MSC Gathering ပွဲလေးကြောင့် ပုဂံကို ထပ်ရောက် ဖြစ်၏။ ယခုတခေါက်သည် ပုဂံသို့ ဒုတိယ အကြိမ်မြောက် ရောက်ခြင်း ဖြစ်၏။ ပထမ အကြိမ်က ခပ်ဝေးဝေးက မဟုတ် မနှစ်က ရောက်ခဲ့ခြင်း ဖြစ်၏။ မနှစ်က ပုဂံမှာ (၄) ရက်လောက်နေပြီး ဘုရားစုံ ဖူး ဖြစ်၏။ တချို့ဘုရားများကို မဖူးပဲ တမင် ချန်ထားခဲ့၏။ နောက်တခေါက်လာချိန်ကြမှ ဖူးရန် ဖြစ်၏။ ယခု တခေါက်မှာလည်း အချို့ဘုရားများကို မဖူးပဲ ချန်ထားခဲ့၏။ ပုဂံသို့ ထပ်လာဦးမည်ဆိုသော ရည်ရွယ်ချက်နှင့် ဖြစ်၏။
ရောက်ဖြစ်ခဲ့သည့် (၂) ခေါက်လုံးမှာ တူသည့် အချက်က ပုဂံ ဘုရားများကို ဖူးမြော်ရန် စထွက်တိုင်း ရွှေစည်းခုံ ဘုရားကနေ စတင် ဖူးမြော်ဖြစ်ခြင်းပင်။ နောက်ထပ် တူညီမှုက သရပါ (၃) နှင့် ရွှေပြည်နန်းမှာ ထမင်းစား ဖြစ်ခြင်းပင်။ သို့သော် နောက်ထပ် ပုဂံသို့ ရောက်လျှင်တော့ ရွှေပြည်နန်းမှာ ထမင်းစားဖို့ကို စဉ်းစားရပေလိမ့်မည်။ လက်ရာနှင့် ဆက်ဆံရေးသည် ရှေ့တခေါက်ကလောက် မကောင်းတော့ပေ။
ပုဂံဘုရားဖူးရာ၌ ဘုရားအများစုတွင် ဘုရားသမိုင်း ရှင်းပြသူများကို တွေ့ရပေလိမ့်မည်။ မြန်မာလို၊ အင်္ဂလိပ်လို ကြိုက်ရာ ဘာသာစကားဖြင့် ရှင်းပြနိုင်၏။ ကရားရေလွှတ် အဖြတ်အတောက် အနားယူမှု အလျင်းမရှိပဲ ရှင်းပြပေလိမ့်မည်။ ပထမတခေါက် ပုဂံကို သွားကတည်းက ကျနော်က ထိုဘုရားသမိုင်း ရှင်းပြသူများနှင့် တွေ့တိုင်း ရှင်းပြစရာ မလိုကြောင်း ယဉ်ယဉ်ကျေးကျေးလည်း ငြင်းပယ်လေ့ ရှိ၏။
ပုဂံဘုရားသမိုင်းနှင့် ပတ်သက်သည့် စာအုပ်စာတမ်း တော်တော်များများကို ကျနော် ဖတ်ထားမှတ်ထား ခဲ့ပြီး ဖြစ်၏။ ပုဂံ သမိုင်းမှ မဟုတ် မိမိသွားရောက်လည်ပတ်မည့် နေရာအများစု၏ အခြေအနေ သမိုင်းကြောင်းကို ကျနော်သည် အချိန်၊ သတင်းအချက်အလက် ရလျှင် ရသလို ဖတ်မှတ်ပြီးမှသာ သွား၏။ သို့မှာသာ ထိုနေရာများသို့ မိမိ ရောက်သွားချိန်၌ သိပ်ပြီး သူစိမ်းဆန် မနေတော့ပေ။ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူပဲ အသားကျသွား၏။ ထိုနေရာဒေသနှင့် ရင်းနှီးမှု မြန်မြန်ရ၏။
ယခုတခေါက် ရွှေစည်းခုံ ဘုရားသို့ ဖူးမြော်ဦးခိုက်ရန် ရောက်ရှိသောအခါ ကျနော်ဆိုခဲ့သော ဘုရားသမိုင်း ရှင်းပြသူများနှင့် တွေ့၏။ ရှေးယခင်လိုပဲ ကျနော် အသာအယာ ငြင်းခဲ့၏။ ကျနော်နှင့်အတူ အခြား သူငယ်ချင်း (၃) ယောက်ပါ၏။ ကျနော့်တွင် အကျင့်တခု ရှိ၏။ ဘုရားမြေသို့ စနင်းပြီး စောင်းတန်းအထိသာ သူငယ်ချင်းများနှင့် အတူတက်ပြီး ရင်ပြင်တော်ပေါ်သို့ ရောက်လျှင် တယောက်တည်း အေးအေးလူလူ အကြည်ဓါတ်ယူ တရားနှလုံးသွင်းပြီး ရှိခိုးဦးခိုက်၏။ ထို့ပြင် ရင်ပြင်တော်ပေါ်မှာ လက်ယာရစ် ပတ်၍ ဖူးမြော်ပူဇော်ချိန်တွင်လည်း တယောက်တည်းသာ သွား၏။ ထိုသို့ လုပ်ဆောင်ပြီးမှသာ သူငယ်ချင်းများ မည်သည့်နေရာတွင် ရှိနေသည်ကို ရှာဖွေ ကြည့်ရှုပြီး သူတို့ထံသို့ သွား၏။ ထိုသို့ အေးအေးလူလူ ဘုရားဖူးတတ်ပေမယ့် သူငယ်ချင်းများ ကျနော့်ကို စောင့်နေရသည် ဆိုသည်က နည်းပါ၏။ ကျနော်ကသာ သူတို့ကို ပြန်စောင့်နေရလေ့ ရှိ၏။ ယခုလည်း ကျနော် ဘုရားဖူးပြီးချိန်ထိ သူငယ်ချင်းများ ဘုရား တပတ် ပတ်လို့ မပြီးသေးပေ။ မပြီးသေးသည့် အကြောင်းကလည်း သူတို့က ဘုရားပေါ်စတက်စ စောင်းတန်းရှိ ဆိုင်ခန်းများတွင် ပုဂံ အမှတ်တရ အင်္ကျီများ ၀တ်ဆင်ရန် ၀ယ်ယူနေသောကြောင့်ဖြစ်၏။
ဇာတ်သိမ်းပိုင်း ဆက်ရန်
Don Jaun
MSC 31
အိုဘယ့်ပုဂံ သွားအုံးမယ်ဗျာ ☺ ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သွားပါဗျ

ရေးနိုင်သူတွေရေးကြပါလေ
ပုဂံအကြောင်း ဒို့တော့ ဘာကစရေးရမှန်းမသိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တောင်ကြီးတော့ အားခဲထားတယ် ကိုဒွန်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာဖြစ်အောင်ကြိုးစားပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီတစ်ခေါက် ပုဂံ ရောက် တာ ဘုရားတွေ စုံလင်စွာဖူး ဖြစ်တယ်။MSC ကို ကျေးဇူးတင်ရမှာဘဲ။ ဒီအတိုင်းဆို မသွား ဖြစ်ဘူး။ကိုဒွန်က စာဖတ်အား ကောင်းမယ့်ပုံ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သမိုင်းဆိုတာ အမြဲတည်တံ့နေမှာပါ။ အဲ့ဒီသမိုင်းကိုပြောင်းလဲလို့မရပေမဲ့ လက်ရှိအချိန်မှာတော့ အကောင်းဆုံးသမိုင်းတစ်ခုဖြစ်လာအောင်တော့ ဖန်တီးလို့ရပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံတော့ရောက်ဖူးချင်မိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံကိုတစ်ခါမှမရောက်ဖူးပါ...လှလိုက်တဲ့ရေပြင်တလက်လက်နဲ့....ဇာတ်သိမ်းပိုင်းဆက်အားပေးပါ့မယ်....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံသူလေးနဲ့ ဇာတ်လမ်းက ဘာလို့ပါမလာတာတုံးဆာဒွန် ☺☺☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗုဒ္ဓေါ

ဗုဒ္ဓေါလုပ်မနေနက် အဟုတ်ပြော
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံတော့ ရောက်ဖူးချင်ပါဘိဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇာတ်သိမ်းပိုင်းမျှော်နေဘီ အကိုဒွန်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သွားရောက်မည့်နေရာ အကြောင်း ကြိုလေ့လာတတ်တဲ့ အလေ့အကျင့် ကောင်းတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်

ပုဂံတော့ မရောက်ဖူးသေးဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သွားသင့်ပါတယ်ဗျ။ တခေါက်တခါတော့ ရောက်အောင် သွားပါဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံက အမှတ်တရတွေက သေရပါမဲ့ဒဏ်ရာလို အမြဲသတိရနေမှာဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိုမို

ဘုရားအစုံမဖူးဘဲ နောက်တစ်ခေါက်ဖူးနိုင်အောင်လို့ချန်ခဲ့တယ်ဆိုတဲ့ စိတ်ကူးလေးက မိုက်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရောက်ဘူးခဲ့တာ ဆယ်နှစ်ကျော်တောင်ကြာသွားခဲ့ပီ နောက်တစ်ခေါက်တော့ရောက်ချင်မိရဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံမှာ ဇာတ်လမ်းလေးများတွေ့ခဲ့လေမလား ကိုဒွန်ရေ။