သင်္ကြန်တွင်း မိမိလည်း ကုသိုလ်ဆက်ရေးအတွက် လမ်းတွေခင်းနေကြောင်း ပိုစ့်တင်ကာ ရေးခဲ့သေးပါသည် မနေ့ ကတော့ လမ်းက မြေသားလမ်းဖြစ်သည့်အလျောက် ဖုန်ထကာ ကားသွားကားလာလည်း များသောကြောင့် မြေသားစီးရန်အတွက် ရေဖြန်းကြလေသည် ရေသယ်ကားပေါ် ပေပါ ၈ လုံးတင်လျက် ရေကန်မကျ အင်းမကျ နေရာဆီသို့  ရေသယ်ရန်သွားတော့မှ ထူးဆန်းဖွယ်ရာ တွေ့ခဲ့ရလေသည်
ရေသယ်သွားသည်ကား စမ်းချောင်းမဟုတ် ရေတံခွန်မဟုတ်ပေ တောင်ကြားထဲရှိ သတ္တုတွင်းကြီးဆီသို့ တည်း မည်မျှကြီးမားသည်တော့ မသိ အမှတ်တမဲ့ ဆိုလျှင် ရှမ်းပြည်နယ် တောင်ကြီး အင်းလေးကန်ကြီးက ထားဝယ်ရဲ့ တောင်ထိပ် တောင်ဖျားဆီသို့ ရောက်နေသည်ဟုပင် ထင်မှတ်ရလေသည် ထိုတောင်ကြားမှာပင် ရှေးခေတ် သဘောင်္ပျက်များ သတ္တုမိုင်း၏ ပျက်စီးနေသော လုပ်ငန်းခွင် ယန္တရား အပိုင်းအစများဖြင့် ပြည့်နှက်နေလေသည်
ဤနေရာ ဤဒေသ၌ သတ္တုမိုင်းတွင်းကြီး ရှိနေသည် သယံဇာတတွေ ရှိနေသည်ဆိုတာ မိမိတို့  နိုင်ငံသားများပင်မသိကြချေ သို့ သော် တရုတ် ဂျပန် စသော ကုပ္မဏီ များက အဘယ်ကြောငိ့ သိကြသနည်း အဘယ်ကြောင့် လွယ်ကူစွာ တူးယူခွင့်ရသနည်း မိမိ မတွေးမိတတ်ချေ ယခုမူကား သတ္တုတွင်းလည်း ပိတ်ထားပြီဖြစ်ပါသည် ရှေးလူကြီးများ ပြောအရတော့ တူးရင်းနဲ့ မြေအောက် ပေတော်တော် နက်သည့်နေရာမှာ ကျောက်ဖျာတစ်ချပ် တွေ့သည်ဟု ဆိုပါသည် ခဲမဖြူ အဖြိုက်နက်ကလည်း အထွက်ကောင်းတော့ ကျောက်ဖျာပါ တူးခွဲလိုက်ရာမှ ရေလုံးများ အရှိန်အဟုန်နှင့်ထွက်လာပြီး သတ္တုမိုင်းတွင်းလုပ်သာများအားလုံးကို ဝါးမြိုသွားခဲ့သည်ဟုဆိုပါသည် မိမိတွေ့ရှိသည့် အင်းကတော့ ထိုသတ္တုတွင်းကို ဖုံးလွှမ်းသွားသော ရေများသာ ဖြစ်ရမည်ဟု ထင်မိပါသည်
ဘယ်နေရာမှာတွေ့တာလဲဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေဖြူမြို့နယ် တောင်ပေါ်ဒေသမှာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တောင်ထိပ်ကို သင်္ဘောပျက်တွေ ရောက်နေတာလားဘုရား ..ဘယ်လိုရောက် ? .. စိတ်ဝင်စားစရာပါ ဘုရား ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှာရှာဖွေဖွေ ဦးဇင်းရယ်၊ တပည့်တော်လာအားပေးသွားတယ်နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit