မန်မာနိုင်ငံ၏ ပထမဆုံး ကောင်းကင်ကေဘယ်ကြိုးရထား ဖြစ်လာမည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရသေ့တောင်စခန်းနှင့် ကျိုက်ထီးရိုးတောင်ပေါ်ကို ချိတ်ဆက်မည့် ကျိုက်ထီးရိုး Cable Car စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ ရာခိုင်နှုန်း ၈၀ ကျော် ပြီးစီးနေပြီးဖြစ်ကြောင်း စီမံကိန်း လုပ်ဆောင်နေသည့် Sky Asia ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ Mr.Han Jung Seuk ၏ပြောကြားချက်အရ သိရသည်။
“အရင်က စီမံကိန်းကို ဧပြီအတွင်း ပြီးစီးမယ်လို့ ရည်မှန်းပြီး ဆောင်ရွက်ခဲ့ပေမယ့် တပ်ဆင်မယ့် ပစ္စည်းတွေ ရောက်မလာတာရယ်၊ နောက်ပြီး ရာသီဥတုကလည်း မိုးများတဲ့ အတွက်ကြောင့် မပြီးစီးနိုင်ခဲ့ဘူး။ အခုတော့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် တောင်ဖွဲ့ပွဲအမီ Cable Car ပြေးဆွဲနိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အခုဆိုရင် ကောင်းကင်ကြိုး တပ်ဆင်မယ့်တိုင် ခုနစ်တိုင်လည်း စိုက်ထူပြီးသွားပြီး။ နောက်ပြီး လူစီးတွဲ ၄၄ တွဲလည်းရောက် ရှိနေပြီး ဖြစ်ပါတယ်။ အဲဒီအပြင်ကို ပြင်သစ်နိုင်ငံက Poma ကုမ္ပဏီက ပညာရှင်များလည်း ရောက်ရှိနေပြီးတော့ ကားတပ်ဆင်ဖို့ကို စောင့်နေကြပါတယ်။ Cable Car တပ်ဆင်ပြီးရင်တော့ စမ်းသပ်မောင်းနှင်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု Mr.Han Jung Seuk က ပြောကြားသည်။“လက်ရှိမှာ စီမံကိန်းက ရာခိုင်နှုန်း ၈၀ လောက်ပြီးနေပြီး။ အခုနှစ် သီတင်းကျွတ် လပြည့်နေ့တောင် ပြန်ဖွင့်တဲ့ အချိန်မှီ ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက် နေပါတယ်။ စီမံကိန်း လုပ်ငန်းတွေကို စက်တင်ဘာလ အလယ်လောက်မှာ အပြီးသတ်လုပ်ပြီးတော့ စက်စမ်းသပ်တာတွေ လုပ်သွားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ပြင်သစ်နိုင်ငံ Poma ကုမ္ပဏီက ပညာရှင်တွေလည်း ရောက်ရှိနေပြီးတော့ ကားတပ်ဆင်ဖို့ကို စောင့်နေကြပါ တယ်” ဟု Sky Asia ကုမ္ပဏီမှ အကြံပေးအရာရှိ ဦးအောင်သန်းက ပြောကြားသည်။
အဆိုပါ စီမံကိန်းအား ကိုရီးယားနိုင်ငံမှ Sky International Co.,Ltd နှင့် မြန်မာနိုင်ငံမှ ရတနာရွှေဆင်ကြီးတို့ ပူးပေါင်းတည်ထောင်ထားသည့် Sky Asia Co.,Ltd (သီးသန့်တင်ရန်) မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း (၂၀) ကုန်ကျမည်ဖြစ်ရာ၊ MIC မှ နှစ် ၅၀ B.O.T စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားကြောင်း၊ Main Station ကနေ Return Station အထိကို ၉၅၅ ဒသမ ၃၈ မီတာရှည်ကြောင်း၊ Main Station မှာ တာဝါတိုင်နှစ်တိုင်၊ Return Station မှာ တာဝါတိုင်နှစ်တိုင်၊ အလယ်မှာ တာဝါတိုင် ခုနစ်တိုင်ဖြင့် တည်ဆောက်ထားကြောင်း၊ ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော် အနီးသို့ ပြေးဆွဲမည့် ကောင်းကင်ကေဘယ်ကြိုးရထား အတွဲ ၄၄ တွဲအနက် ၄၃ တွဲပြေးဆွဲမည်ဖြစ်ပြီး တစ်တွဲအား အရန်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင် လူရှစ်ယောက်ခန့် စီးနိုင်ပြီး အများဆုံး ကြာချိန်မှာ ၁၀ မိနစ်ခန့် ဖြစ်၍ လူအနည်းအများအပေါ် မူတည်၍ အချိန်အား ထိန်းညှိပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ လိုက်ပါစီးနှင်းသူများအတွက် အသက်အာမခံကိုလည်း ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ဖြစ်ကြောင်းနှင့် Cable Car ပြေးဆွဲသည့် လုပ်ငန်းနှင့် ပတ်သက်ပြီး လုံခြုံရေး အပါအ၀င် ၀န်ထမ်း ၁၀၀ ကျော်ကိုလည်း လျှောက်လွှာခေါ်ယူ ခန့်အပ်တော့မည် ဖြစ်ကြောင်း သိရသည်။
Credit.photo:google eleven
ခေတ်မှီတိုးတက်သောနိုင်ငံတော်သစ်စီသို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
like
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit