" အစ်မရေ ကျွန်မကို တီးမစ်အထုတ်ကြီးတစ်ထုတ်နှင့် နို့မှုန့်အထုတ်ကြီး တစ်ထုတ်ပေးပါ"ဈေးသည် အစ်မကြီးမှာ ကျွန်မပြောသည့်စကားကို မကြားသည်လား၊ မကြားချင်ယောင်ဆောင်နေသည်လားမသိ။သူ့ယောက်ျား အစ်ကိုကြီးကိုသာ စကားတွေပြောဆိုနေ ပါသည်။ကျွန်မအပါအဝင်ဈေးဝယ်သူ၂ယောက်၃ယောက်သည်ဈေးသည် အစ်မကြီးဈေး လှည့်ရောင်းမည့်အချိန်ကို ရပ်စောင့်နေရပါသည်။
အတန်ကြာမှ ဆိုင်ရှင်အစ်မကြီးက ကျွန်မတို့ ဘက်လှည့်ကာ ဘာယူမလဲပြီးဈေးစရောင်းပါသည်။ယခုလိုအဖြစ်မျိုး ကျွန်မ မကြာခဏ ရပ်ကွက်ဈေးဆိုင်၊ဈေး၌ဈေးဝယ်ရာ၌ ကြုံတွေ့ရပါသည်။မုန့်ဟင်းခါးဆိုင်၊ကုန်စုံဆိုင်၊ ဆန်ဆိုင်၊ ဆီဆိုင်စသည်ဖြင့ဈေးရောင်သူများ၊ဆိုင်ရှင်များသည်မိမိဖောက် သည်များအား အလေးထားမှူ နည်းပါးပြီး ဆက်ဆံရေး အလွန်ညံ့ဖျင်းကြသည်ကို ခဏခဏကြုံတွေ့ခဲ့ ရပါသည်။
အချို့သောဆိုင်ရှင်များမှ လွဲ၍ အတော်များများ သည် မိမိဖောက်သည်များအား ဝန်ဆောင်မှူပေးရာ၌ အင်မတန်ညံ့ဖျင်း ကြပါသည်။မျက်နှာကြီးစူပုပ်ပြီး အပြုံးမရှိသလောက်နည်ပါးကာ အလွန်ညံ့ဖျင်းသောဆက်ဆံရေးဖြင့် ဝန်ဆောင်မှူပေးကြပါသည်။
ကျွန်မတွေးကြည့်မိပါသည်။ မြန်မာပြည်ကဈေးရောင်းသူများသည် အဘယ်ကြာင့်အပြုံးကို ကပ်စေးနည်ကြပါသနည်း။ ပြုံးပြုံးရွှင်ရွှင်ဖော်ဖော်ရွေရွေဖြင့် ဝယ်သူစိတ်ချမ်းသာအောင် ဝန်ဆောင်မှုမ ပေးကြပါသနည်း။တွေးတောမရပါ။
ကိုယ့်ဈေးဝယ်သူများသည် တစ်နည်းအားဖြင့် ဆိုလျှင် ကိုယ့်ထမင်းရှင်များ၊ကျေးဇူးရှင်များပင်ဖြစ်သည်။ မျက်နှာရှစ်ခေါက်ချိုးဖြင့်ဈေးရောင်းကာ ပြန်အမ်းငွေ အားဆောင့်ကြီးအောင့်ကြီး အမ်းသည်ကိုလည်းကြုံ ခဲ့ရဖူးပါသည်။
ကျွန်မ facebook နှင့်တခြားwebsiteများ၊ စာအုပ်များထဲ၌ နိုင်ငံခြားတိုင်း ပြည်များ၌ကျင့်သုံးသော customer serviceနှင့် မိမိနိုင်ငံ၌ကျင့်သုံးသော customer serviceမှာ တခြားစီဖြစ်နေပါသည်။
တခြားနိုင်ငံများ၌ အရောင်းစာရေးမများမှာလုပ်ငန်း ခွင်၌ ကိုယ်ရေးကိုယ်တာ ကိစ္စများအားမေ့ထားကာ အပြုံးချိုချို ဖြင့် မိမိတို့၏ဖောက်သည်များအား ဝန်ဆောင်မှူပေးကြ ရသည်ဟု ဖတ်ရှူရပါသည်။ ကျွန်မတို့နိုင်ငံ၌ဈေးဝယ်သူများနွမ်းပါးသောအဝတ်အစားဖြင့်ဈေးဝယ်မိပါက အရောင်းစာရေးမများ၏ အထင်သေးအမြင်သေး ဆက်ဆံမှုကို မကြာခဏတွေ့ကြုံရပါသည်။
" Customer is always right"ဟူသော စကားသည် မြန်မာနိုင်ငံနှင့် မသက်ဆိုင်ဘူးလားဟုပင် ကျွန်မတွေးမိပါသည်။ဈေးဝယ်ရာ၌ ကိုယ့်ပိုက်ဆံပေးပြီး ခန္တီပါရမီကိုတွင်တွင်ကျယ်ကျယ် ကျင့်သုံးနေရကြောင်း ကိုယ်တွေ့ကြုံနေရပါသည်။
အထူးသဖြင့် သားငါးစသည့် မီးဖိုချောင်နေ့စဉ်သုံးဝယ်ရာ၌ ကျွန်မတို့သည်အလွန်ညံ့ဖျင်းသောဝန်ဆောင်မှူဖြင့်ကြုံတွေ့နေရပါသည်။အလေးခိုးသည်။ရေထိုးသည်။ ကျွန်မအပါအ ဝင်ဈေးဝယ်သူတော်တော်များများသည် ထိုဈေးသည်များအလေးခိုးသည်ကိုသိသော်လည်း ပြန်ပြောရဲသူရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဈေးသည်များသည် အင်မတန်ရန်တွေ့ကောင်း၍ ဆဲဆိုကြမ်းတမ်းသူများဖြစ်၍ ဘယ်အသားသည် ငါးစိမ်းသည်များနှင့်ဖက်၍ ရန်မဖြစ်ရဲကြပါ။ထို့ကြောင်း၎င်းတို့ ပြုသမျှ ခံနေကြရပါသည်။
Shopping mall များ၊ supermarket များတွင်ဈေးဝယ်ရာ၌ ဤကဲ့သို့ မကြုံတွေ့ရသော်လည်း အဝတ်အစားအပြင်အဆင် ဖြစ်သလိုဝတ်သွားမိလျှင် လွန်စွာအထင်သေးအမြင်သေး ခံကြရသည်။တချို့ဆိုင်များဆိုလျှင် "ဒါကဘယ်လောက်နော်" ဝယ်နိုင်လို့လား ဆိုသည့်သဘောဖြင့် သွယ်ဝှက်ပြောဆိုမှူပင် ခံကြရပါ သည်။
အချုပ်အားဖြင့်ဆိုရသော်ဈေးရောင်းသူများသည် မိမိတို့၏ဖောက်သည်များအား ချိုသာသော အပြုံး၊ ယဉ်ကျေးသိမ်မွေ့သောဆက်ဆံရေးဖြင့်ပြုပြင်နိုင် ကြပါလျှင် ကျွန်မတို့နိုင်ငံသည် လည်းတိုးတက်သော နိုင်ငံကြီးများနှင့်အမီ လိုက်၍သူမတူသော ဝန်ဆောင်မှုဖြင့် နိုင်ငံတွင်းရောင်းဝယ်ဖောက်ကားမှူများ တိုးတက်စေရန် အပြုသဘောဖြင့်ဝေဖန်ရေးသား လိုက်ရပါတော့သည်။
@eieikhing
MSC No.173
credited from google images.
Congratulations @eieikhing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီအကြောင်းအရာမျိုးက ရေးစရာအချက်အလက်အများကြီးရှိပါသည်၊ စာဖတ်သူကို ဆွဲဆောင်နိုင်ဖို့ ကျိုးစားရေးပေးခြင်းဖြင့် အောင်မြင်သော Steemit စာရေးသူတစ်ယောက်ဖြစ်လာစေချင်ပါသည်၊တကယ်တော့ ဈေးရောင်းတယ်ဆိုတာအတတ်ပညာတစ်ခုဖြစ်ပါသည်၊စုတ်တန်နှင်ဆေးရှိလျှင် လူတိုင်းပန်းချီဆွဲတတ်ကြသော်လည်းကောင်းမွန်သောပုံရာဖို့ရာမူပန်းချီပညာတတ်ဖို့လိုသလို customer right အပါအဝင် ဝယ်သူကိုဆွဲဆောင်ရသည့် ဈေးရောင်းချသည့်အတတ်ပညာများကို လုပ်စရာမရှိလို့ဈေးထရောင်းနေ ရသူများကတတ်မြောက်နေစရာအကြောင်းမရှိပါ၊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ်အမရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်တယ်ကျန်း.ငိငိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေတယ် အစ်မ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတယ်မစနေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Customer service ပိုင်းတွေကတော့ သူများနိုင်ငံတွေနဲ့ယှဉ်ရင် တော်တော်လေးကို လိုနေပါသေးတယ် ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်sisရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝန်ဆောင်မှု ပေးရတဲ့ ဝန်းထမ်းတွေဟာ ပီတိကိုစားသုံးကြရသူတွေပါ ကိုဝန်ဆောင်မှုပေးလိုက်လို့ ဝယ်သူ အဆင်ပြေ သွားတာမြင်တဲ့အခါမျိုးမှာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit