ဟေ့ရောင် ငွေ

in myanmar •  7 years ago 

image

ဟေ့ရောင် ငွေ မင်းဘယ်ကလာတာလဲ မင်း ဘာလုပ်တက်လဲ
မင်းမှာ အရသာရှိလား မင်းမှာ အရောင်အစင်းရှိလား မင်းမှာ
သနားတဲ့စိတ်ကောရှိလား မင်းက ညှာတာမှု့ကင်းမဲ့တာလား
ညှာတာမှု့မရှိတာလား မင်း ကြောင့်ပျော်ရွှင်မှု့ ရမှာလား
ဝမ်းနည်းရမှာလား မင်း အကြောင်းအိမ်မက် မက်ခွင့်ရှိလား
မင်းက အချစ်တွေပေးတက်တာလား အလွမ်းတွေလား
ဒါမှမဟုတ် ပူဆွေးခြင်း ပူလောင်ခြင်းပေးတက်တာလား မင်း
အတွက် အလုပ်လုပ်ရမှာလား မင်းက ငါတို့ဘ၀ပျော်ရွှင်
အေးချမ်းမှု့တွေကို ဖျက်စီးပြစ်နေတာလား ပေးနေတာလား
မင်းကို လိုက်ရှာရင်းလမ်းပျောက်နေမှာလား မင်းက ခွဲခြား
တက်လား မင်းအတွက် အနွံတာခံရမှာလား မင်းကို ပြုစုယုယ
ပေးရမှာလား မင်းက ပြုစုယုယပေးမှာလား မင်းကိုရှာဖို့
လွယ်ကူမှာလား ခက်ခဲမှာလား မင်းအတွက် ဘ၀တွေ ပေးဆပ်
ရမှာလား မင်းကြောင့် ဝေးကွာကြရမှာလား မင်းက အဆုံးမရှိတဲ့
ကောင်ကင်လိုလား အနိမ်အကျ အတက်အမြင့်ရှိတဲ့ သမုဒ္ဓယာ
လိုလား မင်းဟာ ကျောက်ဆောင်လို မာကြောတာလား

image

ဒါမှမဟုတ် လေယူရာယိမ်းတက်တဲ့ ပျော့ပြောင်းတဲ့အနွယ်ဝင်လား
မင်းက အတ္တကြီးတာလား မယာများတာလား မင်းကြောင့်
ယုံကြည်မှု့တွေတိုးလာမှာလား မင်းက ဆာလောင်ငတ်မွတ်ခြင်း
တွေကိုဖြည့်ဆည်းပေးမှာလား မင်းကြောင့် ဆာလောင်မှု့ ပိုပိုပီး
တိုးလာမှာလား မင်းမှာ မျှတခြင်းဆိုတာကောရှိရဲ့လား မင်းက
သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတာမရှိတာလား စာနာခြင်းဆိုတာ
မရှိတာလား မင်းအကြောင်း ကောင်းကောင်း မသိဘဲ မင်းကို
ငါတို့တွေ နေ့ရော ညပါမနားမနေ ရှာဖွေနေမိကြတယ် ဆိုတာ
မင်းကရော သိပါ့မလား ဒါကြောင့် မင်းအကြောင်းကို ငါတွေးပီး
မင်းအကြောင်းကို မေးမိတာ ငါ့ကိုနားလည်ခွင့်လွှတ်ပေးပါကွာ

Post writer :ThiHaKo(@gelatofresco)
Credit photo by me
MSC 019

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ငွေ မင်းဘယ်ကိုရောက်နေလဲငွေ

ဟုပါ့ဘယ်မလဲကွယ်

အဲဒီလိုနဲ့ပဲ မေးပြီးရှာလာကြတာ အခုထိရှာနေရတာပဲ။နောင်လည်းရှာနေအုံးမှာပဲ။အခုစာရေးနေတာလည်း ရှာနေရတာပါပဲဗျာ။

ရှာလို့အတောမသတ်နိုင်တာပေါ့ဗျာ

ဂုဏ် ဂုဏ် ဂုဏ် ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်😊ဟိ

ငွေကိုသာရေလိုသုံးရင်အကု၃်းလုံးကိုလုပ်သမျှဖြစ်တယ်ဟားးးး

ငွေဆိုတာလေ လိုချင်တာရတဲ့ဟာပေါ့နော့😆😆

100% မှန်ပါ့ဗျာ

ကောင်းပ ကိုသာအေးရေ ငွေကို အမြင်အမျိုးမျိုးနဲ့ မော်ဒန်ဆန်ဆန်ရေးထားတာ သဘောကျတယ်။

ဟုတ်တယ်အကိုရေစိတ်ကူးပေါက်ရာလေးရေးဖြစ်တာ

မ​သေမချင်းရှာ​နေရဦးမှာပါပဲရှင်​။

မှန်တာပေါ့ဗျာ

ဟုတိပါ့...သူမပါရင်..သူမရှိရင်..ဘာမှအလုပ်မဖြစ်သလိုဖြစ်နေပီလေ..ခေတ်ကိုက..။

ပြောလိုက်ပါအန်တီရယ်ခေတ်ကိုကငွေခေတ်ဆိုတာလေ

"ငွေ ငွေ ငွေဆိုတာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ် ယောက္ခမကြီးကမျက်နှာချိုတယ် ကိုယ့်မယားကစေတနာပိုတယ်"
ဘာမှမဟုတ်ဝူး သီချင်းချိုကြည့်တာပါ

ကြမ်းလှချည်လား မီးမရယ်

Loading...