အပေါစားအတွေး

in myanmar •  6 years ago 

စာလေးရေးဖို့ ပြင်လိုက်တိုင်း ဘာတွေမန်းမသိ ဖြစ်နေမိသည် ။ ကိုယ်တွေ့ဖူးမြင်ဖူးများသည်လည်း ကုန်သလောက်ဖြစ်နေပြီး အသစ်တစ်ခုတစ်ခု ဖန်တီးရန်မှာလည်း အခက်တွေ့နေမိသည် ။ လူကြီးများလိုလည်း ပေါက်ပေါက်ရောက်ရောက် မတွေးတောတတ်ပေ ။ သို့သော် အသက်တော့ မကြီးချင်သေးပါ ။ မကြီးချင်သော်လည်း မရ တစ်ဖြည်းဖြည်း သူ့ဖာသူ ကြီးသွားမည်ပင် ။ ငယ်စဉ်ကတော့ ဘာလေးညာလေး စိတ်က အမျိုးမျိုး တောင်ရောက်မြောက်ရောက် ရောက်တတ်ရာရာတွေ ပေါများလှသည် ထင်မိပါသည် ။


think.jpg
Image source

ထို့ကြောင့်လဲ သစ်ရွှက်လှုတ်တိုင်း လေတိုက်တိုင်းဆိုလား ပြောကြသည် ။ မည်သို့ပင်ဖြစ်စေ သစ်ရွှက်လှုတ်ရင်းနှင့်လည်း post တစ်ခုဖြစ်သွားနိုင်သည် မဟုတ်ပါလား ။ လေတိုက်ရင်းနှင့်လဲ post တစ်ခု ဖြစ်သွားနိုင်လေသည် ။ ယခုပင်ရေးရင်း မိုးလေးအုံ့မိုင်းမိုင်းနှင့် လေလေး နည်းနည်း တိုက်လာတာကြောင့် အဝတ်ကလေး အပြေးအလွှားသွားရုတ်လိုက်ရသေးသည် ။


write.jpg
Image source

ယခုလဲ ဘာတွေ ဖြစ်လို့ဖြစ်နေသည်မသိပါ စာကလေးရေးမလို့ကြံစည်လိုက်တိုင်း ဘာတွေ ရှုတ်လို့ရှုတ်နေသည်မသိ ပို့စ်ပင် မတင်နိုင်ကာ ကြိုကြားကြိုကြား ဖြစ်နေချေပြီ ။ ပို့စ်လေး ရေးရမည့် အချိန်ဆိုလျှင်လည်း ရောဂါတစ်မျိုး ဖြစ်ချေပြီ ။ အချိန်ကျလာလို့ steem လေးများ မတက်လာလျှင်လည်း ရောဂါတစ်မျိုးက ထပ်တိုးလာပြန်သည် ။ တစ်ပုဒ်တစ်ပုဒ်ဖြင့် အနားယူရင်း တစ်ဖြည်းဖြည်းနဲ့ အချိန်ကြာလာပါက များစွာသိသာလာမည် ။ ယခုအချိန်လေး ကြိုးစားထားပါမှ ဘာမန်း သေချာ မသိရသေးသော အချိန်တွင် အဆင်ပြေပေလိမ့်မည် ။ ဒါကြောင့် ဒီနေ့လဲ ဖြစ်သလိုလေး ရေးတင်လိုက်ရပြန်ပြီလေ ။

Vote မှ မန့်မှ ရယ် မဟုတ်ပါဘူး ဗို့တယ် မဗို့ဘူး မန့်တယ် မမန့်ဘူးက ကိုယ်တိုင်ဆုံးဖြတ်ကြတာဘဲ ဖြစ်ပါသည် ။ မန့်မလုပ်လို့ လာရိုက်မည်မဟုတ်သလို မမန့်လို့လဲ ဘယ်သူ့မှ ထောင်မကျသွားပါဘူး ။ ဆရာများ မမြင်လိုလျှင် ကျော်ခွသွားပေးကြပါ ခင်ဗျာ ကန့်လန့်ကန့်လန့် ဖြစ်နေလျှင်လဲ mute လုပ်ထားကြပါနော် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရင်‌ထဲရှိတဲ့စကား
‌ရေးသားလိုက်‌ပါတအား
‌ရေကာတာဖွင့်‌လိုက်‌သလို
စွင့်‌ကာနှလုံးသားအသံကို
နား‌ထောင်‌‌နေပါတယ်‌ ကိုဒိုရယ်‌.....။

အို မတ်တယ် ကဗျာလေးနဲ့ ရှဲ့ရှဲ့

လက်ငင်းဖြစ်နေတာလေးတွေ ရေးရာမှာတော့ ဒိုမီလေးက
ဆြာတစ်ဆူပါပဲလား

အဲ့ဂလို ကြီးလဲ ဟုတ်ရပါဘူးဗျာ ။

ရေးနေတာကိုပဲ အားကျနေရတာပါ

အားကျရလောက်တဲ့ထိ ဟုတ်ရပါဘူးဗျာ

ဒိုမီရဲ့ အတွေးမျှင်လေးတွေ ဘောင်ခတ်ခြင်း ခံလိုက်ရပြီထင်ပါတယ် သို့ သော် သို့ သော် ဟင်းရွက်ကြော်ရင်းတောင် တရားထူးရနိုင်သေးတာ ကိုယ်တွေလည်း ခြင်ကိုက်တာကအစ အိမ်မြှောင်ချေးပါတာကအဆုံး စာဖွဲ့လို့ ရတာပဲ အဓိက copy မဖြစ်ဖို့ ရယ် စာရေးနေဖို့ ရယ်ပဲလေ တစ်နေ့ တော့ ကလောင်ထက်လာမှာပါပဲ ဘယ်သူမှ တသမတ်တည်း သွားနေကြမှာမှ မဟုတ်တာ ဖိုက်တင်းပါ

