Crypto နဲ့ မိန်းမ (Funny)

in myanmar •  7 years ago 

မိုးမလင်းသေးဘူး အိပ်ယာကထ ပိတ်ထားတဲ့ အင်တာနက်ကိုဖွင့်
ပထမဆုံးကြည့်မိတာက ဖေ့ဘုတ်ဆိုတဲ့သောက်ရူးမဟုတ်ဘူး
ငါအရင် ပထမဆုံးကြည့်ဖြစ်နေတဲ့ ယခု ၄နှစ်က crypto price
ဟာ.....သွားပါပီ ရဲရဲနီတာ မိုးတွင်း ကွမ်းသွေးကောင်ထွက်လာ
သလား မှတ်ရတယ် ဘာညာကွိကွဆဲ ကိုင်ထားတဲ့ဖုန်းကိုပစ်ချ
ဆောင်ကိုခေါင်းထိခြုံ မိန်းမအနားကပ် တိုးတိုးလေးပြောမယ်
အရမ်းအိပ်ချင်တယ် ဟားးးးးးး ခေါ ခေါ ခေါ သိုးနေအောင်
အိပ်ပျော်မယ် မထင်နဲ့ ရှင်မနက်စောစောထ ထမင်းဟင်းချက်တော့

image

သွားပါပီ ဘာညာကွိကွပြော ဂလုန်း ဂလွမ် သုံစုံမြည်နေတဲ့
တီးဝိုင်းကြား အဲ့ အဲ့ အဲ့ အသံပေး လှူပ်လီလှူပ်လဲ့ အကြောတွေဆန့်
ပြူးနေတဲ့ မျက်လုံးအစုံနဲ့ အဖေ အမေကို သေချာကြည့် လှပတဲ့
အပြူးံလေးနဲ့ နံနက်ခင်းကို နှုတ်ဆက်တဲ့ သမီး အော်..
မေ့တော့မလို့ ပရိုတင်မယ့်ရက်ကနီး ပြင်ဆင်ထားတာဘာမှမရှိ
Crypto ဈေးတက်ပပီလား ပြန်ကြည့် ဖာ့ခ် 500% ထိုးတက်

image

မိန်းမကိုကြွား ငွေမထုတ်ရသေး နောက်မှငွေထုတ် ယောင်္ကျား
အခု ယောင်္ကျားလက်ထဲရှိတာနဲ့ KFC ၀ယ်ကျွေး ညကျ အင့်
ဆိုးပီး လက်ညိုးတစ်ချောင်းထောင်ပြ "သာအေး" မိန်းမကို
အလိုလိုက် စားချင်တာဝယ်ကျွေး ပျော်လို့မဆုံး အပြန်အိမ်အဝ
ထပ်ခါ Crypto market ပြန်ကြည့် စားထားသမျှ ပြန်ထွက်
ဖာ့ခ် 1000% အောက်ဆင်း

image

မူးလဲမတက် ခံစား မအီမသာဖြစ် အလိုက်ကန်းဇိုးမသိတဲ့မိန်းမ
ကျားကျား မအီမသာဖြစ်နေတာ ဟိုဟာလား ဘာလာမေး
တစ်ယောက်တည်းသူ့ဘာသာစကားပြော ညထိမဆောင့်နိုင်ဘူး
ဘာညာကွိကွပြော အေိာ ခက်တော့တာဘဲ မိန်းမ မိန်းမ
ငါလိုနေတာ နင်မဟုတ်ဘူး နင်မဟုတ်ဘူး လိုနေတာ Crypto
စိမ်းနေရင် အားရှိတယ် နီရဲနေတော့ နင့်အနားကိုမကပ်ချင်ဘူးဟေ့

image

ကိုယ်ပြောတာ သူနားမလည် ဂေါက်သွားပီထင် ပျာယာ ပျာယာ
ယမ်းကုဆရာပင့် ပင့်လာတဲ့ယမ်းကုဆရာ Crypto ဆိုတာ
ဘာလဲမေး အဖြေကရိုက်သတ်ချင်စရာကောင်း Crypto ဆိုတာ
ငွေအတုတွေလိမ်နေတာတွေလျှောက်ပြော ပြောနေတဲ့
ယမ်းကုဆရာ ရင်ဝကိုစောင့်ကန် နောက်ဘယ်တော့မှ Crypto
အကြောင်းမသိရင်ရမ်းပြောနဲ့မှာ ထွက်သွားငါ့ရှေ့က ထွက်မသွားခင်
တစ်ခွန်းပြော ဟိတ် ကောင်မလေး နင့်ယောင်္ကျား အရူးရင့်နေပီ
ပြောစကားယုံ မိန်းမ

image

ညညတစ်ရေးနိုး ထထကြည့်တာ Crypto
ဘယ်ကောင်မနဲ့ ကြူနေလဲ ပြသနာရှာ မိန်းမ အော် မိန်းမ.....

Post writer : ThiHaKo(@gelatofresco)
photo by me
MSC 019

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လန်းချက် 😄😄

ဟီးးးးး

အပြောကတော့ ရွှေမန်းပါဗျာ

ဟီးးးးးစတာပါဂျာ

ဟား...ကွီးက​တော့ ​ရေးလိုက်​ပြီ။

ရေးမှရမယ်လေ

ဟားးးရေးတက်ပါပေ့ဗျာ

အပျံသင်ခါစလေးပါဂျာ

goodဗျာ
ကြိုက်တယ်
ရှင်းရှင်းပြောရရင် အဲဒါမျိုးမရေးတတ်ဘူး

အကိုလတ်ကတော့ြေ့ပာပီဗျာ

နက်ဖန်ကျ စိမ်းနေပါစေတော် ရေးချက်တွေကတော့ 😊ဟွင်း ဟွင်း

ဟီးးးးး လက်ညိုးတစ်ချောင်းဆထာင်ပြတာကိုးဂျ

ရေးချက်​​တွေကလည်း လန်​ထွက်​ ​နေတာပဲ ကငြိမ်း​မောင်​​ရေ.....။

တော်ကလည်း ကဲ ကို ကဲတယ် လာခဲ့

,ငင့်​😨

မိုက်​တယ်​...​​ရေးထားတာ...ခ်​ခ်​ခ်

ဖြေးဖြေးလေးရီပါ

မော်ဒန် စကားပြေလားဗျ
လန်းတယ်

ဘာလဲတော့သိဘူး ရေးတက်သလိုရေးထားတာအကိုရေ

‌ရေးချက်‌က လန်‌ထွက်‌။

မိုက်​တယ်​ အ​ရေးသားက ရက်​စ်​ အတိုင်းဘဲ

ရက်ပ်ရေးထားတာပါဆိုဂျာဟီးးးး

Steem တွေ ဈေးကျတော့ ဘယ်သူ့ကိုမှလည်း အဖြူမမြင်တော့တာလားဗျ

ဟုတ်တယ်ဆို ဟီးးးးးး

အခုစိမ်းနေပါတယ်ဗျာ

သြော် လန်းချက် ဒါနဲ့ ဘာလို့ လိုက်ဆဲနာလဲဟင်

မော်ဒယ်ဝတ္ထုလားကိုကိုရယ်

ဟီးဟီး ရေးထားတာလန်ထွက်နာဘဲ

စကားပြောဆန်ဆန်လေးရေးထားတာကောင်းပါတယ်အစ်ကို။မိန်းမကိုတော့ ဦးစားပေးတယ်နော်။cypro ကတော့ ဈေးတက်လိုက် ကျလိုက်ဖြစ်နေအုံးမှာပါပဲ။မနက်ဖြန်ပြန်ကြည့်ရင် စိမ်းနေတာလေးတွေ့ ပါစေလို့ဆုတောင်းလိုက်ပါတယ်အစ်ကို

အမြဲစိမ်းနေအောင်း ဖုန်းစကင်အစိမ်းရော်သုတ်ထားလိုက်ပီ