လူသားပန်းပုရုပ်​က​လေး

in myanmar •  7 years ago 

အ​ဖေနှင့်​အ​မေအတွက်​ အ​ပျော်​ဆုံးအချိန်​ တစ်​ခု​ဖြစ်​တည်​လာခဲ့ပြီ။ သား​လေးလား၊ သမီး​လေးလားမသိ လူသား​လေးတစ်​ဦး စတင်​ဖြစ်​​ပေါ်လာခဲ့ပြီ။
အ​မေသည်​လည်း ထိုလူသားက​လေးလူ့​လောကသို့ ​ ကိုယ်​လက်​ခန္ဓာစုံလင်​စွာဖြင့်​အရာရာပြည့်​စုံ၍​လူ့​လော
ကသို့ ကံ​ကောင်းခြင်းများစွာဖြင့်​လာချင်း​ကောင်း​သော လူသားက​လေးဖြစ်​ဖို့အစစအရာရာကြိုးစားရ​လေပြီ။
အပူ၊အစပ်​၊ချိုချဉ်​ဖန်​ခါးစသည့်​ထိုလူသား​လေး၏ကျန်း​မာ​ရေးထိခိုက်​​စေမည့်​အစားအ​သောက်​များအား​ရှောင်​ကြဉ်​ရ​လေသည်​။မိမိရင်​​သွေးလူသားက​လေး စိတ်​​ထား နူးညံ့​ပျော့​ပျောင်း၍ စိတ်​​ကောင်းနှလုံး​ကောင်းရှိပြီး ဘာ သာတရားကိုင်းရှိုင်းသည့်​က​လေး​လေးဖြစ်​​စေဖို့ မိခင်​သည်​ ဒါန၊သီလ၊​ဘာဝနာစသည်​တို့အား တတ်​နိုင်​သမျှ ပွားများ၍ အ​ဖေနှင့်​အ​မေတို့၏လူသားပန်းပုရုပ်​က​လေး ကာယ၊စိတ္တနှစ်​ဖြာပြည့်​စုံ​စေရန်​ ကြိုးစားပုံသွင်း၍စတင်​ထုဆစ်​ရ​လေသည်​။
မိခင်​သည်​ထိုလူသားပန်းပုရုပ်​က​လေးအား စကြာဝဠာအနန္တ၌​ရေတွက်​၍ မကုန်​ခန့်​မှန်းတွက်​ချက်​၍မရ​သောမိခင်​​မေတ္တာအလုံးစုံဖြင့်​ ပုံအပ်​ကာထိုလူသား က​လေးအားထုဆစ်​ပုံသွင်း​​နေသကဲ့သို့ ဖခင်​ပန်းပုဆရာကြီးမှာလည်း ထိုလူသားက​လေးဖြစ်​တည်​မှူ အတွက်​ အားထုတ်​ကြိုးပမ်းမှူမှာကား အံ့မခန်းပင်​ဖြစ်​ခဲ့​သည်​။
လူသားက​လေးလူ့​လောက၌ အရာရာပြည့်​စုံ၍ မပူမပင်​မ​တောင့်​မတဘဝဖြင့်​ရှင်​သန်​ကြီးထွား​စေရန်​ စီးပွားဥစ္စာများအား ကြိုးစားရှာ​ဖွေ​နေ​လေသည်​။သို့​သော်​ထိုလူသားပန်းပုဆရာကြီး​ဖေ​ဖေ၏ ထုဆစ်​ပုံကားထူးခြား လှ​ပေစွ။
ပန်းပုဆရာ​ဖေ​ဖေကြီးသည်​ စာဖတ်​ဝါသနာကြီးသူ တစ်​​ယောက်​ဖြစ်​​ပေသည်​။သူသည်​စာအုပ်​အများအပြားအားဖတ်​ရှူ့ ​လေ့လာသူတစ်​​ယောက်​လည်း ဖြစ်​ခဲ့​ပေသည်​။
သူဖတ်​ရှူ့ ​လေ့လာ​သောစာအုပ်​များ၌ စိတ်​ပညာနှင့်​ပတ်​သတ်​​သောစာအုပ်​အများအပြား ပါဝင်​ခဲ့​လေသည်​။ထိုစိတ်​ပညာစာအုပ်​များ၌ ပါဝင်​​သော Auto-Suggestion စိတ်ပညာအားသူအလွန်​ စိတ်​ဝင်​စားခဲ့သည်​။
ထို့​ကြောင့်​သူ၏မမြင်​ရ​သေး​သောလူသားက​လေး အားထိုAuto-Suggestion ပညာဖြင့်​စတင်​ထုဆစ်​ ၍လူသားက​လေးလူ့​လောကသို့​ရောက်​လာမည့်​အချိန်​အားရင်​ခုန်​​မျှော်​လင့်​​စောင့်​စား​နေ​လေ​တော့သည်​။
ညဘက်​လူ​ခြေတိတ်​သည့်​အချိန်​​ရောက်​တိုင်း ပန်းပုဆရာ​ဖေ​ဖေသည်​သူ့၏ဇနီးဝမ်းဗိုက်​အားလက်​က​​လေး ဖြင့်​ကိုင်​ကာသူထုဆစ်​ချင်​သည့်​ လူသားက​လေး၏ အနာဂါတ်​အတွက်​ စာသားများအားတတွတ်​တွတ်​ရွတ်​ဆို​တော့သည်​။
ထိုကဲ့သို့​ဖေ​ဖေနှင့်​​မေ​မေသည်​ ​နေ့စဉ်​စိတ်​မှန်းဖြင့်​ ထုဆစ်​ခဲ့​သောပန်းပုရုပ်​က​လေးသည်​ ၁၀လတင်းတင်းပြည့်​​သည့်​​နေ့၌ စတင်​၍ပုံ​ဖော်​​မွေးဖွားလာခဲ့​လေသည်​။
လူသားက​လေးလူ့​လောကသို့စတင်​ဝင်​​ရောက်​လာခဲ့​​ပြီ။
"ဘာ​လေး​မွေးလဲဆရာမ"
"မိခင်​​ရောက​လေး​ရောကျန်းမာ​ရဲ့လားဗျ။"
အသက်​ပင်​ဝ​အောင်​မရှူနိုင်​ဘဲ အ​ပြေးအလွှား​မွေးခန်းထဲမှထွက်​လာ​သောဆရာဝန်​မအား​မေးမိ​လေသည်​။ မိမိထုဆစ်​ထား​သောလူသားက​လေး ဘယ်​လိုပုံ​လေး ပါလိမ့်​ဟု ရင်​ခုန်​နှူန်းများမြန်​လာပါ​တော့သည်​။
"သမီးက​လေးရှင့်​။မိခင်​​ရောသမီးပါကျန်းမာပါတယ်​ရှင်​။"
ဆရာဝန်​မ၏စကားကားပန်းပုဆရာ​ဖေ​ဖေ၏နား၌ နားဝင်​ချိုလှ​ပေစွ။ထမရထိုင်​မရဖြင့်​မယိုးမရွဖြစ်​​နေ​ပေ​သည်​။
"အခန်းထဲ ဝင်​ကြည့်​လို့ရပါပြီရှင်​။"
နာစ်​မက​လေး၏စကားအဆုံး၌ အ​ပြေးအလွှားဝင်​ကြည့်​မိ​လေသည်​။မြင်​လိုက်​ရ​သောမြင်​ကွင်းက​လေးမှာ ဖခင်​၏ရင်​ထဲပီတိဖြာ​ဝေ၍​နေ​ပေ​တော့သည်​။
"သမီးက​လေး"
ဤဖခင်​၏ရင်​ထဲ၌ အမြဲကိန်းဝှပ်​တည်​ရှိ​နေမည့်​မင်းသမီးက​လေး။ဖေ​ဖေထုဆစ်​ထား​သောသမီးက​လေး သည်​​လောကကြီးအတွက်​လာခြင်း​ကောင်း​သော သမီးက​လေးဖြစ်​​ပေ​တော့မည်​။
သမီးက​လေးအား အခါခါ​ပွေ့ချီမိသည်​။လက်​မှမချနိုင်​ဖြစ်​မိခဲ့သည်​။ချစ်​၍မဝ၊ ကြည့်​၍မဝဖြစ်​ခဲ့မိသည်​။
"မင်းက​လေးကိုလက်​ကချပါဦးကွာ။"
"အမြဲချီ​နေ​တော့က​လေးလက်​ပူမိ​နေပါ့မယ်​။"
သမီးက​လေး၏ ဘိုးဘိုးမှ သတိ​ပေးယူရသည်​အထိ
ချစ်​မဝ​ပွေ့ချီ​ထွေးပိုက်​၍မဝဖြစ်​ခဲ့သည်​။
သမီးက​လေး၏အနာဂါတ်​အတွက်​ ထုဆစ်​ခြင်းကို ပန်းပုဆရာ​ဖေ​ဖေသည်​ ဆက်​လက်​လုပ်​​ဆောင်​ခဲ့​လေ သည်​။ညဘက်​သမီးက​လေး အိပ်​မ​ပျော်​တ​ပျော်​အချိန်​၌ သူသည်​တတွတ်​တွတ်​ဖြင့်​Auto-Suggestion နည်းဖြင့်​ သမီးက​လေး၏အနာဂါတ်​​ကောင်းစားဖို့ လူ့​အဖွဲ့အစည်း၌ အကျိုးပြုဖြစ်​ထွန်း​စေမည့်​သမီး​ကောင်းရတနာက​လေးဖြစ်​​စေဖို့ဆက်​လက်​ထုဆစ်​​လေ​သည်​။
ဤသို့ဖြင့်​​ဖေ​ဖေ့ပန်းပုရုပ်​ လူသားသမီးက​လေးသည်
စကား မပီကလာပီကလာ​ပြောတတ်​​သော အရွယ်​သို့​ ပင်​​​ရောက်​ရှိလာ​တော့သည်​။သမီးက​လေးသည်​အရွယ်​နှင့်​မလိုက်​​အောင်​ စူးစမ်း​လေ့လာနိုင်​စွမ်းရှိလွန်းလှသည်​။အလွန်​လိမ္မာယဉ်​​ကျေးပြီး ဘာသာတရားကိုင်းရှိုင်းသည့်​ဗီဇ​လေးလည်း​ဖေ​ဖေ၏ ထုဆစ်​မှူ​ကြောင့်​အထုံပါခဲ့ဟန်​တူသည်​။

    ဘုရားစာများအား၂​ခေါက်​၃​ခေါက်​နုတ်​တိုက်​ချ​ပေးရုံ မျှဖြင့်​ပင်​အလွတ်​ရ​လေသည်​။အရွယ်​နှင့်​မလိုက်​​အောင်​ပင်​ သဒ္ဒာတရားကြီးမားလွန်းလှ၏။
  သမီးက​လေး၃နှစ်​အရွယ်​၌သူမ၏​ဖေ​ဖေသည်​ သမီးက​လေးအားမူကြို​ကျောင်းမပို့ဘဲ သူကိုယ်​တိုင်​ အားလပ်​ချိ​န်​များ၌ ကိုယ်​တိုင်​စာသင်​​ပေး​လေသည်​။သမီးက​လေးသည်​ သင်​ယူနိုင်​စွမ်းအလွန်​ကြီးမားလှ၏။
အရွယ်​နှင့်​မလိုက်​​အောင်​ စာ​ရေးစာဖတ်​တတ်​မှူမြန်​ဆန်​လှ​ပေသည်​။အသက်​၄နှစ်​အရွယ်​၌​တေဇ၊​ရွှေ​သွေးစ​သည့်​က​လေးစာအုပ်​က​လေးများအား ဖတ်​ရှူ၍ချက်​ချက်​ချာချာပြန်​​ပြောနိုင်​​နေ​ပေသည်​။
 ဒီလိုနှင့်​သမီးက​လေး​ သူငယ်​တန်းတက်​သည့်​အရွယ်​သို့​ရောက်​ရှိလာ​လေပြီ။ သမီးက​လေးသည်​ အတန်းထဲ၌ချက်​ချက်​ချာချာဖြင့်​ စာ​တော်​သည်​ လိမ္မာသည်​ဟူ​သောဂုဏ်​သတင်းဖြင့်​​ကျော်​​စောလှ၏။

သူငယ်​တန်းသမီးက​လေး၏ ပထမဆုံးလပတ်​စာ​မေးပွဲ​မှ ရမှတ်​များ၊ အဆင့်​များထွက်​သည့်​​နေ့၌​ဖေ​ဖေ​နှင့်​​မေ​မေ သည်​အလွန်​အမင်းစိတ်​လှူပ်​ရှား​နေကြပါပြီ။
လွယ်​အိတ်​က​လေးလွယ်​ကာ​ကျောင်းမှပြန်​လာသည့်​ သမီးက​လေးသည်​ပြုံးရွှင်​စွာဖြင့်​ ရီပို့ကဒ်​နှင့်​အတူတံဆိပ်​က​လေးတစ်​ခုအား လက်​မှကိုင်​ထားလျက်​ဖြင့်​​​ဖေ​ဖေနှင့်​​မေ​မေဆီသို့​လျောက်​လာ​လေသည်​။
"သမီးဘာသာစုံAရတယ်​​ဖေ​ဖေနှင့်​​မေ​မေ။အတန်းထဲမှာပထမရလို့ဒီတံဆိပ်​က​လေးရခဲ့တယ်​။"
"ထူးချွန်​​ကျောင်းသူတံဆိပ်​က​လေး။"
ဝမ်းသာပီတိဂွမ်းဆီထိသည့်​စိတ်​နှလုံးဖြင့်​ပန်းပုဆရာ​များဝမ်းသာခဲ့​လေပြီတကား။မိမိတို့ထုဆစ်​သည့်​ ပန်းပုရုပ်​လူသားက​လေးသည်​ လာခြင်း​ကောင်းခဲ့​လေပြီ။ထုဆစ်​ရကျိုးနပ်​လှ​ပေစွ။
သမီးက​လေး၏အနာဂါတ်​အတွက်​ ဤပန်းပုဆရာများ ဆက်​လက်​ပြုပြင်​ပုံ​ဖော်​ရင်းဖြင့်​ ကမ္ဘာ​လော ကဤလူ့​ဘောင်​ဝယ်​ရှင်​သန်​​နေထိုင်​သွား​ပေဦး​တော့မည်​။

   ဤစာစုများအား​ဖေ​ဖေဦးသိန်း​ဇော်​အားသတိရလွမ်းဆွတ်​စွာဖြင့်​ဖော်​ကျူးမိပါသည်​။ဖေ​ဖေထုဆစ်​ထား​​သော

လူသားပန်းပုရုပ်​သမီးက​လေးဖြစ်​​သော အိအိခိုင်​သည်​လည်းအနာဂါတ်​ကမ္ဘာအတွက်​အကျိုးပြု​သော လူသားအဖြစ်​ကြိုးစား​နေထိုင်​သွားပါမည်​ဟု ကတိပြုရင်းဖြင့်​လွမ်းဆွတ်​တမ်းတမှူများစွာဖြင့်​.......။

@eieikhing
MSC No.173

image

Credited from google images.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

same feeling ပါ

Thank you.

အရမ်းကောင်းတဲ.အရေးအသားတွေပါ

ဟုတ်​ကဲ့​ကျေးဇူး တင်​ပါတယ်​ရှင်

This post has received a 0.15 % upvote from @drotto thanks to: @eieikhing.

မေမေ နဲ့ ဖေဖေ တို့ အကောင်းဆုံး ထုဆစ်ပေးထားတဲ့ ပန်းပုရုပ်လေး :D

ဟုတ်​မဇင်

ဖတ်လို့အတော်လေးကောင်းတယ်ဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

You got a 2.10% upvote from @nado.bot courtesy of @eieikhing!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

ဖတ်လို့ ကောင်ပါ၏

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

Release the Kraken! You got a 2.18% upvote from @seakraken courtesy of @eieikhing!

This post has received a 2.96% upvote from @lovejuice thanks to @eieikhing. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

သားသမီးတွေဟာမိဘတိုင်းရဲ့ပန်းပုရုပ်လေးတွေပါ
အရမ်းကောင်းပါတယ်အိရေ

ဟုတ်​ကဲ့​ကျေးဇူးပါအစ်​မ။

You got a 1.03% upvote from @allaz courtesy of @eieikhing!

ပီနိုခီ​လေးလား 😃😃

တိဘူး​ယေ

ပန်းပုရုပ်လေး :-)

ဟုတ်​​ကျေးဇူးတင်​ပါတယ်​ရှင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by eieikhing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုလဲတေ့တော့ထုဆစ်အူးမှပါ။

ကျွန်​မက​တော့ထုဆစ်​လို့ရ​သေးဘူး။အိမ်​​ထောင်​မရှိသူဖြစ်​လို့😜😜😜

ကောင်းပါတယ် အစ်မ

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်​။

ဆက်လက်ပြီးတော့ မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် ထုဆစ်ပါကွယ်.........
image.png

ဟုတ်​ကဲ့။ဆရာလာလည်​တာ​ပျော်​သွားပြီဆရာ​ရေ။

အရမ်း​ကောင်းပါတယ်

ဟုတ်​ကဲ့

အစ်မလဲမြန်မြန်ထုစစ်နိုင်ပါစေလို့ဆုတောင်းရင်းးးးးး

😥😥😥

ရေးထားတာ အရမ်းကောင်းပါတယ်။

ဟုတ်​ကဲ့​ကျေးဇူးပါ

မမအိကတော့ ရေးလိုက်ရင်ပြောစရာ မလိုလောက်အောင်ကိုကောင်းနေတယ်

ဟုတ်​​ကျေးဇူးတင်​ပါတယ်

မိဘတွေကတော့ ပန်းပုရုပ်လေးတွေ အကောင်းဆုံးထုဆစ်ခဲ့ကြတာပါပဲဗျာ

ဟုတ်​ကဲ့

အရေးအသားမိုက်တယ် မအိ

ဟုတ်​​ကျေးဇူးပါရှင့်

ဥပမာလင်္ကာလေးက ကောင်းတယ်ဗျာ...plz v and c me back @mgtoetat

ဟုတ်​ကဲ့

ကံကောင်းတဲ့အမပါ အမမိဘတွေလိုရှားပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

Good အမ
အား​ပေး​နေမယ်

ဟုတ်

ပန်းပုဆရာက ဘူလဲ

ကျွန်​မအ​ဖေပါရှင်

အများအကျိုးပြုလိုသော ဆန္ဒလည်း ပြည့်ဝပါစေဗျာ..