ယခုရက်ပိုင်းအတွင်း သိပ်အားလပ်သည်တော့မဟုတ်ပေ။ အစိုးရပထမပြန် ဓမ္မာစရိယတန်း စာမေးပွဲနှင့် သီတဂူတက္ကသိုလ် Diploma စာမေးပွဲကြား ခေါင်းမဖော်နိုင်ပေမဲ့၊ မိမိအားသည့်အချိန်တော့ Steemit ကိုတော့ ဖွင့်ကြည့်ဖြစ်သည်။ Promotion အတွက်ကလွဲပြီး စာရေးဖို့ အချိန်မပေးနိုင်ဘူးဆိုသော်ငြား " မိမိတွေးမိသည်မှာ MSC မိသားစုတွေ အားလုံး MYANMAR TAG အတွက် ကြိုးစားပမ်းစားလုပ်ဆောင်နေကြတာပဲ သူတို့ မှာလဲ အလုပ်ကိုယ်စီနဲ့ပဲလေ၊ ဒါပေမဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် နေ့ စဉ်ပိုစ့်တင်နေတယ် ငါလည်းပါဝင်သင့်တယ် " ဟုတွေးပြီး၊ တွေးမိတွေးရာလေးများဖြင့် ပိုစ့်တင်ခဲ့ပါသည်။ ပိုစ့်တင်တိုင်းလည်း ဘဲဥ မကွဲတဲ့အခါမျိုးမှာ စိတ်ထဲမှာ အလိုမကျသလို၊ အားပျက်သလိုဖြစ်ခဲ့ဖူးပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ကံဇာတာတတ်နေသည်ဟု ဆိုရမလားပဲ တစ်ရက်ကို ပိုစ့် သုံးခုပေါ။့ ၆ နာရီ ၇ နာရီလောက် ခြားတင်တဲ့ အခါမျိုးမှာ ပိုစ့် နှစ်ခုလောက်က ဒကာတော် good-karma ကြီး လာဗုတ်ထားတာနဲ့ ကြုံနေတော့ ရင်ထဲမှာ ဖိုးကြိုင်းတုတ် ဖြစ်နေတာပေါ့။ ခုရေးထားတဲ့ပိုစ့်လည်း လာဗုတ်ပါစေလို့  မျှော်လင့်ရင်း ဒကာတော် good - karma စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့  ဆုမွန်ကောင်းများတောင်းပေးလိုက်ပါသည်ဗျာ. . . .
Author-@gunapeya
MSC-181