အ​တွေးစာစု

in myanmar •  7 years ago 

တဏှာဟူ​သောလိုချင်​တပ်​မက်​စွဲလန်းမှူ​ကြောင့်​ဘဝ​များစွာဖြစ်​ရသည်​။သံသရာမှာကျင်​လည်​ရသည်​ဟုဗုဒ္ဓ
မြတ်​စွာဘုရားက​ဟောကြားခဲ့သည်​။တဏှာကုန်​ခမ်းပါကဘဝဆက်​ပြတ်​၍နိဗ္ဗာန်​သို့မျက်​​မှောက်​ပြုရသည်​ဟု
လည်း​ဟောကြားခဲ့ပါသည်​။
ပုထုဇဉ်​လူသားတို့အဖို့စွဲလမ်းတပ်​​မက်​မှူသည်​ကုန်​ခမ်း
သွားသည်​မရှိရှိ​နေ​ပေသည်​။
စွဲလမ်းတက်​မက်​မှူနှင့်​ကုသိုလ်​အကုသိုလ်​အကျိုး​ပေးအ​ကြောင်းကံများ​သည်​သံသရာ​တွင်​ဘဝများစွာကိုဖန်​တီး​ပေးသည်​။
မိမိတို့သည်​လိုချင်​တပ်​မက်​မှူအားဖြတ်​​တောက်​နိုင်​ခြင်း
မရှိ​သော​လောကီလူသားများဖြစ်​ကြ​ပေသည်​။လိုချင်​တပ်​မှူ​ကြောင့်​စိတ်​ကူးထဲ၌အခါအခါ​တွေးမိကြသည်​။ထိုအခါ
ဖြစ်​​ပေါ်လာ​သောစွဲလမ်းမှူတခုအားတွယ်​ငြှိအမြစ်​တွယ်​ခြင်းဟူ​သောဥပါဒါန်​ဖြစ်​​ပေါ်လာသည်။
၎င်းဥပါဒါန်​​ကြောင့်​ဘဝ​တွေဖြစ်​သည်​။အိုနာ​သေ​ဘေး
ဒုက္ခတရားများဖြစ်​ကြရသည်​ဟုပဋိစ္စသမုပ္ပာဒ်​၌မြတ်​စွာဘုရားက​ဟောကြားခဲ့သည်​။
တဏှာဖြစ်​ရသည့်​အ​ကြောင်းရင်းများသည်​အာရုံ၌ကပ်​ငြှိမိသည့်​အ​ကြောင်း​များ​ကြောင့်​ဖဿ ဟူသည့်​ထိ​တွေ့မှူ
ဖြစ်​လာ၍​​ဝေဒနာဟူသည့်​ခံစားမှူဖြစ်​လာသည်​။
ထို့​နောက်​စွဲလမ်းတပ်​မက်​မှူတဏှာဖြစ်​လာသည်​ဟု
မြတ်​စွာဘုရားက​ဟောကြားခဲ့ပါသည်​။
ထိုပဋိစ္စသမုပ္ပာဒ်​​ဒေသနာအားဖတ်​ရှူ့ပူ​ဇော်​မိရင်းစာ​ရေး
သူအ​တွေးတခု​တွေးမိသည်​။စွဲလမ်းတပ်​မက်​မှူ​ကြောင့်
တွယ်​ငြှိမှူဥပါဒါန်​များဖြစ်​ကြသည်ဆိုသည်​ကို​စာ​ရေးသူ
တို့​​လောကီနယ်​ပယ်နှင့်​ယှဉ်​၍ဖြစ်​​ပေါ်လာ​သောအ​တွေး
တခုဖြစ်​သည်​။ဥပမာအားဖြင့်​စာ​ရေးသူသည်​အကျီင်္​လေး
တစ်​ထည်​အားကြည့်​မိ၍အမြင်​အာရုံ၌ကပ်​ငြှိမိသည်​။
ထို့​နောက်​ကိုင်​ကြည့်​မိသည်​။လိုချင်​သည့်​​ဝေဒနာဖြစ်​​ပေါ်
လာသည်​။ထို​ဝေဒနာပြင်းထန်​လာ​သောအခါ၌စွဲလမ်းမှူ
ဖြစ်​လာသည်​။ထိုစွဲလန်းမှူရင့်​သန်​လာ​သောအခါဥပါဒါန်​ဟူသည့်​လိုချင်​သည့်​စိတ်​အမြစ်​တွယ်​လာ၍ဤအကျီင်္အား
ဝယ်​မိ​တော့သည်​။ထိုအခါ၌အကျီင်္အားပိုင်​ဆိုင်​သည့်​ဘဝသို့​ရောက်​​လေ​တော့သည်​။အကျီင်္အားပိုင်​ဆိုင်​သည့်​အချိန်​မှစ၍၎င်းနှင့်​ပတ်​သတ်​သည့်​သုခ၊ဒုက္ခဟူသမျှခံစား
ရ​လေ​တော့သည်​။
အာရုံကျက်​စားမှူတခုသည်​ဥပါဒါန်​ဟူသည့်​အမြစ်​တွယ်​ရင့်​သန်​မှူသို့​ရောက်​​သောအခါ၌ဘဝတစ်​ခုသည်​မလွဲ
မ​သွေပင်​ဖြစ်​​ပေါ်လာရသည်​။ဤသို့ဆိုလျှင်သံသရာဆက်​ပျက်​​အောင်​လုပ်​၍​လော
ကုတ္တရာနယ်​ပယ်​သို့တက်​လှမ်းနိုင်​ခြင်းမရှိသည့်​ပုထုဇဉ်
ဖြစ်​သည့်​စာ​ရေးသူတို့သည်​​မိမိတို့လိုချင်​သည့်​ဘဝသို့
မလွဲမ​သွေ​ရောက်​ရှိနိုင်​သည့်​အာရုံများအ​ပေါ်၌အဖန်​ဖန်
တလဲလဲဖြင့်​ကျက်​စားခြင်းဖြင့်​​လောကီနယ်​ပယ်​၌​မိမိလိုချင်​သည့်​ဘဝကို​ရောက်​ရှိနိုင်​မည်​ဟူ​သောအ​တွေး
ဖြင့်​ချဲ့ထွင်​စဉ်းစားမိခဲ့သည်​။အနီးစပ်​ဆုံးတွဲဖက်​စဉ်းစားမိသည်​မှာAuto-Suggestionပြုလုပ်​ခြင်းနှင့်
့​ဖြစ်​သည်​။
မြတ်​စွာဘုရား​ဟောကြား​တော်​မူခဲ့​သောပဋိစ္စသမုပ္ပာဒ်​​ဒေ
သနာ​တော်​သည်​နိဗ္ဗာန်​​ရောက်​​ကြောင်းတရားဖြစ်​သည်​။
မိမိတို့​လေ့လာမိ​သောAuto-Suggestion၌မိမိတို့
လိုချင်​သည့်​အရာတခုအားစာဖြင့်​​ရေး၍အဖန်​ဖန်​တလဲလဲရွတ်​ဆိုရမည်​။ထို့ပြင်​မိမိလိုချင်​သည့်​အရာအားဆွဲသားထား​​သောရုပ်​ပုံများအားကပ်​ထား၍ကြည့်​မြင်​ထိ​တွေ့​နေရမည်​။ဤသည်​မှာလိုချင်
မိသည့်​အရာအားအာရုံကျက်​စားမှူများအားပြုလုပ်​ခြင်း၊
ထိ​တွေ့မှူများအားပြုလုပ်​ခြင်းပင်​ဖြစ်​သည်​။ထိုသို့အာရုံကျက်​စားထိ​တွေ့မှူများ​သောအခါ၌လိုချင်
မှူ​ဝေဒနာသည်​တိုးပွားလာသည်​။ဝေဒနာတိုးပွား
လာ​သောအခါ၌စွဲလန်းမှူတဏှာသည်​ဖြစ်​ပွားလာသည်​။
စွဲလမ်းမှူရင့်​သန်​လာ​သောအခါ၌အမြစ်​တွယ်​မှူဥပါဒါန်​သည်​ရင့်​သန်​ကြီးထွားလာခဲ့သည်​။လိုချင်​မှူကြီးထွားရင့်​သန်​လာချိန်​၌လူသည်​မိမိလိုချင်​သောအရာအားရရှိမည့်
နည်းလမ်းများအားကြံ​ဆောင်​၍မပျင်းမရိအားထုတ်
ပါ​တော့သည်​။ထိုအခါမိမိလိုချင်​​သောအရာသည်
မလွဲမ​သွေရရှိပါ​တော့သည်​။ထိုအခါ၌​မိမိရရှိထား​သော
အရာ၏​ကောင်း​မွေ၊ဆိုး​မွေသုခ၊ဒုက္ခများအား​ရှောင်​လွှဲမရ
ခံစားရ​ပေ​တော့သည်​။
ဤသည်​မှာစာ​ရေးသူ​ချဲ့ကား​တွေးမိသည့်​အ​တွေးတစ်​ခု
ပင်​ဖြစ်​ပါ​တော့သည်​။လောကုတ္တရာအလုပ်​နှင့်​​လောကီ
ကြီးပွားရာလမ်း​ကြောင်းသည်​ပြဿားတစ်​လမ်းသံတစ်​လမ်းသာဖြစ်​သည်​။
သို့​သော်​လည်းစာ​ရေးသူတို့သည်​​လောကီကြီးပွားတိုး
တက်​​ရေးအတွက်​ကြိုးစားအားထုတ်​၍ရရှိထား​သော
စည်းစိမ်​ချမ်းသာများအားဒါနဟူသည့်​​ပေးကမ်းလှူ ဒါန်းမှူ
များပြုလုပ်​ခြင်းဖြင့်​ကုသိုလ်​များအားပွားများအားထုတ်​​ခြင်းဖြင့်​​လောကုတ္တရာနယ်​ပယ်​သို့တက်​လှမ်းနိုင်​သည့်
အ​ထောက်​အပံ့ဖြစ်​​စေနိုင်​​ပေသည်​။
သံသရာပြတ်​၍နိဗ္ဗာန်​သို့​ရောက်​လိုလျှင်​ပဋိစ္စသမုပ္ပာဒ်​ပြတ်​​အောင်​ကြိုးစားရမည်​။ပုထုဇဉ်​နယ်​ပယ်​ဖြစ်​​သော
ကြီးပွားချမ်းသာလိုမှူ​လောကီကိစ္စများ၌မူ​ကောင်း​သော
အာရုံများ၌ကျက်​စားခြင်းဖြင့်​​ကောင်း​သောအရာများတွင်
ပဋိစ္စသမုပ္ပာဒ်​လည်​​စေခြင်းဖြင့်​​ကောင်း​သောဘဝများ
ဖြစ်​​စေနိုင်​သည်​ဟူ​သောအ​တွေးမျိုး​တွေးမိပါ​တော့သည်​။

ဤစာစုသည်​စာ​ရေးသူ​တွေးမိ​သောအ​တွေးများသာဖြစ်
သည်​။နားလည်​တတ်​ကျွမ်းသူများအ​နေဖြင့်​စာ​ရေးသူ၏
စာစုသည်​မှားယွင်းသည်​ဟုယူဆမိလျှင်​စာ​ရေးသူ၏
အမှားအား​ဝေဖန်​​ထောက်​ပြနိုင်​ပါ​ကြောင်း​ပြောကြားရင်းဖြင့်​ဤစာစုအားနိဂုံးချုပ်​လိုက်​ပါ​တော့သည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image

Credited image from https://pixabay.com/en/question-problem-think-thinking-622164/

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သမုဒယ၊ တဏှာ သကြားကွပ်ထားလို့သာ ဒုက္ခကို ဒုက္ခမှန်း မသိကြတာ။ နောက်ဆုံးတော့ သူ့ရဲ့ အဖြစ်မှန်က ဒုက္ခပဲ။ ဒီဒုက္ခက လွတ်ဖို့ဆိုတာက သူ့ကို အနိစ္စတင်ဖို့ပဲ – မမြဲဘူးဆိုပြီး ထွက်ရတာ — အပျက်နဲ့ ထွက်ရတာပဲ။ အပျက်နဲ့ထွက်တဲ့အခါကျ ဒုက္ခအဆုံး ရောက်သွားရင်တော့ လွတ်မြောက်သွားတာပဲ။

ဟုတ်​ကဲ့ပါရှင့်​။တမီးကစာ​တွေ့ပဲရှိတာပါရှင့်​။

စွဲလန်းမှုတွေကမကောင်းဘူးပေါ့နော်

သမီးလေး..အိအိခိုင်
ဒီအရွယ်နဲ့ဒီလိုမြင်တတ်တာ..သိနေတာဆိုတာ..ခေတ်စကားနဲ့ပြောရရင်..တော်ရုံစကေးမဟုတ်ဖူး။အရမ်းတော်တယ်။သမီးပြောတာ..အမှန်တွေဘဲ။
မသိသူတွေက..ဆက်သွားနေကြတယ်။နည်းနည်းပါးပါးသိလာတော့..ရပ်ပီး.ကြည့်တယ်။သတိလေး..ကပ်လာတော့
အဲဒီ.ဥပ္ပဒါန်ကြီးဟာ..ကောင်းလား..မကောင်းလား..သုံးသပ်လာတယ်။သတိဟာ..တော်တော်လေးကပ်လာတာနဲ့..အပြစ်ကိုမြင်လာတယ်..ပယ်စပြုလာတယ်။အာသေဝန
သဘောတရားအရ..အဖန်တလဲပြုပါများလာတော့..ဖဿ မှာဖြတ်ပစ်ပါတယ်။တချို့က..ဝေဒနာမှာဖြတ်ပါတယ်။
လောကီရဲ့အပြစ်ကိုမြင်မှ..သိမှ..လောကုတ္တရာကိုကူးခြင်တာပါ။
နောက်တခု..သမီးပြောတဲ့ဟာက..အဓိပတိတပ်ခြင်းပါ။
သမထနဲ့ဝိပသနာဟာ..တလမ်းစီပါ။ဒါပေမဲ့..သမထမပါဘဲနဲ့ဝိပသနာကူး၍မရပါ။ဒါက..အန်တီသိသလောက်နော်။
အများကြီးကျယ်ပြန့်ပါတယ်သမီး။

ဟုတ်​ကဲ့အန်​တီ။ပြောပြ​ပေးတာ​ကျေးဇူးတင်​ပါတယ်​ရှင့်

အ၇မ်း​ကောင်​ပါတယ်​ဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

လိုချင်တိုင်းတော့ တဏှာမဖြစ်ဘူးပေါ့နော်၊ ဥပမာနိဗ္ဗာန်ကိုလိုချင် တယ်ဆိုတဏှာမဖြစ်ဘူး။ လောဘနဲ့တွဲလာမှာသာ တဏှာ၊ဥပ္ပါဒါန်၊သင်္ခါရ၊ ဘဝ ဆိုပြီးလာမှာ။

ဟုတ်​ကဲ့ပါရှင့်

အားပေးခဲ့ပါတယ်

ဟုတ်​ကဲ့ပါရှင့်

စွဲလန်းမှု များမှ တကယ်ရတဲ့ သဘောလား မအိ

ဟုတ်​အဲလိုသ​ဘောပါပဲကိုမြင့်

အလွန်အကြူးစွဲလမ်းမှုတွေက မကောင်းပါဘူး

စွဲလမ်းမှုတွေ အရမ်းများရင်တော့ မကောင်းဘူးပေါ့

ဟုတ်​ကဲ့

စွဲလမ်းမှုတွေ အရမ်းများရင်တော့ မကောင်းဘူးပေါ့

ကျွန်​​တော်​တို့လည်း sbd steem ​တွေစွဲလမ်းမှုဖြစ်​​နေကြပြီ

ကျွန်​​တော်​တို့လည်း sbd steem ​တွေစွဲလမ်းမှုဖြစ်​​နေကြပြီ

အမှန်​ပဲ။

တရားသဘောလေးနှင့်ရှင်းပြထားတာ အရမ်းကောင်းတယ် မမအိရေ

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင့်​။

စွဲလန်းမှုတွေကမကောင်းဘူးပေါ့နော်

လွန်​ကဲရင်​​တော့မ​ကောင်းဘူး​ပေါ့ရှင်​။

Congratulations @eieikhing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your Board of Honor.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last announcement from @steemitboard!

Do you like SteemitBoard's project? Vote for its witness and get one more award!

တရားသဘောတွေပါလား မအိရေ

ဟုတ်​ကဲ့မမ

မှတ်သားရပါတယ် ကျေးဇူးပါခင်ဗျ

ဟုတ်​ကဲ့ရှင့်​။

အားပေးခဲ့ပါတယ်အမ။

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

အမှန်​​တော့ ကုသိုလ်​ဆိုတာလဲ သံသရာ ပိုလည်​​စေတဲ့အရာပါပဲ နတ်​ဖြစ်​ရင်​လည်း​သေရဦးမှာပါပဲ သီလ နဲ့ သမာဓိကပဲ ချွတ်​​ပေးနိုင်​တာပါ။ သိသ​လောကိပည

ဟုတ်​ကဲ့

အား​ပေးခဲ့ပါတယ်​ အမ​ရေ...။

ဟုတ်​ကဲ့