New FacesteemCreated with Sketch.

in myanmar •  6 years ago 

FB_IMG_1527335451652.jpg

မရိုးနိုင်၊ မပြီးနိုင်သော ဂိမ်းအကြောင်းကို ဆက်ပြောချင်ပါသေး၏။ အခြား ဂိမ်း မဟုတ် ML ပေါ့။ တနေ့ တနေ့ ထိုဂိမ်းကို ဘယ်လောက်ထိ ဆော့ ဖြစ်လည်းဆိုလျှင် တခါတလေ မျက်စိ ကိုက်သည် အထိပင်။ ညည တော်တော်နှင့် မအိပ်ဖြစ်တာ ထို ဂိမ်းကြောင့်ပင် ဖြစ်၏။ ယခင်က ဇာတ်ကား၊ ရုပ်ရှင်များ ကြည့်နေသောကြောင့် မအိပ်ဖြစ်ခြင်း ဖြစ်ပေမယ့် ယခုအခါမှာတော့ ဂိမ်းဆော့နေသောကြောင့် မအိပ်ဖြစ်ခြင်း ဖြစ်၏။ ဘယ်လောက်ထိ ဆိုးလည်း ဆိုလျှင် အမေကိုယ်တိုင် ပြောယူရသည့် အထိပင် ဖြစ်၏။

ယခု နောက်ပိုင်းတော့ ယခင်လောက် သိပ်မဆော့တော့ပေ။ ပြင်နေပြီ ဖြစ်၏။ မပြင်လို့လည်း မဖြစ်ပေ။ ကြာရင် မျက်စိပျက်၊ အိပ်ရေးပျက် ဖြစ်လာနိုင်သည်ကိုး။ ထိုမှ တဆင့်တက်ပြီး ကျန်းမာရေးကိုပါ ထိခိုက်နိုင်သည် မဟုတ်လား။ ဆိုခဲ့သည့် အတိုင်း ကျနော်က Fighter အနေနှင့် ၀င်ပြီး ကြမ်းရသည် တိုက်ခိုက်ရသည်ကို သိပ်ပြီး မကြိုက်လှပေ။ တိုက်ပွဲ အနီးကပ် မဟုတ်ဘဲ ခပ်လှမ်းလှမ်း နေပြီး အကြမ်းစားတိုက်ခိုက်သည့် သူများကို ကူညီလိုသူ ဖြစ်၏။ support role ပေါ့ဗျာ။

S90731-181003.jpg

ထို့ကြောင့် စ လေ့ကျင့်ကတည်းကကို Tank နှင့် Mage heroes များနှင့် စလေ့ကျင့် ဖြစ်ခြင်း ဖြစ်၏။ ထို heroes များထဲမှာမှ လုံးဝကို support type heroes များကိုပဲ ဆော့ကစားပြီး လေ့ကျင့် ဖြစ်နေခြင်း ဖြစ်၏။ ပုံမှန် ယူပြီး ဆော့ကစား ဖြစ်နေသည့် heroes များထဲမှ ယခု ထပ်မံ ဆော့ကစား လေ့ကျင့်ဖြစ်နေသည့် heroes တယောက် အကြောင်း ပြောပြလို၏။ အခြား heroes တော့ မဟုတ်ပေ။ Mage အမျိုးအစားများထဲမှ Valir (Son of Flames) ဖြစ်၏။ သူနှင့် (၂) ပွဲလောက် စမ်းဆော့ကြည့်ပြီး ကြိုက်သွား၏။ သူ၏ type က ကျနော်လိုချင်သည့် type မျိုးပင် ဖြစ်၏။

တိုက်ပွဲထဲအထိ ထဲထဲဝင် ပါဝင်စရာ မလိုဘဲ ခပ်လှမ်းလှမ်းကနေ support လှမ်းလုပ်ပေးလို့ ရ၏။ မထင်လျှင် မထင်သလို ကိုယ်တိုင်လည်း တဖက် heroes များကို တိုက်ခိုက် အနိုင်ယူနိုင်သေး၏။ ထို hero နှင့် Rank mode မှာ ဆော့လို့ မရသေးပေ။ မရသေးသည့် အကြောင်းက ထို hero ကို ကျနော် မ၀ယ်ရသေးလို့ ဖြစ်၏။ သို့နှင့် Classic mode မှာပဲ ဆော့ကြည့်နေရသေး၏။ ယခုတော့ သဘောကျသွားပြီ ဖြစ်သဖြင့် Battle points စုပြီး Valir ကို ၀ယ်တော့မည် ဖြစ်၏။

ကျနော်၏ ကျလာလိုက်၊ တက်သွားလိုက် ဖြစ်နေသော Rank ကို Valir နှင့်အတူ ပြန်လည်ပြီး တက်လှမ်းနိုင်အောင် ကြိုးစားမည် ဖြစ်၏။ မိမိနှင့် တွဲဆော့မည့် သူများက မဖောက်လျှင်ပေါ့။

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!