အောင်မြင်မှုအတွက်မှန်ကန်သောမာနစိတ်ကလေး

in myanmar •  7 years ago  (edited)

လူတိုင်းတွင် အောင်မြင်မှုတစ်ခုကို တက်လှမ်းဖို့ရန်အတွက် မှန်ကန်သောမာနလေးတစ်ခု ထားရှိမှသာလျှင်အောင်မြင်ရေးလမ်းကြောင်းဆီသို့ ဦးတည်နိုင်ပေလိမ့်မည်။ မှန်ကန်သောမာနကလေးက မကောင်းသောစိတ်ဘက်သို့ ဦးတည်ပြီးလမ်းကြောင်းမှားနိုင်သလိုပင် မှန်ကန်သောမာနစိတ်ကလေးကြောင့် ရည်မှန်းထားသော ပန်းတိုင်ဆီသို့လည်း မှန်ကန်သောမာနစိတ်ကလေးက ပို့ဆောင်ပေးတတ်ပါသည်။ မထားသင့် မထားအပ်တဲ့ လွဲမှားစွာထားတဲ့ မာနစိတ်ကတော့ မရှိသင့်ပါဘူး ။ မှန်ကန်သောမာနစိတ်ကလေးကိုတော့ လေကျင့်မှုဖြင့် မွေးမြူဖို့လိုအပ်ပေသည် ။ မျှော်မှန်းထားသော ပန်းတိုင်လေးတစ်ခုကို ရောက်ရှိဖို့အတွက်ဆိုလျှင် ဇွဲမလျှော့ စိတ်မပျော့ မာနထားမှာသာလျှင် ရောက်ရှိပေလိမ့်မည် ။
မျှော်လင့်မှုနှင့်အတူထားသောမာနကလေး အားနည်းသွားခဲ့ရင်လည်း လူဟာ လမ်းကြောင်းလွဲသွားတာမျိုးလည်း ရှိတ်တတ်ပါသည် ။ အများအားဖြင့်လူတိုင်းလူတိုင်းတွင် သဘောတရား နှစ်ခုရှိပါသည်။ ရှေ့သို့နှင့်နောက်သို့ ပင်ဖြစ်ပါသည်။ မာနစိတ်ကလေးရှိမှ ရှေ့သို့ တက်လှမ်းချင်တယ် တွန့်ဆုတ်သည့် စိတ်ကလေးဝင်လာပါက အောင်မြင်မှုပန်းတိုင်ကို နောက်သို့ ကျောခိုင်းလှည့်ကာ ပြန်တတ်ရပါသည် ။ မှန်ကန်သောမာနစိတ်ကလေး၏ အစွမ်းသတ္တိသည်ကား အံ့သြဖွယ်ရာပင် အမြင့်သို့ပို့ဆောင်ပေးတတ်သော သဘောသဘာဝများ ပါဝင်ပါသည် ။ အောင်မြင်မှုပန်းတိုင်သို့ ရည်မှန်းထားသူများသည် မှန်ကန်သော မာနစိတ်ကလေးကို ကောင်းစွာလှေကားထစ်သဖွယ် အသုံးချရ်ျ မိမိတို့ရည်မှန်းထားသော ပန်းတိုင်သို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ် ။
အမြင့်သို့ အထွဋ်အထိပ် ပန်းတိုင်တို့ဟူသော ရည်မှန်းချက်ကို မကြောက်မရွံ့ သောစိတ်နှင့်အတူ မှန်ကန်သောမာနကလေးဖြင့်ပါ ကြိုးစားယူမှ ရောက်ရှိနိုင်မှာဖြစ်ပါတယ် ။ မှန်ကန်သောမာနလေးနှင့်အတူ ရဲရင့်ခြင်း လုံ့လ ဝီရိယ တို့နှင့်အတူ ပေါင်းစပ်ကာဖြင့် အောင်မြင်သော အရှိန်အဝါတွေဟာ လင်းလက်လာနိုင်ပါတော့တယ် ။ ကိုယ်ပိုင်ဂုဏ်တွေထွက်ပေါ်လာပြီး အောင်မြင်မှုတစ်ခုကို ခံစားရမှာဖြစ်ပါတယ် ။ မာနကင်းသောလူသည် တည်ငြိမ်မှုရှိတယ် ဆိုသောစကားလေးကမူ လောကုတ္တရာ လမ်းကြောင်းသို့ လိုက်ပြီးကျင့်ကြံနေသော ပုဂ္ဂိုလ်များအတွက် မှန်ကန်ပါသည် ဟုဆိုနိုင်သော်လည်း ကျွန်တော်တို့လို လောကီ ထဲမှာတော့ ရှိသင့်ရှိထိုက်သော မာနစိတ်ကလေးကတော့ ထားရှိရပါဦးမည် ။
လူတိုင်းလူတိုင်းသည် မိခင်ဝမ်းအတွင်းမှ သက်ဆင်းလာပြီးနောက် မိမိတို့ လုပ်ကိုက်နေကြရသော အရာဟူသမျှတို့သည် တစ်စုံတစ်ခုကို ရယူပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်နေကြရသော လူများဖြစ်သည် ။ လိုချင်သောစိတ်ကလေးကို မှန်ကန်သော မာနစိတ်ကလေူနှင့်အတူ ပေါင်းစပ်ပြီး ကြိုးစားပါက ပိုရ်ျပင်ရနိုင်ပါသေးသည် ။ မမှန်ကန်သော မာနစိတ်နှင့် လုပ်ကိုင်ရင်တော့ လိုချင်နေသောအရာအား မရရှိနိုင်သည့်အပြင် လူကိုပါပျက်စီးစေနိုင်ပါသည် ။ လူအများစုသည် ကိုယ့်မိမိရဲ့အလိုပြည့်စုံရေးနှင့် တစ်ပါးသောသူထက် သာလွန်ရေးတို့အတွက် ကြိုးစားနေကြရတာအမှန်ပါ ။ မခံချင်စိတ်ကလည်း ရှိနေတတ်ပါသေးသည် သည်သဘောသဘာဝသည် ရှိရင်းစွဲ မာနရဲ့ မာနသဘောသဘာဝလေးပါ ။
မိမိရဲ့အလိုပြည့်စုံဖို့အရေးနဲ့ သူတစ်ပါးထက်သာရေးမှာ မှန်ကန်သောမာနစိတ်ကလေး အစဉ်အမြဲထားနိုင်မှသာလျှင် ကြီးပွားတိုးတက် အောင်မြင်မှုကိုရရှိနိုင်ပါသည် ။ မာနစိတ်ကလေးကို မထားပြန်ရင်လည်း ထူးခြားမှုတွေဖြစ်ပေါ်လာမည် မဟုတ်တော့ပေ ။ ဂုဏ်ရှိန်ဝါတွေ ပြိုင်ဆိုင်လိုတဲ့ အချိန်အခါ မာနစိတ်ကလေးပါကျိုးတဲ့အခါ ကြိုးစားချင်တဲ့စိတ်များပါ ပျောက်ကွယ်လုမတတ် ခံစားရတတ်ပါတယ် ။ ဥာဏ်တွေဝီရိယတွေလုံ့လအားတွေပါမထုပ်ချင်တော့ပါဘူး ။ အဲ့သည့်အချိန်အခါမျိုး ဆိုလျှင်ဖြင့် မိမိထင်ထားတာထက် တွေ့ကြုံလိုက်ရတဲ့ အဖြစ်အပျက်များသည် ခဲလေသမျှသဲရေကျ သလို အောင်မြင်မှုအတိုင်းအတာနှင့် ရည်မှန်းချက်များသည် တဖြေးဖြေးမှေးမှိန်ကာ ပျောက်ကွယ်သွားပါတော့သည် ။
လူရယ်လို့ဖြစ်လာချိန်မှစရ်ျ သည်လောကကြီးအထဲတွင် သုခဆိုသောအရသာ ခံစားရဖို့ထက် ဒုက္ခတွေကပိုရ်ျများပြားလှပါသည် ။ ထိုဒုက္ခများ ကြုံတွေ့လာသောအချိန်အခါမျာတွင် မာနစိတ်ကလေးကို မွေးရ်ျအကောင်းဆုံး ခံနိုင်ရပါမည် ။ တစ်နေ့နေ့တော့ တစ်ကွေ့ကွေ့တော့တွေ့မယ်ဆိုရ်ျ ဒုက္ခတွေ့လာတာကိုအလျော့မပေးပဲ မာနစိတ်ကလေးကို ပျိုးထောင်ပေးရပါသည် ။ မှန်ကန်သောမာနမရှိပဲ အပျင်းထူ လုံ့လ ဝီရိယ အားနည်းသောသူများသည် မျှော်မှန်းထားသော ပန်းတိုင်ဆိုသည်မှာ အလှမ်းဝေးကွာလျှက် ရှိနေပါသည် ။ မှန်ကန်သောမာနနှင့် ဒုက္ခကိုရင်းပြီး ကြိုးပန်းမှသာလျှင် မိမိတို့ရည်မှန်းထားသော အောင်မြင်မှု ပန်းတိုင်ဆီသို့ မလွဲဧကန် အမှန်ပင်ရောက်ရှိနိုင်ပါသည် ။
