အမေကပ်တဲ့ မေတ္တာဆွမ်း

in myanmar •  7 years ago 

ဒီနေ့  ဥပုသ်နေ့ ကျောင်းပိတ်ရက်မို့  မနက်ကတည်းက နွေးထွေးတဲ့ အမေ့အိမ်သို့  ခေတ္တခဏ အလည်ပြန်ခဲ့သည် အမေကတော့ ရုံးစာရေးမဖြစ်သည်နှင့် အညီ အလုပ်မပိတ်ပေမဲ့ မိမိလာမည်ဆိုတာ သိသည်နှင့် သေချာချက်ပြုတ်ပြီးမှ ရုံးကိုအပြေးကလေး သွားတတ်သည် ဟင်းအမယ် မများပေမဲ့ အမေ့လက်ရာဆိုတော့ ငပိရည်တစ်ခွက်နဲ့တင် ဆွမ်းနှစ်ဇလုံလောက်က သာသာယာယာလေး
စားနိုင်သည် အမေ မနက်အစောကြီးထဲက ထချက်ရမှန်း သိသည် ရုံးကပြန်လာလျှင်လည်း ဒိန်ချဉ်နှင့် ဖျော်ရည်လုပ်ဖို့  အသီးအနှံတွေ ပါလာမည်ဆိုတာလည်းကြိုသိနေသည် ကျောင်းကဆွမ်းကပ်တွေ အလှုအတန်းတွေ မည်မျှပေါပါစေ အမေချက်ကျွေးတဲ့ ဆွမ်းတစ်နပ်လောက်တော့ မည်သို့ မှ စားလို့ မဝင်ပါဟုဆိုပါရစေ အမေ့ချက်တဲ့အထဲမှာ သားအတွက်ဆိုတဲ့ စေတနာ မေတ္တာတွေပါထည့်ချက်ထားတာ ဘယ်သူယှဉ်လို့ ရပါ့လိမ့်ဗျာ image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received a 3.13 % upvote from @drotto thanks to: @gunapeya.

drottoဆိုတဲ့ ဂျင်းကောင် ငါပေးတာက 0.593 ပြန်လာပေးတာက 0.02 ငါ့ကို မအဘူးများ ထင်နေလား တစ်ခါပဲရမယ်ဟျောင့်