတိယကျောင်းကပတ်ဝန်းကျင်ဖြစ်တယ် ဆိုတာ မမေ့ ထားသင့်ဘူး..
လူဟာ ပတ်ဝန်းကျင် ရဲ့ရေစီးကြောင်းထဲမှာမျှောပါသွားတာဟာ သဘာဝတရားပါ..
ကိုယ့် ရဲ့ ဖြစ်စဉ် တိုင်း မှာ..
ပတ်ဝန်းကျင်ကိုပဲ အပြစ်ပြောလို့မရပါ...ဘူး
အသုံးမကျတဲ့ ကိုယ့်စိတ်ကိုပဲ အပြစ်ပြော ရပါမယ်...
ပတ်ဝန်းကျင် နဲ့ပတ်သက်ပြီး..ကိုယ် သာ
ရေမွှေးပုလင်းနားနေရင် ရေမွှေးနံရသလို
မွေးရနံ့ ရှိတဲ့ ပန်းပွင့် နားမှာနေရင် ပန်းရနံ့ ရမှာပါဘဲ...
ဘယ်လိုဖြစ်ဖြစ် ကိုယ့် ရဲ့ မှားနေတဲ့ လုပ်ရပ်ဘဲ ဖြစ်ဖြစ် မှန်နေတဲ့ ဖြစ်စဉ်ဘဲ ဖြစ်ဖြစ် ကိုယ်အတုယူ မှား ခဲ့ရင် ကိုယ့်အခြေအနေကို ဘဲ အရင်သုးံသပ် ရပါမယ်..
ကိုယ် လေ့လာမှု့ သင်ယူမှု့ ကိုယ့် ရည်ရွယ်ချက် ကိုသာ အဓိက ထား လုပ်ဆောင်ရမှာ ဘဲ ဖြစ်ပါတယ်...
လူ့ ဘဝ ဆို တာ ပတ်ဝန်းကျင် နဲ့ ကင်းကွာ မရနိုင်တဲ့ အတွက်..ကိုယ့် ရည်ရွယ်ချက်ပန်းတိုင် မရောက်ခင် ပတ်ဝန်းကျင်ရဲ့ အပြစ်တင် ဝေဖန် ခြင်း ဝဲဂယက်..တွေ
ထဲမှ လွှတ်မြောက်အောင်ကြိုးစားပြီး ဘဝရဲ့
အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင်ကြိုးစားရမှာဘဲ ဖြစ်ပါတယ်...
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.youporn.com/watch/13744383/arina113851421-mp4/
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit