ခုနောက်ပိုင်း တစ်ဖြည်းဖြည်း လူကလည်းများလာ ပါပြီ promotion တွေလည်း ရကြပါပြီ steemit အကြောင်း နားလည်သူတွေလည်း များလာပါပြီ ။သို့သော် myanmar tag အောက် က new မှာ ဝင်ကြည့်လိုက်ရင် စမ်းတဝါးဝါး account လေးတွေ steem အကြောင်း အမြင်မှားနေသလိုရှိတဲ့ account လေးတွေ ရှိနေဆဲပါ ။ ကျွှန်တော်တို့ တွေ့မိရင် ဆွဲခေါ်ပေမဲ့ အခြား အကြောင်းတွေလည်း အများအပြားမို့ အချို့ လွတ်နေပါသည် ။ မသိသေးသူများကို သိသူများက သိသလောက်လေး ပြောပြ လက်တွဲခေါ်ယူစေချင်တာမျိုးလဲ ဖြစ်မိပါတယ် ။ သို့သော် comment ပေးရန် vote ပေးရန် မအားဆိုသောသူများ အများအပြားရှိနေလေရာ အသစ်များအတွက်တော့ ခက်ခဲနေပါသေးသည် ။ မိမိ post တွင် လာရောက်အားပေးကြသော ပရိတ်သတ် comment ကိုမှ reply ပြန်ရန် မအားလပ်သူများ ရှိနေပါသဖြင့် promotion အတွက်ကို comment and vote 15 ခု အနည်းဆုံးဟူသော စည်းကမ်းပင် သတ်မှတ်ထားရပေရာ လူသစ်များအား ဆွေးနွေးဖို့ရာမှာ အတော်များဝေးနေသေးသလား တွေးမိပါသည် ။
သို့သော် steemit ကို မိတ်ဆက်ပေးခဲ့သော ကိုဟင်နရီနဲ့ တစ်ဆင့်ပြန်ပြောပြခဲ့တဲ့ သူတွေဟာ အတော်အားနေသလား ပြန်စဉ်းစားမိပါသေးတယ် ။ ရုံးတစ်ဖက် မိသားစုတာဝန်တစ်ဖက်နဲ့ ဆိုပေမဲ့ admins အများစုဟာ ရုံးတာဝန်တေ အလုပ်တာဝန်တွေ မိသားစုတာဝန်တွေကြားမှာ အားလပ်ချိန်တွေ ပိုလျှံနေတာများလား ။ steemit ထဲမှ လူသစ်တွေကြား ပေါက်ပေါက်ရောက်ရောက် မရောက်ဖြစ်တာတော့ ဝမ်းနဲမိပါတယ် ။ သို့သော် တစ်ယောက်ကို ဖုန်းဘေ ဘယ်လောက် bitcoin ဘယ်လောက် အစရှိသဖြင့် သင်ကြားပြသ သူတွေ တော့ ရှိနေပါသည် ။ အစပိုင်းက လူတွေသာ ဒီလိုသင်ပေးခဲ့မယ်ဆိုရင် ဘယ်လောက်ရလောက်ပြီလဲ ။ စေတနာနဲ့ ရစေချင်လို့ ပြောပြနေသူတွေကြားမှာ ဒီလိုလေးတွေ ရှိနေတာ ကောင်းတာလား ဆိုးတာလားတော့ မဝေဖန်လိုပါ ။
ကိုဟင်နရီတို့လို steem power မျိုးနှင့် ကျွှန်တော်တို့ကို vote ပေးနေခြင်းမှာ အလွှန်ပင် အားနာစရာ ကောင်းနေပါပြီ ။ vote ပေးရုံတင် မဟုတ်ပါ ကျွှန်တော်တို့ ရရှိနေသော promotion ရရှိအောင်လည်း ကြိုးပမ်းပေးထားသည် ။ သူထိုသို့ ကြိုးပမ်းထားပေးလို့ ဘာများရပါသလဲ တွေးကြည့်ကြပါ ။ ကိုယ်တစ်ယောက်ထဲ ကြိုးစားပြီး ရလာမဲ့ steem တွေ အစား ကျွှန်တော်တို့ ဆီကရတဲ့ ပြားဂဏာန်း သေးသေးလေးကို ကြည့်ပြီးသာယာနေသူပါ ။ အသက်ကြီးကြီး ဆရာကြီးတင်လှိုင်ဦး steemit အတွက် အကျိုးပြုမည့် စာမျိုးတွေဘဲ ရေးခဲ့ပါတယ် ဒါပေမဲ့ မြန်မာတွေရဲ့ vote သိပ်မရပါ promote တောင် မတင်ပါ ဆရာ တင်လှိုင်ဦးအတွက်ဆို တစ်ခြားတစ်ယောက်က တင်ပေးထားလို့သာပါ ။ ဒါကတော့ ကြုံလို့ဆုံလို့ ပြောကြည့်တာပါ ။
ခုနောက်ပိုင်းမှာတော့ steemit ထဲ ဝင်ရောက်ရာမှာ လိုင်းမကောင်းလို့လို့ထင်ထားပေမဲ့ ဝင်ရန် တစ်ချက်ချက် အခက်အခဲ ရှိနေသောကြောင့် vote နဲ့ comment နည်းတာတွေရှိနေပါတယ် ။ ပေးရတာမှ ခက်ခဲတာကိုး ။ အစက ကိုယ့်ရဲ့ post တွေကို သူများဒီတိုင်းလိုက် vote နေတာ အားနာတယ်ဆိုပေမဲ့ ခုအခြေအနေမှာတော့ vote ရဖို့ ကြိုးစားမိပါတယ် သူများ vote ပါ အချင်းချင်းမပြောပါဘူး ။ သူများ ပေးနိုင်တာက ဘယ်အချိန်ထိ ဆိုတာ မသိရပါ သူမပေးနိုင်တော့တဲ့အခါအဆင်ပြေစေရန် ကျွှန်တော်တို့မှာ steem power လေးတွေ အတော်အတန် ရှိထားဖို့လိုအပ်ပါတယ် ။ဒါမှလည်း နောက်ထပ် ဝင်ရောက်လုပ်ကိုင်လာတဲ့သူတွေကို လှည့်ကြည့်ပေးလို့ရပါမယ် ။ ကျွှန်တော်တို့ vote power အနေအထား steem power အနေအထားအရ ယခုပင် post စုံအောင် vote ရန် မနည်းvote နေရသလိုရှိပါတယ် ။သို့သော် steem power များသူအဖို့တော့ အသာလေးပါ good-karma သူ့ application သုံးသူတွေကို လိုက် vote ပါတယ် သို့သော် သူ့ vote power 100% နားမှာ အမြဲ ကပ်နေနိုင်ပါတယ် ။ သူ vote တဲ့ ရာခိုင်နှုန်းနဲနဲလေးဟာ ကျွှန်တော်တို့ 100% ထက် သာတယ်ဆိုတာ အားလုံးအသိပါ ။
ရျထားတဲ့ steem လေးတွေကိုလဲ power ထဲ စုစေချင်ပါတယ် စုဖို့လည်းတိုက်တွန်းချင်ပါတယ် ။ ဒါပေမဲ့ မိမိ ရရှိသော Steem မိမိအကိုယ်ပိုင်သာဖြစ်ရာ ကိုယ့်ဆုံးဖြတ်ချက်ပေါ်သာ မူတည်ပါသည် ။ အားလုံးဝိုင်းဝန်းပြီး ပိုကောင်းတဲ့ အနာဂတ်ကို တက်လှမ်းသွားတာကို မြင်ချင်မိပါတယ် ။
မသိတတ်နားမလည်သူမို့ အမှားများပါခဲ့ရင် ပြောဆိုထောက်ပြကြပါအုံးခင်ဗျာ ။ အဆင်မပြေတာလေးများတွေ့ရင်လည်း ပြောဆိုဆုံးမခဲ့ကြပါအုံးလို့ တောင်းဆိုပါတယ်ခင်ဗျာ ။
MSC . 9
Photos credit; Google Image
လူဟောင်းဆိုလို့ သိပ်မကျန်တော့ပါဘူး domelay ရာ... ကိုသက်, ရဲသီဟ တို့က ပင်စင်ယူ မလို ဖြစ်နေကြပြီဆိုတော့ Esteem ရယ် , ငါ ရယ် , နင်ရယ်...ကို အန်းစိုး ရယ် ကျန်တော့တာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးလရှိပီဆို မွေးဖို့အချိန်နီးလာပီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steem တွေ များများမွှေးနိုင်အောင် ကြိုးစားနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးသားကောင်းလို့hr1တောင်ချီးမြှင့်သွားတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမရေ သူလေးစောင့်နေတာ ခုမှလာတော့တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
welcome
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားလည်နိုင်ကြပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
@minnowpond has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် vote comment ပေးဖို့ တွန့်ဆုတ်နေကြပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ကတွန်းလို့ ရှေ့ကလူ စည်းဝိုင်းအပြင်ရောက်သွားတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
cmtတွေ voteတွေ လူတိုင်းပေးချင်နေတာ ခက်တာက connection.. အဝိုင်းပဲလည်လည်နေတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်အကိုရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
MSC အတွက် အဓိက မှောင်းနှင်နေကြသူတွေ
ကို ကျေးဇူးတင်လျက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit