မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ခါနွေတစ်ပေါင်း သာစေကြောင်းဟု ဆုတောင်းခါရည် ပျော်ပါစေသား မိတ်ဆွေများဟု လေးလုံးစပ်ကာ နုတ်ဆတ်ပါသည်။
တစ်နေ့တစ်နေ့ စတီးမစ်ပေါ် ပို့စ်တင်ဖို့ အကြံထုတ်ရတာလည်း
မမောနိုင်မပမ်းနိုင်ပါပဲ။
စတင်းဈေးက အကျဘက်သို့ ပြန်ရောက်နေသည်။
နောက်တစ်ပတ်လောက်မှာ ထရွန်တည်ထောင်သူ ၊
စတီးမစ်ကို ဝယ်ယူလိုက်သူ ဂျက်စတင်ဆန် သည် ဝစ်နတ်များနှင့်
တွေ့ဆုံဖို့ ရှိသည်။ ထိုနောက်တွင်တော့ စတင်းအခြေနေ
မည်သို့ ပြောင်းလဲကောင်းမွန်လာမည် မသိရသေးပါ။
မိမိကတော့ ဘယ်သို့ဘယ်ပုံ ဘယ်ခြေနေရောက်နေသည်
ဖြစ်ဖြစ် ပလက်ဖောင်းခိုင်မာရှင်သန်နေသမျှကာလပတ်လုံး
မိမိ လုပ်နိုင်သည်ကို ဆက်လက် လုပ်ဆောင်နေရပေဦးမည်။
ဤရာသီသည်ကား ရော်ရွက်တို့ ကြွေကျနေကြသည်သာမက
လက်ပံပွင့်တို့သည်လည်း တရဲရဲတဖွဲဖွဲ ကြွေကျနေကြသည်တကား။
သို့ဖြစ်၍ ကျွန်တော်သည်လည်း လက်ပံပင်နီရဲရဲကို
ဓာတ်ပုံရိုက်ယူရင်း စတီးမစ်မှာ ပို့စ်တင်ဖို့ ကြံရွယ်လိုက်သောအခါ
ငယ်ငယ်က ကျက်ခဲ့မှတ်ခဲ့ ရွတ်ဆိုခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ကို
သွားသတိရမိပါတယ်။
လက်ပံကောက်
လာဟေ့ ဒွါး
သွားကောက်ကြချည်စို့
ပွင့်ခြောက်ကယ် အနားလံ
ပင်လက်ပံ ကြွေချိန်ကြပြီမို့
မိဇံလှ နင်လိုက်ဦးမလား
သုံးစိတ်ဝင် ထန်းလျှော်တောင်းရယ်နဲ့
ပေါင်းလန်မှ ပြန်ကြမယ်လေး။ ။
ကဗျာရေးသူအမည် ဦးကြင်ဥ လားမသိ ၊ မမှတ်မိတော့ပါ။
သိရင်လည်း ပြောကြပါဦး။
လက်ပံကောက် ဆိုမှ လက်ပံပွင့်ခြောက် ချဉ်ရည်ချက်ကိုတော့
ကျွန်တော် ကြိုက်ပါသည်။ မိတ်ဆွေတို့ရော။
ကြားဖူးနားဝတစ်ခု ပြောရဦးမယ်ဗျ။
လက်ပံပွင့်ချိန် ခွေးရူးချိန်မို့ ခွေးရူးအန္တရာယ် သတိထားကြဖို့လည်း
သတိပေးလိုက်ရပါတယ်။
ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။
MSC 193
@golden.future
လက်ပံဖူးချိန် ခွေးရူးချိန်
လက်ပံလည်းပွင့် ခွေးလည်းလွင့် ပါဟ
ဒီတော့ကာ လက်ပံက ပွင့်ပြီဆိုတော့ ခွေးရူးကလည်း လွင့်သွားပါပြီ 😆
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လွင့်သွားတာ ခွေးပဲ ဖြစ်ပါစေ
စတင်း မဖြစ်ပါစေနဲ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Special thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit