မနေ့ကနေ့လည် သူငယ်ချင်းတစ်ယောက် နာရေး ရေဝေးသုသာန်လိုက်ပို့ရတယ်။ အရမ်းကြီးမရင်းနှီးပေမဲ့ ခေါ်ထူးမေးဖြေ လမ်းမှာတွေ့ရင်လဲ အမြဲနှုတ်ဆက်တတ်တဲ့သူငယ်ချင်း ။ အသက်က (၂၇ )သာရှိသေးသည်။ ကျနော်တို့နဲ့ မတိမ်းမယိမ်း။ လူ့လောကသက်တမ်းနှင့်ချိန်ကြည့်လျှင် ဘဝရဲ့ ပထမအရွယ်သာ နေရသေးတယ်။ သက်တမ်းစေ့နေရမယ်ဆိုရင် ဘဝမှာရှင်သန်ချိန်တွေအများကြီးရှိသေးသည်။ အနာဂတ်တွေရှိနေသေးသည်။ တက်လမ်းတွေရှိနေသေးသည်။ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိသည်။ ဒါနဲ့ ဘာရောဂါကြောင့်သေတာလဲမေးကြည့်တော့ အသဲအဆီဖုံးတယ်ဆိုလား အသဲခြောက်တယ်ဆိုလားပဲ။ သေချာတာကတော့ အရက်ကြောင့်တဲ့။ အသက်ကသာ (၂၇ )ရှိသေးသည်။ သူအရက်သောက်သည့် နှစ်ပေါင်းက ဆယ်စုနှစ်တခုနီးပါး။![S
သူငယ်ချင်း ဘာကြောင့်အရက်စွဲသွားလဲမေးကြည့်တော့ သူ့အလုပ်အကိုင်က ကားစပါယ်ရာ။ ဟိုင်းဝေးကားကြီးစပါယ်ရာ။ နယ်တွေထွက်ရသည် ပိုက်ဆံဖောဖောသီသီရသည်။ မိဘနဲ့ဝေးနေသည်။ ကားသမားအများစုတို့ ထုံးစံအတိုင်း ပိုက်ဆံဖောဖောသီသီရသည့်အတွက် မိဘကွယ်ရာမှာ ပျက်စီးချင်တိုင်းပျက်စီးနေသည်။ လူဆိုတာက အတုမြင် အတတ်သင် မဟုတ်ပါလော။ သူ့ဆရာကားသမားတွေနဲ့ ပေါင်းမိရင်း နယ်စပ် အစွန်အဖျားမြို့တွေမှာ ကဲချင်တိုင်းကဲ ပျော်ချင်တိုင်းပျော်နေမိတော့မှာပေါ့။ ကားနားလို့အိမ်ပြန်ရောက်တဲ့ ရက်ပိုင်းအတွင်းမှာတောင် ဒီကောင်မနေနိုင်တော့ဘူး။ ညနေဆို သူ့မိဘတွေသိမှာစိုးလို့ အပုန်းဆိုင်မှာ သွားသွားကစ်နေရသည်။ မိဘတွေကလဲ လက်ဆုပ်လက်ကိုင်သာ မမြင်တာ သူ့ပုံစံကြည့်ပြီး သိနေပါသည်။ အသက်အရွယ်နဲ့မမျှ ဖောသွပ်နေသည်။ တတ်နိုင်သလောက်ဆုံးမသော်လည်း ခနတဖြုတ်သာ အိမ်မှာရှိတဲ့အတွက် စကားတောင်ကြာကြာမပြောလိုက်ရ နောက်နေ့နယ်ထွက်ပြန်ရတော့သည်။ မိဘတွေမှာလဲ စားဝတ်နေရေးအတွက်သာ ဒီအလုပ်ကိုခွင့်ပြုနေရသည်။ စိတ်ပါလွန်းလို့ခိုင်းနေရခြင်းမဟုတ်ပေ။ သိပ်မကြာပါဘူး ကျန်းမာရေးမကောင်းလို့ အိမ်ပြန်နားနေရတယ်လို့သတင်းတော့ကြားသည်။ ကိုယ်ကလဲ အလုပ်မအားတာနဲ့ မရောက်ဖြစ်။ နောက်ဆုံး သေခါမှရောက်ဖြစ်တော့သည်။ စိတ်ထဲတော့မကောင်းပေ။ ဒီအသက်ရွယ်လေးနဲ့ ဘဝကူးသွားတဲ့သူငယ်ချင်းကိုကြည့်၍ ကိုယ့်မှာ သံဝေဂရနေမိသည်။ သေခြင်းတရားဆိုတာ ကြီးသည် ငယ်သည် မခွဲခါး၊ နေ့မှခေါ်မည် ညမှခေါ်မည့် ရက်ချိန်းမပေး အချိန်မရွေးရောက်လာနိုင်သည်။ သို့သော် လူ့ဘဝရတုန်းရခိုက်လေး ကောင်းကောင်းမွန်မွန်နဲ့ လူ့သက်တမ်းစေ့နေချင်သည်။ အတိတ်ဘဝအကျိုးပေးကြောင့် အချိန်မတန်ပဲသေရရင်တော့ တမျိုးပေါ့လေ။ ကိုယ်ကိုတိုင်တော့ ကိုယ့်အသက်ကို မသတ်ချင်ပေ။ မကင်းနိုင်တာမှန်သော်လည်း တန်ဆေး လွန်ဘေး မလွှဲမရှောင်နိုင်သည့်အခါမျိုးမှသာ သောက်ကြပါလို့တိုက်းတွန်းရင် လူငယ်တွေ အရက်ထက် ကိုယ့်အသက်ကို တန်ဖိုးထားတတ်ကြပါစေ....![Screenshot_2018-07-30-10-22-09-679_com.google.android.googlequicksearchbox-01.jpeg](
Photo-google
@eldestson
Congratulations @eldestson! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Award for the number of upvotes received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit