ပုဂံပြားတီးတဲ့အရှုး အပိုင်း(2)

in myanmar •  7 years ago  (edited)

image
မနေ့မှအဆက်
''လူတွေက တော်တော်ခက်တယ် ။ ပိုက်ဆံရဖို့အလုပ်လုပ်တယ် ။ အလုပ်ကိုလုပ်ချင်လို့ လုပ်နေကြတာမဟုတ်ဘူး ။ ပိုက်ဆံလိုချင်လို့ လုပ်နေကြတာ ။ ဒါ့ကြောင့် လူ့လောကကြီး ပျက်စီးနေတာ ။ ငှက်တွေမှာ ပိုက်ဆံမလိုဘူး ၊ ဒါ့ကြောင့် ငှက်တွေဟာ လူတွေလောက် ဒုက္ခမများဘူး ၊ လူတွေလောက် စာရိတ္တမပျက်ဘူး ။ ပ်ုက်ဆံဆိုတာ ဒုက္ခရဲ့ နောက်ထပ် အဓိပ္ပါယ်တစ်မျိုးကွ''
သူက ကျွန်တော့ကို ပြောနေတာမဟုတ်ဘူး ။ အရှုးသဘာဝအတိုင်း ပြောချင်ရာပြောနေတာ ။ ကျွန်ေ်က သူ့ကို ပိုက်ဆံတစ်ထောင် ထုပ်ပေးလိုက်တယ် ။
''ကဲဗျာ . . . ဒါဆို တစ်ထောင်ယူ ၊ ခင်ဗျားက ကျွန်တော့်ကို ကူညီတာဆိုတော့ ကျေးဇူးတင်လို့ပါ ''
''အဲ့ဒါပဲ . . . ဒါတွေကြောင့် ခက်တယ်ပြောတာ ။ စေတနာဆိုတာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ မရဘူး ။ မင်းငါ့ကို မဖျက်ဆီးနဲ့ ၊ င့ါစေတနာကို မင်းတန်ဖိုးမဖြတ်နဲ့ ။ ငါက ဗိုက်ဆာနေတာ ''
ကျွန်တော်လည်း လေထိုးကျွတ်ဖာဆိုင် အနီးလေးက လက်ဘက်ရေဆိုင်ကို သွားလိုက်တယ် ။ စားစရာလည်း ထူးထူးခြားခြား ဘာမှ မတွေ့ဘူး ။ ဒီလိုနဲ့ အဆင်သင့်ရှိတဲ့ ပေါက်စီနှစ်လုံး ဝယ်လာလိုက်တယ် ။
''ကဲ. . . ခင်ဗျား ဗိုက်ဆာရင်စား . . .ရော့''
သူ လိုလိုလားလားပဲ ပေါက်စီနှစ်ခုကို လှမ်းယူလိုက်တယ် ။ ပေါက်စီကို မစားသေးဘဲ သူ့ခေါင်းပေါ်မှာ လက်နှစ်ဖက်ကို တင်ပြီး တစ်ခုခုကို လရွတ်ဖတ်နေတယ် ။
''ဘာလုပ်တာလဲဗျ''
''သေသွားတဲ့ အဖေနဲ့အမေကို ကျွေးနေတာ''
သူ့စကားတွေက တစ်မျိုးပဲ ။ ဟုတ်တာပေါ့ ၊ သူက အရှုးကိုး ၊ သူက စိတ်ဖောက်ပြန်နေတာကိုး ။ သူဟာ ပေါက်စီနှစ်လုံးကို အားရပါးရ စားနေပါတော့တယ် ။
အပိုင်း (၃)ဆက်ရန် . . .
image
written by @evernew A-5
photos credit by google
msc-116

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago Reveal Comment

Thank ညီလေး

Good

စာ​တေမြင်​ရဘူး

Bargyi?

Bargyi?

Good

Good ​ဒေ

Good

Good

အရူး