ဘောင်ခတ်ပါဘူး ဦးဇင်း ကိုယ် SP များမှ နောက်လူတွေကိုလည်း များများပေးနိုင်မည်ဆိုတဲ့စိတ်လေးနဲ့ တတ်နိုင်သလောက်ကြိုးစားနေပါတယ်ဘုရား။

ကြွေဘီလေ အဲ့လိုစိတ်ထားလေးတွေ ကြွေတာ. . .

အမယ် စိတ်ထဲကဟာတွေ လာချရေးတယ် 😁

  ·  6 years ago (edited)

စိတ်ထဲမရှိဘဲရေးရင် အဆင်မပြေဘူးလေ ဥဥစောရယ် ရှိတာလေးဘဲ ရေးရတာပေါ့ဗျာ

နာတော့ ရူးချင်တော့တာဘဲအေ

ဘာတွေဖစ်လို့လဲ မတ်မတ်စုရယ် ။

မမရဲ့ လေတိုက် မိုးရွာပိုစ်လေး လာအားပေးပါအူး😁😁

  ·  6 years ago (edited)

လာပါတယ် မမရယ် အပြေးလေးသွားကြည့်တော့ အသစ်လဲတင်မထားဘဲနက် ။

အင်္ဂါမှ တင်မေလေအေ😁

အေး ဟေ့ ငါလဲကြာတော့ ရေးစရာကုန်ကြမ်း
ရှားလာသလို ငါလဲလေ နင့်လိုပဲ ဘဝတူချင်းပေါ့ကွယ်

ဟုတ် အဖော်တွေ ရှိနေတာဘဲ အားမငယ်တော့ပါဘူးလေ နော့ဦးထွေး ။

ရေး မယ်​ဆို ​လေလည်​တာ​တောင်​ပိုစ်​တခုဖြစ်​တယ်
အဲ....အလုပ်​မအားလို့မ​ရေးနိုင်​ရင်​​တော့တမျိုး​ပေါ့​လေ

ဟုတ်ဦးယု

ဘာရေးရေး တွေးပြီးမှ ရေးရတာ
အဲ့တော့ရေးသာရေး ကိုဒိုရေ

ဟုတ်ကဲ့ပါဗျာ ခုလို မြင်ရတာ အလွန်အားဖြစ်လှပါပြီ ကျေးဇူး အထူးပါဗျာ ။

ဒီလိုပဲလေ ဒိုမီရ မျက်စိရှေ့ မြင်တာသာရေး စာတပုဒ်ဖြစ်ရော ချချ ရေးရေး ရေးရင်း ဖြစ်သွားလိမ့်မယ်။

ဟုတ်ဥရွှေ

အဲဒီလိုပဲရေးရင်း စာတစ်ပုဒ်ဖြစ်သွားတာပါပဲ။ဘယ်လိုပဲရေးရေး စာဖတ်သူတွေ အဆင်ပြေပြေဖတ်လို့ရနေတယ်ဆိုရင် post ကောင်းတစ်ခုပဲလို့ ခံယူထားတာပါအစ်ကို။

ကျေးဇူးပါခင်ဗျာ အားရှိသွားပြီ ။

စာ​ရေးရင်းအ၀တ်​က​လေးအ​ပြေးသွားရုတ်​လိုက်ရ​​သေး....ဒါလည်းပိုစ့်​တစ်​ခုပါဘဲ....😁

ဒီလိုပဗျာ

ဘုမယ် မန့်မယ် ဒိုမီရယ်

ဟုတ်ကဲ့ပ့ မတ်မတ်စု

ကိုယ့်ဖာသာကိုယ် တွေးမရတာကိုများ လူကြီးတွေ ပေါက်ကရတွေးတာဖြစ်အောင် ရေးထားသေးဒယ် လူကြီးတွေမခံနဲ့ဗျို့ ☺☺☺

ပေါက်ပေါက်ရောက်ရောက်ပါ ဥစိုးရယ်

မနေ့ကမုန်တိုင်းတိုက်တာ စာရေးဖို့ချောင်းနေတာနဲ့သိပ်
မတိုက်လိုက်ရရှာဘူး ဟီး

ပြန်ခေါ်ပြိုက်အိမုန်တိုင်း

Wow. စာရေးတာတော်လက်ထှာ😩😩😩

မဟုတ်ရပါဘူးအေ ။

သူများတွေများသစ်ရွက်လှုပ်တောင်postတစ်ခုရေးနိုင်တယ် ကိုယ်ယ်တွေကျတော့သစ်ကိုင်းကျိုးကျတာင်postတစ်ခုထွက်မလာပါလားနော်။

သစ်ရွှက်လှုပ်ရက်တာ ဖြစ်တာပါဗျာ ကျိုးကျရင် လွှတ်အေညင်အရင်ရှောင်ရမယ် ။

ထောက်ခံတယ်