ဥသာအကြောင်းတစ်စေ့တစ်စောင်း (အပိုင်း ၄)

in myanmar •  7 years ago 

အဲ့ဒီလိုနဲ့ ကျန်စစ်သားကို ဖမ်းချုပ်စေကာ သူ့ရဲ့ရှေ့တော်မှောက်ကို ခေါ်ခဲ့ဖို့ ရဲမက်တွေကို အမိန့်ပေးစေလွှတ်လိုက်ပါတယ်။ ရဲမက်တွေအနေနှင့်ကလည်း ကျန်စစ်သားအနေနှင့် အသာတကြည်အဖမ်းမခံခဲ့သော် မတော်တဆ တိုက်ခိုက်မှုဖြစ်ပွားမှာကို အရမ်းစိုးရိမ်ပါတယ်။ သို့သော် ကျန်စစ်သားကတော့ သူ့အမှားအတွက် ပေးဆပ်ဖို့ဝန်မလေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အသာတကြည်ပဲ အဖမ်းခံခဲ့ပါတယ်။ ဒီလိုနဲ့ ရဲမက်တွေဟာ ကျန်စစ်သားကို လက်ပြန်ကြိုးတုပ်ပြီး အနော်ရထာမင်းရဲ့ရှေ့မှောက်ကို ပို့စေပါတယ်။ အနော်ရထာမင်းဟာ ကျန်စစ်သား ဝင်လာတဲ့အခါမှာ ကျောပေးထားတဲ့အနေအထားကနေ လှည့်မကြည့်ဘဲ နေပါတယ်။ အဲ့ဒီလိုအချိန်မှာ နန်းရင်ပြင် မှာလည်း အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ကျန်စစ်သားကို ဒူးထောက်လျက် လက်ပြန်ကြိုးတုပ်ကာ နန်းရင်ပြင်က တိုင်လုံးတစ်ခု နဲ့တွဲချည်ထားပါတယ်။ အနော်ရထာမင်းဟာ ဒေါသတွေထွက်နေပေမည့် သူ့ရဲ့သားတော်လည်းဖြစ်တဲ့ ကျန်စစ်သားကို မေးခွန်းမေးပါတယ်။ "သူကြားတဲ့သတင်းဟာ အမှန်ပါပဲ လား" တဲ့ ။ အနော်ရထာမင်းက မေးပေမည့် ကျန်စစ်သားဟာ လုံးဝ နှုတ်ဆိတ်နေပါတယ်။ အနော်ရထာမင်းကလည်း ထပ်မေးပါတယ်။ အဲ့ဒီတော့မှ ကျန်စစ်သားကလည်း ခေါင်းညိမ့်ပြတယ်လို့ ဆိုကြပါတယ်။ သို့ပေမည့် အနော်ရထာမင်းဟာ ကျန်စစ်သားကို အခွင့်အရေးထပ်ပေးတဲ့အနေနဲ့ "သားတော် နှုတ်ကပြောတာကိုပဲကြားချင်တယ်" လို့ဆိုပါတယ်။ ဒါပေမည့် ကျန်စစ်သားဟာ နှုတ်ကနေတစ်လုံးမျှ ဖွင့်မပြောခဲ့ပါဘူး။ ဒါနဲ့နောက်ဆုံးမှာတော့ အနော်ရထာမင်းဟာ သူ့ရဲ့ အနီးနားမှာ အမြဲဆောင်ထားတဲ့ အရိန္ဒမာလှံနဲ့ ကျန်စစ်သားကိုလှမ်းပစ်လိုက်ပါတယ်။ အဲ့ဒီ အပြုအမူဟာ အရမ်းကိုမြန်ဆန်လွန်းတဲ့အတွက် မှူးမတ်အားလုံးဟာ ကြက်သေသေသွားခဲ့ပါတယ်။ တစ်ချို့ကလည်း မကြည့်ရဲလို့ မျက်စိမှိတ်ထားကြပါသတဲ့။ အနော်ရထာမင်းကိုယ်တိုင်လည်း လှံကို ပစ်လွှတ်ပြီး မကြည့်ရက်လို့ ခေါင်းကို ချာကနဲ လှည့်လိုက်တယ်လို့ဆိုပါတယ်။

The-pagodas-of-bagan.jpg
Credit-org-source

အဲ့ဒီနေရာမှာ အရိန္ဒမာလှံအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ အနော်ရထာမင်းကို အဲ့ဒီအရိန္ဒာမာလှံ ပေးခဲ့တဲ့သူက သိကြားမင်း ကိုယ်တိုင်ပေးခဲ့တယ်လို့ တစ်ချို့သောစာတွေက ဆိုပါတယ်။ ထားပါ။ အဓိကပြောချင်တာက အနော်ရထာမင်း ဟာ သူ့ရဲ့ ဖခင် ကို နန်းချပြီး သူ့ရဲ့အမေကို သိမ်းပိုက်ထားတဲ့ သူ့ရဲ့ဦးလေး ဆီက ထီးနန်း ပြန်ယူဖို့ စစ်ချီတက်လာပါတယ်။ ပုဂံမြို့ရဲ့ အပြင်ဘက်မှာ တပ်စွဲထားတဲ့ အနော်ရထာဟာ သူ့ရဲ့ဦးလေးကို ရာဇသံပေးပို့ပါတယ်။ ထီးနန်းကိုအပ်မလား ၊ စစ်ချီရမလားလို့ ရာဇသံပေးပါသတဲ့။ နောက်ဆုံးမှာတော့ စစ်တိုက်ဖို့အကြောင်းဖန်လာပါတယ်။ စစ်မြေပြင်ရောက်တဲ့အခါမှာတော့ အနော်ရထာအနေနဲ့ တစ်ဦးချင်း တစ်ယောက်တစ်လှည့် စီးချင်းထိုးဖို့ကိုစိန်ခေါ်ပါတယ်။ ဒီလိုနဲ့စီးချင်းထိုးတဲ့အခါမှာ အနော်ရထာ ဟာ အရိန္ဒာမာလှံကို ကိုင်ကာ သစ္စာပြုပြီး လှံနဲ့ထိုးတဲ့အခါ ဦးလေးဖြစ်သူဟာ လူရောမြင်းပါ ချောက်ထဲကိုပြုတ်ကျပြီး နတ်ရွာစံပါတယ်။ အဲ့ဒီ နေရာကိုတော့ ယခုထိတိုင် မြင်းကပါ အရပ်လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော်အနေနဲ့ အနော်ရထာ ရဲ့ ဦးလေး နာမည် ကို မေ့နေလို့ ထည့်မရေးတာ ခွင့်လွှတ်ပေးပါဗျာ။ အဲ့ဒီနောက်မှာတော့ အနော်ရထာမင်းဟာ ပုဂံ ကို သိမ်းပိုက်ပါတယ်။ သိမ်းပြီး ပြီးချင်းမှာပဲ သူ့ကို ထီးနန်းအပ်ကြပါတယ်။သို့သော် အနော်ရထာမင်းဟာ ထီးနန်းကိုလက်မခံသေးပဲ သူ့ရဲ့ ဖခမည်းတော် ကျောင်းဖြူမင်းကို ထီးနန်းပြန်စိုးစံခိုင်းပါတယ်။ ခမည်းတော်က လက်မခံမှ အနော်ရထာမင်းကိုယ်တိုင် ထီးနန်းကို လက်ခံပါတယ်။ ဒါကြောင့် အနော်ရထာမင်း ထီးနန်း သိမ်းပိုက်တဲ့အချိန်မှာ သူ့ရဲ့ အရိန္ဒာမာလှံဟာ သူ့ရဲ့လက်စွဲတော်ဖြစ်ခဲ့ပါတယ်။

Anawrahta_at_National_museum.JPG
Credit-org-source

ပြန်ဆက်ကြရအောင်ပါ။ အဲ့ဒီလို အနော်ရထာမင်း က ပစ်လွှတ်လိုက်တဲ့ သူ့ရဲ့ အရိန္ဒာမာလှံဟာ ကျန်စစ်သားရဲ့ ရင်ဝတည့်တည့်ကို ထိုးမစိုက်မိပဲ သူ့ကို တုပ်ထားတဲ့ကြိုးတည့်တည့်ကို ဖြတ်ကာ သူ့နောက်က တိုင်လုံးမှာ စိုက်နေပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျန်စစ်သားဟာ ချက်ချင်းဆိုသလို သူ့ကိုတုပ်ထားတဲ့ကြိုးတွေကိုအကုန်ဖြည်ကာ အရိန္ဒာမာလှံကို ယူလျှက် နန်းတော်မှထွက်ပြေးသွားခဲ့ပါတယ်။
....
.....
...
...Photo credit by Google Image
...Reference book by တက္ကသိုလ်​စိန်တင် (အိုဘယ့်အနော်ရထာ)
...
...@generalpyone
MSC- 238
...
...အပိုင်း (၅) ကို ဆက်လက် စောင့်မျှော်ပေးကြပါဦး

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အခုလို အရေးအသားကိုတော့ အားကျချီးကျူးပါတယ်ဗျာ ၊ ရာဇ၀င်ကိုရေးရင် သတိတော့ထားစေချင်တယ်။ ကိုယ်ရေးထာတဲ့ သမိုင်းအချက်အလက်တွေဟာ နောင်တချိန်မှာ ပြင်မရဖျက်မရ မှတ်တမ်းဝင်နေမှာမို့ အမှားပါသွားရင် နောင်လာနောင်သားများအတွက် အများကြီး နစ်နာစေပါတယ်။ အားပေးနေပါတယ် ဗျာ။

ဟုတ်ကဲ့ပါ ဦးညီ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်

အပိုင်း၎​တောင်​ပြီးခဲ့ပြီ ဆက်​လက်​အား​ပေး​နေပါတယ်​ရှင့်

ဟုတ်ကဲ့ပါ

အားပေးနေပါတယ် ။ အရိန္ဒာမာလှံ နဲ့ထိလိုက်ရင် သံပရာသီးတောင် ချိုသွားတယ် ဆိုလား ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန် လေးတွေ ကြားဖူးတယ်။

ဒါတွေကတော့ မသိဘူးခင်ဗျာ။ တစ်ကယ်လည်းဖြစ်ကောင်းဖြစ်နိုင်သလို ပါးစက်ရာဇဝင်လည်းဖြစ်နိုင်ပါတယ်။

အ‌ရေးအသားကို ဂရုစိုက်‌‌နော်‌ညီ။ရာဇဝင်‌အ‌ကြောင်း‌ရေးရတာ အန္တရာယ်‌များတယ်။

ဟုတ် ကိုမဟော်

ဆက်ဖတ်ပါမည်

ဟုတ်ကဲ့ အားပေးပါဦး

ဖတ့်ကောင်းတာ..အရေးအသား ကောင်းတယ်

ကျေးဇူးပါပဲ

အခုလိုရာဇဝင်​​တွေသိရ​တော့ အရင်​​ရှေး​ခေတ်​ကိုပြန်​သွာကြည့်​ချင်​စိတ်​ဖြစ်​​ပေါ်တယ်​ဗျာ

ဟုတ်တယ် အတူတူပါပဲ

ဖတ်ရတာ ဗဟုသုတရပါတယ်။ အဲ့လှံ အခုဘယ်များရောက်သွားလဲမသိဘူးနော်

  ·  7 years ago (edited)

ကျွန်တော့် post အဟောင်းတွေမှာ အရိန္ဒမာ လှံအကြောင်းကို အပိုင်း (၁)နဲ့ (၂)
သီးသန့် ရေးပေးထားပါတယ် အမစိတ်ဝင်စားရင် သွားဖတ်ကြည့်လို့ ရပါတယ်ခင်ဗျ

အရေးထဲကြော်ငြာကဝင်နေသေးတယ်

အိုခေ သွားဖတ်ပြီပဲ။

Ok ဖတ်ကြည့်မယ်

ဟုတ်တယ် @winko ရေးထားတဲ့ post ၂ ခုမှာ ဖတ်ကြည့်လိုက်ပါ

သိပြီးသားဇာတ်လမ်းပေမဲ့ဖတ်ကောင်းတယ်

အားမနာပါနဲ့ ဆရာ မသိသေးဘူးဆိုလည်း အပြစ်မပြောပါဘူး ရှက်စရာမှမဟုတ်တာ ငိ ငိ

ဘာငိငိလဲ

သမိုင်းရာဇဝင်လေးကို ရေးတဲ့သူတော်လို့နဲ့တူတယ် ဖတ်ရတာ ကောင်းလှပါတယ်။တစ်ချို့သော အကြောင်းအရာလေးတွေကို ဦးညီတို့ ကိုမဟော်တို့ပြောသလိုပဲ သတိထားတော့ ပိုကောင်းတာပေါ့ဗျာ။ဒီထဲမှာဆိုလည်း အစ်ကိုလုပ်ပြထားပါတယ်။အရိန္ဒမာလှံကို တစ်ချို့သောစာတွေမှာ သိကြားမင်းဆီက ရခဲ့တာပါဆိုတာမျိုးလေးတွေပေါ့ခင်ဗျာ။အစ်ကိုက ပိုသိမှာပါ။ဒါဆိုရင် သမိုင်းရေးရတာအန္တရာယ်များနိုင်တယ်ဆိုတဲ့အချက်ကို အတော်အသင့်ဖြေရှင်းပြီးသားဖြစ်မယ်လို့ ကျွန်တော်၏အမြင်လေးကို အကြံပြုခဲ့ပါရစေခင်ဗျာ။လေးစားအားပေးနေပါတယ်။

ဟုတ်ကဲ့ပါ ကျွန်တော်က အမြင်နှစ်ခုကိုခွဲပြီး တမင်ကို ရေးတာပါ

အရိန္ဒမာ လှံအကြောင်းတောင် ကျွန်တော်တော်တော်ရှာဖွေရေးသားပြီး
post တင်ခဲ့ဖူးသေးတယ်Part 1 Part 2 ၂ပိုင်းပါ
သိကြားမင်းက ကြောင်ဖြူမင်း(ကွမ်းဆော်မင်း)ကို
မင်းလောင်းပေါ်တာ သွားကြည့်ဖို့ အလာ လမ်းမှာချီးမြှင့်တာပါ
နောက်မှ အနော်ရထာကိုထပ်လက်ဆင့်ကမ်းခဲ့တာ

ညီလေးသိထားသလောက်ပါ broက ပိုသိပါတယ်
သမိုင်းစာပေရေးသားတာတော့ကြိုက်ပါတယ်ဗျ

ရာဇဝင်​​တွေထဲမှာ အကြိုက်​ဆုံးပဲ

ဟုတ်ကဲ့ပါ

သမိုင်းကြောင်းလေးတွေသိရတော့ ကောင်းတယ်

ဖတ်ကောင်းလိုက်ပါဘိသနဲ့ကွယ် 😊😊

ဖတ်​လို့​ကောင်းပြီးစိတ်​၀င်​စားစရာ​ကောင်းလို့ဆက်​အား​ပေးပါ့မယ်​...

Congratulations @generalpyone!
Your post was mentioned in the Steemit Hit Parade for newcomers in the following category:

  • Comments - Ranked 8 with 31 comments

I also upvoted your post to increase its reward
If you like my work to promote newcomers and give them more visibility on Steemit, consider to vote for my witness!

ချစ်ဦးညိုကိုဖတ် ဇာတ်လမ်းလိုရေးရင်ပိုကောင်းမယ်ဟေ့

ဟုတ်ကဲ့ ဆရာတင် သို့ပေမည့် ဇာတ်လမ်းလိုရေးရင် copy နဲ့ ဆင်နေမှာစိုးလို့