ယခင်နှင့် ယခု

in myanmar •  7 years ago 

ဟိုးယခင် အချိန်ကနဲ့ ယခုအချိန် ဆိုလျှင် အချိန်ဆိုသော အရာများ များစွာတို့သည် ကွာခြားသွားကြပြီ ဖြစ်ပါသည် ။ ရှးယခင်က တိုးတက်မှုတို့ မရှိသလောက်ဖြစ်နေရာမှ တစ်ဖြည်းဖြည်း တိုးတက်လာရာ ယခုကဲ့သို့သော တစ်လထက်တစ်လ အလျှင်အမြန် တိုးတက်လာသော ခေတ်တစ်ခုသို့ ရောက်ရှိခဲ့လေပြီ ။

ကျွှန်တော်တို့ ဘိုးဘေးများသည် smart phone များအား မြင်ပင် မမြင်ဖူးခဲ့ကြပါ ။ လျှပစ်စ်ဆိုသည်ကိုလည်း မီးထွန်းရန် သာ သုံးစွဲခဲ့ကြသည် ။ ဇာတ်လမ်းများကို မွဲခြောက်ခြောက် အဖြူအမည်းများဖြင့် ပိတ်ကားထက်မှာ ကြည့်ခဲ့ကြရသည် ။ ထို့ထက် ရှေးကျသူများသည် လျှပ်စစ်ဆိုသည့် အရာကိုပင် မသုံးတတ်သေးသော အခါတွင် ဖြစ်ကြသည်လည်း ရှိနိုင်ပါသည် ။ သူတို့ ထိုအရာများအား မသုံးဖူးခဲ့ရရှာပါ ။ သို့သော် သူတို့သက်တမ်းသည် ရာကျော်သော အခြေအနေတွင် ရှိနေကြပါသည် ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကောင်းမွန်သည့် သဘာဝအတိုင်း ဖြစ်တည်နေသော အသီးအနှံတို့ကို စားသုံးခဲ့ကြရပါသည် ။ အကောင်းရှိသလို အဆိုးတို့သည်လည်း ယှဉ်တွဲ ပါဝင်လာတတ်ကြသည် ။


buysell
Image source

ရှေးယခင်က စစ်ပွဲများတွင် ဓါးကောင်းကောင်း သည် အလွန်အသုံးဝင်ပေသည် ။ လွန်ခဲ့သောနှစ် တစ်ရာကျော်က ဓါးကိုင်ပြီး တိုက်ပွဲဝင်သူများ သေနပ် လက်နက်အောက်တွင် ကျရှုံးခဲ့သည် ။ ယခု အချိန် လွန်စွာ ပြင်းအာထက်သော လက်နက်များ ရှိနေလေပြီ ။ ယခု ကျွှန်တော်တို့စားသုံးနေရသည့် အသီးအနှံတို့သည် သဘာဝနှင့် ကင်းကွာလျှက် လျှင်မြန်စွာကြီးထွားကြသည် ။ အချို့အသီးများအား အလွန်ကြီးထွားအောင် ပြုလုပ်ကြသည် ။ ကြက်တစ်ကောင်မှ အသားသည် တစ်လခွဲခန့်ဆိုလျှင် အသင့်စားသုံးရန်ရှိပြီ ။

နောင်တစ်ချိန် နောင် ခေတ်အခါများတွင် အဘယ်သို့သော အစားအသောက် ပုံစံများ ဖြစ်လာဦးမည် မသိပါ ။ ရှေးခေတ်လူတို့ ကျွှန်တော်တို့ ခေတ်ရဲ့ တိုးတက်မှုများကို မသိနိုင်တော့သကဲ့သို့ နောင်တစ်ခေတ်ရဲ့ တိုးတက်မှုများကိုလည်း ကျွှန်တော်တို့ သိနိုင်တော့မည် မဟုတ်ပါ ။ သို့သော် နောင် အနှစ် တစ်ရာကြာလျှင် အနှစ်တစ်ထောင်ကြာလျှင် ဘာတွေ ဖြစ်လာဦးမည်လဲ ဆိုသည်ကိုတော့ စိတ်ဝင်စားမိပါသည် ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရုပ်‌ဝတ္ထုထက်‌ စိတ်‌ပိုင်းဆိုင်‌ တိုးတက်‌ရင်‌ ပို‌ကောင်းပါတယ်‌။

မှန်ပါ့ အကိုရေ ။

အရန်းကောင်းပါတယ်

ကျေးဇူးပါ ဥဥ ဆန်းလင်းခည

ရေခဲတောင်ကြာပွင့်စား အားကောင်း အသက်ရှည်တယ်😁😁😁

ယား စ် ယိ အတွင်းအားထုတ်သွားသည် ။

အချိန်နဲ့အမျှပြောင်းလဲနေသော သဘာဝတရားတွေကြောင့် ထူးဆန်းထွေလာများပြားလာတာကတော့ အမှန်ပါဘဲ ကိုဒိုရယ်

ဒါပေါ့ဗျာ

မသေဆေးပင် ရှာတော့ ဒိုဒို

မသေဆေးက ရှိပါတယ် မသုံးဆောင်ချင် မသုံးဆောင်နိုင်ကြတာပါ ခညာ ။