Crypto မှာလည်း အားနည်းချက်တွေရှိပါတယ်။ ၎င်းအားနည်းချက်က ဒီနိုင်ငံ၏ အားနည်းချက်နှင့် ပူးပေါင်းမိသောအခါ အလွန်းဆိုးဝါးသည့်အကျိုးရလဒ်တွေဖြစ်ပေါ်လာတက်ပါသည်။
Crypto မှာ မှ Market ထဲ ရောက်နေသည့် Coin အမျိုးအစားနှင့် Market ထဲ မရောက်သေးသည့် ( ICO ) coin ဆိုပြီး ၂မျိုးခွဲခြားနိုင်ပါသည်။
Market ရောက်နေသည့် Coin များမှာ မှ MLM ဆန်ဆန်သွားသည့် Coin အမျိုးအစားလည်းရှိနေပြန်သေးသည်။
ဒီလို Coin တွေအကြောင်းနှင့် အားနည်းချက်တွေကို အပိုင်း (၃) မှာ ဆက်လက်ရှင်းပြပေးပါမယ်။ နမို့ဆို မနေ့က ပြောထားသည့် အကြောင်းအရာလေး ပျောက်သွားမှာ ဆိုးလို့ပါ။
ဒီနိုင်ငံမှာ Crypto ကို တရားမဝင်သက်မှတ်လိုက်လျှင် ဘာတွေဖြစ်လာ မလဲ?
မကြာသေးခင်က သတင်းစာတစ်စောင်မှာ Crypto ကို ပိတ်ပင်ဖို့ကျိုးစားမှုတွေရှိနေကြသည်ဟု ပါရှိတယ်ဆိုတာ အားလုံးအသိပါ။ တစ်ကယ့်လို့ Crypto ကိုပိတ်ပင်ကြသည်ဆိုပါတော့ Mining သမားတွေ/ Coin ဝယ်စုသူတွေ/ Exchange သမားတွေက တစ်နည်းတစ်ဖုံဖြင့်ကျိုးစားလာကြမှာဖြစ်ပါတယ်။
Mining သမားများသည့် မိမိတို့ဝယ်ယူထားသည့် စက်များရှိနေသောကြောင့် ဆက်လက်တူးယူနေကြမှာဖြစ်ပါတယ်
Coin များကို Trade လုပ်သူများက ဆက်လက် Trade နေကြအုံးမှာဖြစ်ပါတယ်
၎င်းရရှိလာသော အမြတ်အစွန်းများကို Exchanger တွေကို ရောင်းချ၍ဖြစ်စေ/ အနီးဆုံး Thai နိုင်ငံမှာ Bank အကောင့်ဖွင့်ပြီး ရောင်းချ၍ ဖြစ်စေ ၎င်းတို့ငွေကြေးများကိုထုတ်ဖော်ကြမှာဖြစ်ပါတယ်
Local Exchanger များအတွက် လက်ရှိအချိန်တွင် Crypto Law ဆိုတာမရှိသေးပါဘူး။ ၎င်းကိစ္စကို ရစ်ချင်ရင်တော့ နိုင်ငံခြားငွေစဉ်မံခန့်ခွဲမှု ဥပဒေ 38, 38(C) တို့ဖြစ် အရေးယူလို့ရနေပါတယ်။ ၎င်း ပုဒ်မများအရ အမြင့်ဆုံးထောင်ဒဏ်(၃) နှစ်ဖြစ်စေ, ငွေဒဏ်ဖြစ်စေ, ဒဏ် (၂)ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ ဒါတွေက Exchanger တွေအပြင် နိုင်ငံခြားငွေ အလွဲအပြောင်းလုပ်သည့် မည်သူမဆို အရေးယူနိုင်မှာဖြစ်ပါတယ်။
ဒီလိုဆို Exchanger တွေဘာလုပ်မလဲ?
လက်ရှိ ဥပဒေအရ လွှတ်ကင်းချင်ရင်ဖြစ် Company တစ်ခုမှတ်ပုံတင်ပါ ပြီးနောက် Currency Exchange လိုင်စင်လျှောက်ပါ။ ဒါဆို လက်ရှိ ဥပဒေအရလွှတ်ကင်းပါသည်။ Crypto နှင့် သက်ဆိုင်သည့် ဥပဒေ မထုတ်ခင်အထိပါ။
ကဲဆက်သွားကြရအောင်
ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေရှိပြီးသားတောင် တရားမဝင်လုပ်နေတာတွေအများကြီးပါ ( 2D,3D ( ရုပ်ရှင်မဟုတ်ပါဘူး လောင်းကစားတွေပါ), တရားမဝင် အနှိပ်ခန်းများ, တရားမဝင် KTV များ, ဘိန်းစိုက်ခင်းများ, တရားမဝင် တွင်းထွက်ပစ္စည်းထုတ်ယူမှုများ/ ရောင်းချမှုများ/ ခိုးထုတ်မှုများ, တရားမဝင် သစ်ထုတ်ယူမှုများ, သတင်းထဲမှာ ပါနေသည့် ပိုင်ရှင်မဲ့တွေမှ ပြောလို့ဆုံးမှာ မဟုတ်တော့ပါဘူး)။ ဒီလိုကိစ္စတွေကိုတောင် နိုင်နိုင်နင်းနင်းမလုပ်နိုင်သေးသည့် ကျွန်တော်တို့နိုင်ငံအတွက် သုံးစွဲသူ 0.001% တောင် မရှိသည့် Crypto အပေါ် အာရုံစိုက်နိုင်ဖို့ လိုပါသေးတယ်။
Crypto ကြီး တရားမဝင်ခဲ့ရင်......
လုပ်တဲ့သူတွေက ဆက်လုပ်ကြအုံးမှာဖြစ်ပါတယ်။ ဒီတော့ Banking တွေမသုံးဘဲ မှောင်ခို ဈေးကွတ်ဖြစ်လာမှာပါ။ ဘာပဲပြောပြော Banking System ကို သုံးနေသည့် အတွက် နိုင်ငံတော်၏ Tax(အခွန်) ကို အထိုက်အလျှောက်ပေးဆောင်ပြီးသားဖြစ်ပါတယ်။ Banking System ကို သုံးစွဲသည့် အတွက် ငွေကြေးလိမ်လည်မှုများကို အထိုက်အလျှောက် ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။
မှောင်ခိုဈေးကွတ်သာ ဖြစ်ပေါ်လာခဲ့လျှင် သုံးစွဲသူအတွက် နစ်နာမှုက ပိုလို့ပင်များလာပါလိမ့်မယ်။ ဒီနိုင်ငံသားများ၏ ငွေကြေးဆုံးရှံးမှုက ပိုများလာပါလိမ့်အုံးမည်.....
ICO ဒုက္ခအကြောင်း, MLM ဆန်သည့် Coin တွေအကြောင်း နှင့် သက်ဆိုင်ရာက ဘယ်လို ထိန်းကြောင်းလို့ရမလဲ ဆိုတာကို အပိုင်း(၃) မှာ ဆက်လက် ရေးသားပေးပါမည်
ဒီပကျော်
@dpakyaw
#myanmar
#law
#money
#crypto
Photo Credit- Google
အကိုစာဖတ်ရတာ ဗဟုသုတ တိုးစေပါတယ်အကို။mining ဆောင်းပါးလေးတွေဖတ်ချင်ပါေးတယ်။ thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါခဗျ :) ကျွန်တော်သိသ မျှကို ပြန် Share ပေးမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good bro @dpakyaw
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျိုးစားနေပါတယ်
တစ်ချို့ဟာတွေကပြောစရာများနေလို့ အပိုဒ်ခွဲဖြစ်သွားပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါခဗျ :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အနုမာနမှန်းဆချက်ဟာအကျိုးအကြောင်းသင့်ပါတယ်။သို့သော်လည်း ဆန်ခိုမမိဖွဲခိုးမိဆိုတဲ့စကားပုံရှိတဲ့နိုင်ငံဖြစ်ပြီး ငါးအကြီးကြီးမကြော်ပဲ ငါးလေးကြော်တာကြိုက်တဲ့နိုင်ငံဆိုတော့ သတိဆိုတာပိုတယ်မရှိပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
We Are Live In Myanmar
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit