ဇာတ်ပို့

in myanmar •  7 years ago 

image

ဇာတ်ပို့

ဇာတ်သိမ်းခန်းက
ငါ့အတွက် မဟုတ်မှန်း သိပေမယ့်
အိပ်မက်က တားမရဘူး
(သူက သိပ် ခေါင်းမာတယ်)

ခပ်ယဲ့ယဲ့ မျှော်လင့်ချက်နဲ့
အဲ့ နှလုံးသား လေး
ခုန်ခုန်နေတာက
မကြာခင် ကျွမ်းတော့မယ့်
ဘတ်သီး တလုံးနှယ်

ပရိသတ် မျက်ရည်ကို
ချူတာ မဟုတ်ပါဘူးလေ
ငါဟာ အကြင်နာ ငတ်နေသူပါ

အိပ်မက်ကို အိပ်မက်နဲ့
ဖြားယောင်း သွေးဆောင်မိတာကို
အပြစ်လို့ ဆိုရင်တော့
ဇာတ်သိမ်းခန်းကိုပဲ ကျော်ကြည့်လိုက်ပါ

နာကျင်ခြင်းကို အချစ်လို့ခေါ်မယ်ဆို
ငါ့ ဘဝဟာ
အချစ်တွေ နဲ့ ပြည့်နေခဲ့တာပေါ့လေ
(ကိုယ်တိုင်တောင် မသိလိုက်ဘူး)

ငါ့
ဇာတ်နာအောင်
ငါ ကိုယ်တိုင် မပို့ချင်လည်း
ပို့နေရတာလေ

မတော်တဆ
အကယ်ဒမီရမယ်ဆို
ငါ သေမှပဲ ပေးပါ
နာလက်စနဲ့
ဆက်ပြီး
ဇာတ်နာလိုက်ကြတာပေါ့

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

image
photo from ZEDGE

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းတယ်ဗျာ

ကျေးဇူးပါဗျ

အကယ်ဒမီ ပွဲ နီးလာပီယေ😋

ကျတော် တော့ရမှာ မဟုတ်

ဒီဘဝ မှာ ဇာတ်ပို့ နဲ့ တင်းတိမ်မနေနဲ့ဗျာ့

မင်းသားလုပ်ပီး မင်းသမီးနဲ့ စုံတွဲခုတ်အုန်း။

မင်းသမီးက မရှိဘူးရယ်

ဇာတ်ကားကြီးမှောက်တယ်ဆိုတာ ဆာဒွန်တို့ဇာတ်လား တော်တော်နာမှာပဲ

ဟုတ်ပ
😂

ကိုဒုန်က မင်းသား လက္ခဏာပါဗျာ

အမှန်မြင်တယ်
တော်ချက် အေ