ထိုသို့ပန်းတိုင်သို့ လျှောက်လှမ်းနေသော အချိန်များထဲတွင် သတိထားရမည့် အချက်သည် မိမိကိုယ်ကိုယ် မိမိအထင်ကြီးပြီး ဘဝင်မြင့်သောစိတ် နှင့်အတူဖြစ်ပေါ်တတ်သော မာနစိတ်သည်လည်း အောင်မြင်မှုလမ်းမျာူအတွက် ဆူးခလုတ်ပမာ နှောက်ယှက်နေစေတတ်ပါသည် ။ ငါအောင်မြင်တော့မယ် ဟူသော စိတ်ကလေးတစ်ခုသည် ဘဝင်နားထင်ရောက်နေပြီး ကိုယ့်ကိုကိုယ် အထင်ကြီးတတ်နေပါသည် ။ ထိုအချိန်များတွင်လည်း မိမိစိတ်သည် ပူလောင်သည့်ဘက်သို့ ကူးပြေားင်းကာ မတည်မငြိမ် ဖြစ်ရ်ျ ကျရှုံးမည့်ဘက်သို့ ပြန်လည်ရ်ျ ဦးလှည့်လာတတ်ပါတော့သည် ။ ထို့ကြောင့် ဘဝင်မြင့်သည့် စိတ်ကိုလည်း မိမိအောင်မြင်မှုအတွက် အသိကိုသတိလေးကပ်ခါ ပြုပြင်ပြောင်းလဲပေးသင့်ပါသည် ။
လူတိုင်းလူတိုင်းသည် အများတကာနှင့် အဆင်ပြေနိုင်ဖို့ရာ အင်မတန်မှ ခဲယဉ်းလှပါသည် ။ မှားနေသောသူ မိမိအပေါ်နိုင်လိုချင်သောစိတ် ပြင်းထန်နေသောသူတို့အား ခေါင်းငုံ့ရ်ျငြိမ်ခံပြီး ကြောက်နေစရာမလိုပါ ။ ထိုသို့ပြုမူလာသူတို့အား ဥပေက္ခာပြုထားလိုက်ပါ လူတွေအားလုံးထဲတွင် ကောင်းသောလူများစွာရှိနေတတ်ကြသလိုပါပဲ ဆိုးသွမ်းနေသောလူအများကို မေတ္တာဖြင့်မဆက်ဆံတော့ပါပဲ ဥပေက္ခာစိတ်ကလေးအား မာနစိတ်ကလေးနှင့် ပေါင်းစပ်ကာ ရှောင်ကြည်ရမည် ဖြစ်ပါသည် ။
ရွှေ ငွေ ဥစ္စာ ရတနာ စသည်တို့သည် လူသားတိုင်း၏ အတွင်းစိတ်များကို ခက်ထန်ခြင်းနှင့် မာနထောင်လွှားခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်ပါသည် ။ မိမိ၏မိမကိုယ်ပိုင်ပစ္စည်းမဟုတ်ပဲနှင့် တခြားသူ၏ ပစ္စည်းဥစ္စာများကိုပင်မိမိက ထိန်းသိမ်းနေရသော အခိုက်တန့်အချိန်ကလေးမှာတွင်လည်း မာနစိတ်ကလေးဝင်တတ်ပါသေးသည် ။ မာနထောင်လွှားမှုများသည် အသွအမျိုးမျိုးကို ဆောင်တတ်ပါသေးသည် ။ တခြို့သောလူအများက ကိုယ်ပိုင်ဆိုင်သော ဥစ္စာပစ္စည်း အရှိန်အဝါတွေကြောင့် ဥစ္စာမာနထောင်လွှားတတ်ပါတယ် ။ တခြို့ကမူ ပညာရဲ့ဂုဏ်မောက်မာတတ်ပါတယ် ရွှေတွဲလဲ ငွေတွဲလဲ တော်ရုံအတိုင်းအတာမဟုတ်ဘဲ အလွန်အမင်း ကြွားဝါစိတ်ကလေးနှင့် ဝတ်ဆင်ပြတတ်ပါသေးသည် ။ ထိုအရာသည် မှားယွင်းသော ကြွားဝါမှုမာနသဘောပါပဲ လွဲမှားနေသော မာနကိုပြသခြင်းသည် တစ်ဖက်သောသူအား စော်ကားခြင်းတစ်မျိုး နှိမ့်ချခြင်း တစ်မျိုးဟူရ်ျ ယူဆမိပါသည် ။
