နေတက် ရေတက်ဖွားများ ( ၆ )

in myanmar •  7 years ago 

image

အပိုင်း ( ၁ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-1-bcbefc3902925

အပိုင်း ( ၂ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-2-386982b8cedc7

အပိုင်း ( ၃ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-3-dad79a476a686

အပိုင်း ( ၄ ) ဖတ်ရှုရန် . . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-4-21147ec0b548c

အပိုင်း ( ၅ ) ဖတ်ရှုရန်
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-5-9645b757c8e8b

တင်မြင့်တစ်ယောက် မြွေကြီးအား အနိုင်ယူခဲ့သည့်အဖြစ်က လူများပြောစမှတ်တွင်ကြသည်။ " တင်မြင့်တို့  မြွေနိုင်ပုံများ ရိုးရိုးအဆိပ်ရှိတဲ့မြွေမပြောနဲ့ ဘုရားကျောင်းက နတ်မြွေက အစသတ်ပြီး အရက်နဲ့ မြည်းပစ်တာကွ " ဟုဟိုးလေးတစ်ကြော်ကြော် ဖြစ်သွားခဲ့သည် ။ တင်မြင့်တစ်ယောက်လည်း ရင်ကော့လျက် အောင်နိုင်သူကြီးပမာ ဂုဏ်တတ်နေတော့သည် ။ သို့ သော် တင်မြင့်သတိထားမိသည်မှာ မြွေနိုင်သူကြီးဟု ဂုဏ်ခံထားသော်လည်း မြွေသားစားပြီးသည့်နောက်ပိုင်း မြွေကိုင်ရမည်ကို ကြောက်လန့် လာခြင်းပင် ။ သို့ သော် သူ့ လက်ထဲ မြွေမရှိလျင် လူမပြောနှင့် ခွေးတောင် မခန့် လေးစားလုပ်တတ်သည်ကို သိထားသောကြောင့် မြွေ ကိုအရင်သတ်ပြီးမှသာ ခါးပိုက်ထောင်ထဲ ထည့်ပြီး ဟန်မပျက်ပင် မြွေနှင့် ခြောက်စား ဟောက်စား လုပ်နေရတော့သည် ။

ရေကျွမ်းကျင်သူသည် ရေနှင့်အသက်ဆုံးရသကဲ့သို့ 
မြွေကျွမ်းကျင်သူ တင်မြင့်လည်း ဒုတိယအရွယ်မှာတင် မြွေကြောင့် အသက်ပေးရမလားမပြောတတ်ပေ ။ အဖြစ်အပျက်ကတော့ ဆန်းသည်ဟုပြောရမည် ။ တင်မြင့်တစ်ယောက် မြွေပွေးတစ်ကောင် ရိုက်သတ်ပြီး ခါးပိုက်ထောင်ထဲထည့်ကာ ခါတိုင်းလိုပင် အရက်ဆိုင်တွင် မိုက်ကြေးသွားခွဲသည် ။ ကျန်သူများကလည်း တင်မြင့်ကိုမကြောက် မြွေကိုကြောက်နေရသည်မို့  သောက်လက်စအပြင် သူ့ အတွက်ပါ ထပ်မှာတိုက်ကြသည် ။ အရက်သောက်နေရင်းမှ တင်မြင့် ဆီးစပ်နားမှ ပုရွတ်ဆိတ်ကိုက်သလို စူးခနဲ စူးခနဲ့နှင့်မို့  အနည်းငယ်တွန့် သွားပေမဲ့ အသောက်မပျက်ပြေ အရက်ရှိန်ကြောင့် သွေးပူနေသည်မို့  နာရကောင်းမှန်းလည်းမသိပေ ။

အရက်ဆိုင်က ပြန်လာပြီး အိမ်ရောက်သည်နှင့် တင်မြင့် တစ်ခါတည်းတန်းအိပ်တော့သည် ။ တစ်ကယ်တော့ တင်မြင့်တစ်ယောက် ကိုဟ့်ကိုကိုယ်မြွေဆိပ်တတ်နေမှန်းမသိပေ ။ မြွေဆေးထိုးထားသောကြောင့် ချက်ချင်းလက္ခဏာမပြသော်လည်း စည်းဖောက်၍မြွေသားစားမိသောကြောင့် တင်မြင့်တစ်ယောက် ဒုက္ခရောက်ရတော့မည် ။ မြွေဆိပ်တတ်နေခြင်းကလည်း အခြားမဟုတ် ခါးပိုက်ထောင်ထဲ ထည့်ထားသည်က မြွေပွေးမ ဖြစ်ပြီး သားပေါက်လေးတွေမွေးနေခြင်းပင်။ ထိုသားပေါက်လေးများ ဝိုင်းဝန်းကိုက်ခဲသည့်ဒဏ်ကြောင့် တင်မြင့် မျက်စိတွေပြာနေတော့သည် ။ " မြွေပွေး ခါးပိုက်ပိုက် " ဆိုသောစကား တင်မြင့်အဖို့ တော့ မှန်ချေပြီ ။

တင်မြင့်အိပ်ချင်သော်လည်း လူးလဲထပြီး ခါးပုံစဖြေကြည့်တော့မှ မြွေပွေးအကောင်ပေါက်လေးများ ထွက်ကြလာတော့သည် ။ ထိုအခါမှ တင်မြင့်တစ်ယောက် အမူးများပင်ပြေကာ မြွေဆိပ်တတ်နေမှန်းသိလိုက်ရတော့သည် ။ " အမေ ကျွန်တော့်ကို ဆေးရုံမြန်မြန်ပို့ ပေးပါဗျာ မြွေဆပ်တတ်နေလို့  မျက်စိတွေ ပြာနေလို့ ပါ " ဟုအော်ဟစ်နေတော့သည် ။ " ဟဲ့ မူးလာရင် တိတ်တိတ်နေ နင့်ကို ဘယ်မြွေက ကိုက်ရဲမှာတုန်း ကိုဟ့်ဘာသာ မျက်လုံးမဖွင့်နိုင်အောင် အရည်တွေမြိုစို့ လာပြီးတော့ အသံပြဲနဲ့အော်မနေနဲ့ " ဟု သင်္ကာမကင်း အသံ အမေဖြစ်သူထံမှ ထွက်လာတော့သည် ။ " တင့်မြင့်တစ်ယောက် မနေသာတော့ပေ ကိုယ့်ဝမ်းနာ ကိုယ်သာသိနေသည်မို့  ။ " တကယ်ပြောတာ အမေရေ ကျွန်တော်တကယ် မြွေဆိပ်တတ်နေတာ ဆေးရုံသာ အမြန်ပို့ ပေးပါ " ဟုအော်ဟစ်ရင်း အသံပျောက်သွားတော့မှ အမေဖြစ်သူလည်း ပျာပျာသလဲနှင့် သွားကြည့်မိတော့သည် ။ ဟုတ်ပေသည် တင့်မြင့် တစ်ကိုယ်လုံး ပြာနှမ်းနေလေသည် ။ ချက်ချင်းပင် ဆိုက်ကားသမားခေါ်၍ တင်မြင့်ကို ဆေးရုံပို့ ရန် စီစဉ်တော့သည် ။

ဆက်ရန်. . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လုပ်ပြီးသွားပြီ 40$ ဆိုပေမဲ့ 15$ ပဲရတယ်

ကောင်းခန်းမှ ဆက်ရန်လေးက လာသေးတယ် ဦးဇင်း

တရုတ်သိုင်းကား ငယ်ငယ်က ကြည့်ရတဲ့အကျိုးကျေးဇူးပေါ့

မြွေလေးတွေကသေးပေသိ
အဆိပ်ပြင်းပါ့လား

အဆိပ်ရှိပေမဲ့ သူက ဆေးထိုးထားတာဆိုတော့ နည်းနည်းအသက်ပြင်းသေးတာပေါ့

ဖတ်ရတာ ရသအပြည့်ပါပဲ့လား ဦးဇင်းရေ

ကြိုးစားရေးနေတုန်း ဘိတ်သားရေ အားပေးတာ ဝမ်းသာတယ်

ဘုရား ဘုရား မြွေပွေးကိုမှ အထွေးလိုက် ခါးပိုက်ပိုက် မိနေပါရောလား။ နောက်အပိုင်းတွေလည်း မြန်မြန်ဖတ်ချင်ပါပီ ဦးဇင်းဘုရား။

ကြိုးစားရေးပါ့မယ် များများလေးဖတ်ရအောင်

မီးပျက်သွားပြန်တယ်ပေါ့ဦးဇင်းဟိဟိ။ကောင်းနေပီကို။

မြဝတီကလွှင့်တဲ့ သိုင်းကားကြည့်များသွားလို့ ပါ

စောင့်​ဖတ်​ပါမယ်​ ဦးဇင်း

စောင့်နေပေါ့ ကွောင်ကြီးရေ အကျိုးရှိပါတယ်