သို့........ခွင့်လွှတ်ပါချစ်သူ 💔💔💔💔💔💔💔💔

in myanmar •  7 years ago 

21014144_2426788490878834_1058785661268557776_o.jpg

ဒီဘ၀အတွက်တော့မဆုံနိုင်တော့ဘူးဆိုပေမယ့် မင်းနဲ့ပါတ်သက်

သမျှအရာအားလုံးအခုထိမေ့ပြစ်ဖို့စိတ်မကူးခဲ့ဘူး.....

ရိုးသားစွာမင့်အပေါ်ရင်ခုန်ခဲ့ဘူးတဲ့ငါအချစ်ကဖြူစင်ပါတယ်

ရင်ခုန်စရာကောင်းတဲ့ ရယ်သံချိုမြမြလေးတွေကိုယနေ့ထိ

ကြားယောင်နေဆဲပါ....ချစ်သူ....

c8de1945135e7e904dfda14828aec878.jpg

ရင်ခုန်ခဲ့ရတဲ့ငါတို့အတိတ်က ကြိုးပြတ်သွားတဲ့စွန်လို.....

ထိန်းချူပ်မရတော့ပေမယ့် မင့်ရယ်သံလေးငါသိမ်းထားပါရစေ..

ပြတ်တောက်သွားတဲ့အချစ်ကြိုးလေး ပြန်ဆက်မရပေမယ့်....

ယနေ့ထိတိုင် မေတ္တာတရားနဲ့ သွန်သင်ဆုံးမပေးနေတဲ့

မင့်ရဲ့နှလုံးသားဟာသိမ်မွှေ့နူးညံ့လွန်းခဲ့တယ်ဆိုတာ ငါ....

ဘာကြောင့်များ အရင်ကသိခွင့်မရှိခဲ့တာလဲဆိုပီးရင်နာမိပါတယ်

မဆုံနိုင်ပေမယ့်ငါ့ဘက်က တိတ်တဆိတ်အချစ်ကြိုးလေးများ

အိမ်မက်ထဲမှာ မင်းနဲ့အတူတူသွယ်တန်းမိခဲ့တယ်ဆိုရင်

ငါ့ဘက်လွန်တယ်လို့မပြောလိုက်ပါနဲ့နော် ချစ်သူ....

ဒီအချိန်မှာငါမင်းအတွက် အရင်လိုအရာရာဖြည့်ဆည်းမပေး

နိုင်ပေမယ့် မင်းရဲ့အိပ်စက်အနားယူချိန် ခနတာလေးမှာ

တစ်ဒေါင့်တစ်နေရာကပါဝင်အားဖြည့်ပေးပါရစေ ချစ်သူရယ်...

နောင်လာမယ့် နွေ မိုး ဆောင်း သုံးရာသီ နှစ်တွေအလီလီ

ပြောင်းခဲ့သော် မင်းနဲ့ရှိခဲ့ဖူးတဲ့အမှတ်တရတွေက ငါ့အတွက်

ဘယ်တော့မှ မေ့ဖျောက်မရနိုင်တဲ့ အလွမ်းတွေအဖြစ် ဆက်ပီး

ရှင်သန်နေအုန်းမှာဘဲလို့ ငါ့ကိုငါ အကြိမ်ကြိမ်ပြောပြနေခဲ့မိပီ

ဒီအချိန်မှာ ငါမင်းအတွက်ပြောနိုင်တာကတော့ ပျော်အောင်နေပါ

ကျန်းမာရေးဂရုစိုက်ပါ လို့ဘဲပြောနိုင်တဲ့အတွက် ငါ့ကိုခွင့်လွတ်ပါ

maxresdefault.jpg

အထီးကျန်မှု့တွေ အလွမ်းတွေဘယ်လောက်များမင်းရင်ဘက်ထဲ

ရှိနေမလဲဆိုတာ မင်းမပြောပြပေမယ့် ငါကြိုသိနေခဲ့ပါတယ်

ဒါကြောင့်ငါ့ကိုမင်းရဲ့ အလွမ်းတွေပြောပြဖို့မကြိုးစားပါနဲ့ချစ်သူ

အရာရာဟာကိုယ်ထင်သလိုဖြစ်မလာတဲ့လောကကြီးမှာ

ဖြစ်လာသမျှကိုရင်ဆိုင်နိုင်အောင် ကြိုးစားပြင်ဆင်နိုင်ပါစေလို့

တစ်ချိန်ကမင်းနဲ့အတူရှိခဲ့ဖူးတဲ့ ....ငါ..


မှတ်ချက် ။ ။ စာပေအဖြစ်သာစိတ်ကူးရေးသား၏

Post writer ; ThiHaKo(@gelatofresco)
From Myanmar
Credit ; google photo

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အောင်မငေး...
အိပ်စက်အနားယူချိန် ခဏတာအချိန်လေး
တစ်ထောင့်တစ်နေရာကနေ အားဖြည့်မှာတဲ့..
.
တားတားတော့ကြေက်ဆယ်...ပြေးပီ 😁😁😁😄😄

ဟားးးးမပြေးပါနဲ့ဗျာကိုမိုးဇော်ရယ်

ခ်ခ် ကြောက်လို့ပါဆို 😁😁😁😁

😂😂😂😂😂😂😂😂😂😂😝😝😝😝😝😝😝😝😝😝

ရင်ထဲကိုထိတဲ့ ကဗျာတစ်ပုဒ်

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ

Please share your idea comment

this is ur feeling

Nic Post and Every time i see your post, i always feel happy and happy. and I Follow u and U Follow Me and Upvote...!!
Always be Happy

Thanks same too me

ဟုတ်ကဲ့ ခနတာခံစားရေးဖွဲ့ပါသည် ခင်ဗျ

အလဲ့ ရည်းစားဟောင်းသို့ ပေးစာ
ထင်တာ သူ့ရည်းစားဟောင်းများ steemit ပေါ်ရောက်လာလေသလားမသိ

Nic Post and Every time i see your post, i always feel happy and happy. and I Follow u and U Follow Me and Upvote...!!
Always be Happy

Thanks same too you

မဟုတ်ရပါဘူးဗျာ စာဖက်သူအတွက်ခံစားအချက်အသစ်လေးတွေချပြချင်တဲ့စိတ်ကြောင့်ရေးဖြစ်တာပါ

Nic Post and Every time i see your post, i always feel happy and happy. and I Follow u and U Follow Me and Upvote...!!
Always be Happy

Ok .i also made for you follow and upvote

and follow back?

Yes you fast made vote and follow

Thanks

thanks for sharing bro. good post.

ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ

အရမ်းကောင်းတယ်သာအေးရေ ငယ်ငယ်က ရီးစားဟောင်းတောင် သတိရတယ် .... :P :P

ဟားးးး ဒို့အဖွဲ့တွေပြန်ဆုံတော့မယ်