လူအများစုအရှောင်ဖယ်ဆုံးသော လူတန်းစားသည် မာနစကားပြောဆိုတတ်သော လူတန်းစားမျိုးဖြစ်ပါသည် ။ ဆွေမျိုးသားချင်းတောင် အသွားအလာပင်မလုပ်ချင်တော့ပါ ။ သိပ်မာနကြီးပြီး အပြောအဆိုရင့်သီးတယ် ဟူသောစကားလေသံမျိုးများဖြင့် အခေါ်အပြောပင် မရှိတော့ရ်ျ အထီးကျန်ဘဝဖြင့် ရှိနေတတ်ပါသည် ။ ထို့ကြောင့် အကျိုးစီးပွားများနှင့် အောင်မြင်မှုအတွက် လမ်းစများသည်လည်း ထိုမထားအပ်သော မာနစိတ်ကလေးရဲ့ ထောင်လွှားမှုများကြောင့် တဖြေးဖြေးနှင့် မှေးမှိန်ပျောက်ကွယ်သွားတတ်ပါသည် ။ ထို့ကြောင့် ထိုမထားအပ်သော လွဲမှားသည့်မာနစိတ်ကလေးကြောင့် မိမိအနာဂါတ်ရဲ့ အောင်မြင်မှုပန်းတိုင် ပျောက်ကွယ်ရ်ျသွားနိုင်ပါသည် ။
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်လောကလေးမှာ မှားနေသောသူ မိုက်မဲနေသောသူ ဥစ္စာချမ်းသာသော်လည်းတရားမရှိသောသူတို့ကို ရှောင်ရှားရန်အချက်သည်လည်း မပေါင်းချင်ပါဘူး ဟုတိုက်ရိုက်စကားဖြင့် ပြောကြားလျှင်လည်း မကောင်းပေ ။ ထို့ကြောင့် ထိုသူတို့နှင့် တိုက်ဆိုင်သည့်အချိန်အခါများတွင် သူတို့၏ တိုက်တွန်းစေခိုင်းသည့် အချက်အလက်များနှင့် သူတို့ပေးလာသည့် မှားယွင်းသောအကြံဥာဏ်များ အားလုံးတို့ကို ရှောင်ဖယ်ခြင်းသည်လည်း မှန်ကန်သောမာန၏ စိတ်ကလေးပင်ဖြစ်ပါသည် ။
ထို့ကြောင့် ဘဝခရီးတစ်ခုမှာ မိမိတို့ရည်မှန်းထားသည့် အောင်မြင်မှုပန်းတိုင်သို့ လှမ်းနိုင်ဖို့ရာတွင် မထားအပ်သောမာနစိတ်ကို ဖယ်ရှားရ်ျ စစ်မှန်သောမာနစိတ်ကလေးနှင့်အတူ ကံ ဥာဏ် ဇွဲ လုံ့လ ဝီရိယ ဟုဆိုသော အချက်အလက်များပြည့်စုံစွာဖြင့် အောင်မြင်မှုပန်းတိုင်သို့ လှမ်းနိုင်မည်ဖြစ်ပေသည် ။ မထားအပ်သောမာနစိတ်ကလေးကြောင့် အောင်မြင်ခါနီး အချိန်ကာလလေးမှသည် နောက်ပြန်လှည့် အရှုံးပေးရတာလည်း ထိုမထားအပ်သော မာနစိတ်ကလေးကြောင့်ပင် လမ်းမှားရောက်ရှိကာ ကျရှုံးတတ်ကြပါသေးသည် ။ ထိုမာနစိတ်ကလေးတစ်ခုအား မြတ်ဘုရားဟောကြားထားသော မဇ္ဇိမ ပဋိပဋာ လမ်းကြောင်းမှန်မှန်ကလေးနှင့် ကောင်းသောမာနစိတ်ကလေးကို ပြုပြင်လေ့ကျင့်ပေးရင်း အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်သည်မှာ မလွဲဧကန် အမှန်မုချပင်ဖြစ်ပါတော့သည် ။
image
@evernew
MSC 116

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good

thank sis

အ​ရေးသားလည်း​ကောင်းပြီးဗဟုသုတရလို့​ကျေးဇူးပါ

thank sis