steemit မှာကွယ် ဘာရေးမယ်

in myanmar •  7 years ago  (edited)

Steemit သည် စာရေးရသော နေရာတစ်ခု ဖြစ်သည်ကို အားလုံးသိရှိကြပါသည် ။ ထို့ကြောင့် Steemit အတွင်းသို့ ရောက်ရှိလာသူများသည် မည်သို့ပင်ဖြစ်စေ စာရေးဆရာများ ဖြစ်ကြရပါတော့သည် ။ ထို့ကြောင့် စာရေးရပါမည် ။ စာမရေးဘဲ steem အချောင် လိုချင်လို့ မဖြစ်တော့ပါ ။ အားလုံးမှာ စာရေးစားသည့် စာရေးဆရာများ မဟုတ်ကြသည်ကိုလည်း နားလည်ကြပါသည် ။ အခြား blog လို media တွေလို ကျွှမ်းကျွှမ်းကျင်ကျင်ကြီး ရေးတတ်မှရယ်မဟုတ်ပါ ။ မိမိ တတ်နိုင်သလို ကြိုးစားရင်း မှားနေသူကို အမှန်ထောက်ပြရင်း အချင်းချင်း ရိုင်းပင်းကူညီကာဖြင့် ရှေ့ဆက်ကြပါသည် ။ ထို့အတွက် ညီအစ်ကိုမောင်နှမများသဖွယ် စိတ်ထားတတ်ဖို့လဲ လိုပါသည် ။ တစ်ဦးက ထောက်ပြပြောဆိုရာတွင် တစ်ဦးက ရန်လုပ်ဆိုတာမျိုးလဲ မဖြစ်စေလိုပါ ။

download (8).jpg

အချို့ မိမိကိုယ်တိုင် ကိုယ်ပိုင်ဖြစ်သော မူရင်းဖြစ်သော စာပေများအား ဖန်တီးရေးသားရပါမည်ဆိုလျှင် အလွန် လန့်သွားတတ်ကြပါသည် ။ အစမှာတော့ စာပေနှင့် ကင်းကွာသူများအနေဖြင့် စာရေးဆရာကြီးသဖွယ် ဘယ်လိုများရေးနိုင်မှာလဲဗျာ ။ စာကလေးရှင်းရှင်းလင်းလင်းနဲ့ ကိုယ်ဘာကိုဆိုလိုချင်တယ်ဆိုတာကို တစ်ဖက်သားသဘောပေါက်အောင် ရှင်းပြနိုင် ရေးပြနိုင်လျင်အဆင်ပြေပါပြီ ။ ထိုမှတစ်ဆင့် ပိုကောင်းသော စာပေများကို ဖန်တီးနိုင်မှာပါ ကြိုစားမှုလေးတော့ လိုအပ်တာပေါ့ ။ စာရေးမယ်ဆိုတော့ စာအုက်တွေဖတ်ရတယ် စာအုပ်တွေဖတ်ဆိုတာ စာအုပ်ထဲက အကြောင်းအရာကို ပြန်ပြီး ရေးတာမျိုးမဟုတ်ပဲ အရေးအသားပုံစံ စိတ်ကူးစိတ်သန်း ပိုပြီးကောင်းမွန်လာအောင် အတွေးများမြင့်မားလာအောင် ဖတ်ရတယ်လို့ ထင်ပါတယ် ။

download (7).jpg

ရေးပြန်မယ်ဆိုပြန်တော့ ရေးရမည့် အကြောင်းအရာများမှာ အတော်ပင် စဉ်းစားရကြပ်လှပါသည် ။ တစ်ဖက်သားကို လည်း သုတ ရသ ပေးချင်သေးသည် ။ ထိုအချိန်မျိုးမှာ အဝေးကြီး မစဉ်းစားပါနဲ့အုံး နီးနီးနားနား မိမိ ကိုယ်တိုင်လဲ စဉ်းစားပါ ။ မိမိတို့ ပတ်ဝန်းကျင်တွင်လည်း မှတ်သားဖွယ် ကောင်းသော အဖြစ်အပျက်လေးတွေ ဖြစ်နေတယ်ဆိုတာလဲ မြင်အောင်ကြည့်ပါ ။ ယခင်က ဖြစ်ခဲ့ဖူးတာတွေ ပြန်စဉ်းစားပါ ။ လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေလဲ post ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ ပုံပြင်လို လူတစ်ကာသိနေတဲ့ စာအုပ်ထဲလဲ ရှိတဲ့အကြောင်းအရာမျိုးလေးကိုတော့ ရှောင်သင့်ပါတယ် ။ ရပ်ကွက်ထဲ အတင်းပြောနေကျလူများဆိုလျှင် post တင် အတင်းအုပ်ပြီး comment လေးပြန်ရေးလုပ်နေလို့တောင်ရလောက်ပါရဲ့ ။

images (28).jpg

အစပိုင်းမှာတော့ ဝါရင့် စာရေးဆရာကြီးတွေနဲ့ ကွာနေမှာပေါ့ ။ ဘယ်သူ့ မကျေနပ်ဖူးလဲ ရေးလို့ရပါတယ် သာယာနာပျော်ဖွယ်လေးနဲ့ပေါ့ ။ နောက်တော့ ဘယ်သူမှ မရေးရင် ရေးပါဦးမယ် ။ အိပ်ယာထတယ် ရေးလို့ရပါတယ် ထရုံလေးဘဲ ။
" အိပ်မက်တို့မှာ အလွန်တရာဆွဲဆောင်အားကောင်းသော နတ်သမီးလေးလား အထင်မှားရလောက်တဲ့ ကောင်မလေးတစ်ယောက်ထံပါးရောက်နေစဉ် အရှေ့အရပ်မှ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော နေမင်းကြီး၏ အလင်းရောင်းများအခန်းအတွင်းသို့ကျရောက်လာလေပြီ " ဟော မျက်လုံးတောင် မဖွင့်ရသေးဘူး ခံစားချက်တွေ ဖွဲ့လိုက်ရင် အိပ်ယာထ post ဖြစ်ပြီ ။ အင်အင်းပါတာ ရေးဦးမလား ဖြစ်ပါတယ် အယဉ်လေးနဲ့တော့ လုပ်ပါလေ ။ လက်ဖက်ရည်ဆိုင်သွားတယ် သူငယ်ချင်းနဲ့တွေ ဘာညာဘာညာ ။ ဘယ်ကောင်မလေးကို ဘယ်လောက်ချစ်တာ ဆိုလည်း ရပါတယ် ဇာတ်သိမ်းက မပေါင်းရလို့ အားငယ်စရာမလိုပါဘူး ။ ကွဲတဲ့ဇာတ်လမ်းများလေ ဆရာတွေ သောက်ကောင်းလေပါ ။

images (29).jpg

ယောက်ျားလေးချင်း စိတ်ဝင်စားမိနေလို့လား အသွင်တစ်မျိုးနဲ့ post ထူးဆန်းလေးတောင်ရပါသေးတယ် ။ မနက်ခင်းလမ်းလျောက် ပြီးရင် နှင်းကျတာကစ မြင်တာလေးစိတ်ကူးပြီးဖွဲ့ဒါလည်း ဖြစ်တာပါဘဲ ။ ဖွဲ့ခဲ့ဖူးပါတယ်နော် ဆောင်းနှင်းတို့နှင့် အတူဆိုတာလေးလေ ။ ထမင်းစားမကောင်းဘူး ရေးပစ် ပယ်ပယ်နယ်နယ် ဘာမှမဖြစ်ဖူး လာဖတ်မှာ ။ ခွေးလေးမွှေးထားလား သူ့ အကြောင်းလဲ ကောင်းတာဘဲ ။ ရပ်ကွက်ထဲက အကြောင်းတွေလဲရတယ် အရက်သမားလေ ဘယ်လိုဖြစ်တာ အိမ်နားကအပျိုကြီးကဘာဖြစ်တယ် လူပျိုကြီးကဘယ်လို ဆိုတာလေးတွေ ကောင်းမှကောင်း ။ အကောင်းလွန်ပြီး steemit က လူပျိကြီးတွေ အပျိုကြီးတွေ လာရိုက်ရင်ကျွှန်တော်နဲ့မဆိုင်ဘူးနော် ။

အကြောင်းအရာတူတော့ သူများနဲ့များတူနေမလား ။ မစိုးရိမ်ပါနဲ့ဗျာ အတန်းထဲမှာ ဆရာမ စာစီစာကုံးရေးခိုင်းရင် တစ်ခန်းထဲရှိနေပြီး ဆရာတစ်ယောက်ထဲသင်တဲ့သူတွေ ရေးတာတောင် ခိုးချတဲ့သူမရှိရင် မတူဘူးဆိုတာ အထူးပြောစရာမလိုပါဘူး ။ တစ်ခုခုနဲ့ ခွဲမရအောင်တူနေရင်တော့ အသင် ကူးလာပြီပေါ့ ။ ဒါကြောင့် ရဲရဲတင်းတင်း ခံစားပြီး ရေးလိုက်ကြပါလို့ အကြံပြု ပြောကြားပါရစေဗျာ ။ စာရေးကောင်းတဲ့ Steem သူဌေးများ ဖြစ်ကြပါစေ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အစတုန်းက ​ဆောင်းပါးတစ်​ပုဒ်​ကို နှစ်​ရက်​​လောက်​ အချိန်​ယူပြီး​ရေးရတယ်​။ အခုဆို နှစ်​နှာရီ​လောက်​နဲ့ ​​ဆောင်းပါးတစ်​ပုဒ်​​ရေးနိုင်​​နေပြီိ။

woow ဆရာတို့ဆီက သင်ယူနေပါတယ်ဗျာ နောက်လဲ သင်ပေးအုံးနော်

အယ်​ကိုက​တော့​နောက်​ပြီ 😁😁😁😁😂

ဖတ်​လို့​ကောင်းပြီးအကြံဥာဏ်​​ကောင်းလည်းရပါ၏။

ကျေးဇူးတင်ပါတယ်ဗျာ

စာရေးဖို့ အတွက် ပျင်းနေရင်သာ ရေးစရာမရှိတာပါ ငါလဲ ရေးစရာ မရှိဘူးဆိုပြီး ထိုင်အော်နေတာတွေ ရပ်လိုက်ပြီ ရေးစရာမရှိရင် ရေးဖို့ အတွက် အားထုတ်မယ်အချိန် တွေ အလကားမဖြစ်အောင်ပြန်ကြိုးစားနေတယ် ။ကြိုးစားအားထုတ်မူ ရှိ မှSteemit ရပ်တည် နိုင်မှ

ဟုတ်ကဲ့ပါ ကွီးဖြိုး

ကိုဒိုမီကိုတော့မမှီဘူးဝေ့

ဘယ်နေရာမှလည်း သွားတက်မနေရပါဘူး

ချီတက်​ကြစို့​ဟေ့...

  ·  7 years ago (edited)

ဟူတ်ကဲ့ပါ ချီတော့တက်ပါ ချိတက်တော့ တောင်းပါနဲ့

ရေးတာ မိုက်တယ်

ကျေးဇူးပါ

အကောင်းဆုံးဘဲ ဒိုဒို

အမငိ

အတွေးကောင်းတယ်နော်

ထင်လို့ပါဗျာ ဆရာတို့ဆီက ဆည်းပူးဆဲပါ

အခန်းဆက်ဝထ္ထု ရှည် ရေး မှ ဘာ

ဟုဟု ရေးရေး အားပေးမယ်

ကိုချစ်​ကအား​ပေးတာ​ရေးအုံးမှာ

ဟုဟု ရေးပါ ရေးပါ

ကိုဒီမီ​လေးကို အားကျပါရဲ့ တစ်​ရက်​ကို ​ဆောင်းပါးတစ်​ပုဒ်​​ရေးနိုင်​တယ်​ 😃

ဟီး ကွာလတီကျ honey တို့လို မကောင်းဘူးလေ

ရေးနိုင်လွန်းပါတယ်လေ။
😊

ကိုဒုန်တို့ဆီက သင်ယူစရာ post အသစ်လေးတွေ စောင့်မျော်နေပါတယ်

မ​ရေးတတ်​​ရေးတတ်​နဲ့ပဲကြိုးစားပြီး​ရေးပါတယ်​ဗျာ။

ကျွှန်တော်လဲ ထို့အတူပါဘဲဗျာ

မိုက်တယ် bro

ကျေးဇူးပါ

ရေများရာမိုးရွာတာတော့မဟုတ်ပါ၊ ဦးဆောင်သူများအတွက်Steem Power ကပိုအရေးကြီးနေလို့ 0.07 up vote ပါသားရေ။

very ကျေးဇူးပါဆရာ

This post has received gratitude of 0.87 % from @appreciator thanks to: @domelay.