Where airdrop?steemCreated with Sketch.

in myanmar •  6 years ago 

FB_IMG_1527335451652.jpg

ခုတလော အားအားရှိ ဂိမ်းပဲ ဆော့ဖြစ်နေတော့၏။ coinbase ကနေ airdrop များ ရက်ရက်ရောရော ချပေးနေသည်ဟု ကိုဟင်က သတင်းပေး၏။ ထို့ကြောင့် ကိုဟင်ပြောသည့် အတိုင်း လိုက်လုပ်ကြည့်ဖို့ ကြိုးစားမိ၏။ သို့သော် အဆင်မပြေသေးပေ။ coinbase walltet ကိုက ဟိုးယခင်ကတည်းက ဖွင့်ထားခဲ့ခြင်း ဖြစ်၏။ ဖွင့်ထားခဲ့သည်မှာ တော်တော်လေး ကြာပြီ ဖြစ်၏။ verify ဖြစ်ခြင်း မဖြစ်ခြင်းနှင့် ပတ်သက်ပြီး သိပ်ပြီးတော့ သတိမထားမိပေ။ အဓိကက ထိုစဉ်က MMM Global လုပ်ဖို့အတွက် coinbase အကောင့်ကို ဖွင့်ထားလိုက်ခြင်း ဖြစ်၏။

Verify ကိစ္စနှင့် ပတ်သက်ပြီး သိပ်နားမလည်ပေမယ့် ထိုစဉ်က ကျနော့် coinbase သည် ငွေ (Btc) အသွင်း၊ အထုတ် လက်ခံလို့တော့ ရ၏။ အစပိုင်းကတော့ MMM ကြောင့် ထို coinbase ကို မကြာမကြာ ဖွင့်ကြည့်ဖြစ်ပေမယ့် နောက်ပိုင်း MMM site ပျက်သွားပြီး နောက်ပိုင်းမှာတော့ အနှီ coinbase နှင့် ပတ်သက်ပြီး သိပ်သတိမထားမိတော့ပေ။ တလောက ကိုဟင်က airdrop အကြောင်းကို ပြောခါမှ ထို coinbase ကို သတိရမိတော့၏။ ထိုအခါမှာ verify ကိစ္စက တစခန်း ထလာပြန်တော့၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

အဖွဲ့ထဲမှာ တယောက်ကတော့ coinbase သည် မြန်မာနိုင်ငံအတွက် support မပေးကြောင်း၊ အခြားသူထံမှ အသွင်း အထုတ်တော့ လုပ်လို့ ရကြောင်း ပြောပြ၏။ ကျနော်လည်း တော်တော်လေး နားရှုပ်သွား၏။ ကိုဟင်ကတော့ ကိုဒွန် ph နှင့် verify လုပ်ထားခဲ့ဖူးတယ် မလား။ အဲ့ဆိုရင်တော့ စမ်းကြည့်ပါလားဟု ပြော၏။ ကိုဟင် ပြောသလို coinbase စဖွင့်ကတည်းက ph နှင့် verify လုပ်ထားခဲ့ပြီး ဖြစ်၏။ သို့နှင့် ကိုဟင် ပြောသလို ကျနော် coinbase အကောင့်ထဲ ၀င်ပြီး စမ်းကြည့်၏။

ကိုဟင်ပြောသလို Video ကြည့်ဖို့တော့ ပါပြီး မေးခွန်း ဖြေဖို့တော့ မပါနေပေ။ အောက်ဆုံး နားလေးမှာ မေးခွန်း ပါမည်ဟု ဆိုသော်လည်း မတွေ့ရပေ။ waitlist ဆိုသည့် စာလေးသာ မြင်ရ၏။ အဖွဲ့ထဲမှ တယောက်လည်း waitlist ပင် ဖြစ်၏။ ကနဦးတုန်းက တယောက် ပြောသလိုပင် မြန်မာနိုင်ငံ မရသေးဘူးလားပေါ့။ အော် airdrop ချပေးခါမှ ကိုယ်တွေရဲ့ ကုသိုလ်ကံကလည်း ဆိုးချက်။ ကိုဟင် ပြောသည့်အတိုင်းသာဆို ကျနော်တို့အတွက် တော်တော်လေး နှမြောဖို့ ကောင်း၏။ September လအထိတိုင် Airdrop တွေ တောက်လျှောက်ချပေးဖို့ ရှိသည် ဆို၏။

waitlist လေး မြန်မြန် ပျောက်သွားလျှင် ကောင်းလိမ့်မည်။ သို့မှသာ အများသူငါလို ကိုယ်တွေလည်း ပျော်ရမည် မဟုတ်လား။ ကိုဟင်ပြောသလိုသာ ဆိုလျှင် သူ့ရုံးက ၀န်ထမ်းများတောင် တယေက်ကို $ 200 လောက် ရနေပြီ ဆို၏။ အားကျလိုက်ပါဘိပါ။ ကိုယ်လည်း သူတို့လို ဖြစ်ချင်ပါ၏။ waitlist လေး မြန်မြန်ပျောက်ပါစေ ဆုတောင်းရင်း .....

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အယ် ကိုဒွန် ရယ် အဲ့ကြာင်းလေး အသေးစိတ်ရေးပြပါဗျာ

ဟုတ်
လောလောဆယ်တော့ နည်းရှာလိုက်ဦးမယ်ဗျ

အော် ကိုယ်က မြန်မာနိုင်ငံမှာ လူဖြစ်ရတယ်လေ ။

သိပ်ဝမ်းနည်းဖို့ ကောင်းတယ်

Myanmar!!!!!

Posted using Partiko Android

😩