ငယ်ငယ်တုန်းက စာသင်သားဘဝ ( ၂ )

in myanmar •  7 years ago 

image

မိမိ စာသင်သားဘဝ ရောက်ခဲ့သည်ကား ပါရမီပါခဲ့သောကြောင့်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့  သာသနာပြုဖို့ ကံပါလာသည်ကို တစ်ခါမှ မတွေးခဲ့ဖူးချေ ။မိမိတွင် မွေးချင်း ညီအစ်ကို မောင်နှမ သုံးယောက်ရှိပါသည်။ မိမိကား အကြီးဆုံးဖြစ်ပြီး မိမိအောက်တွင် မိန်းခလေး၊ ထိုမိန်းခလေးအောက်တွင် ညီအငယ်ဆုံးဖြစ်ပြီး၊ အသက်ကသုံးနှစ်စီ ကွာကြသည် ။ မိမိထက်အရင် မိမိ၏ ညီအငယ်ဆုံးက ကိုရင်ဝတ်ကာ စာသင်တိုက်အရင် ထွက်နေလေပြီ။ သူကား လေးတန်းမျှသာ ပညာသင်ဖူးသည် ။လေးတန်းဖြေဆိုပြီး ကျောင်းပိတ်ရက်မှာ ကိုရင် ဝတ်ပေးထားခြင်းဖြစ်ပြီး အောင်စာရင်းတွေထွက် စာမေးပွဲအောင်တယ်ဆိုတော့ အမေက ကျောင်းတတ်ဖို့ အတွက် လူထွက်ခိုင်းလေသည်။ သို့ သော် ကျောင်းအပ်မည့်ရက်မှာပဲ ကိုရင်မထွက်ချင်ဘူးဟု ဆိုကာ မော်လမြိုင်စာသင်သွားသည့် ဦးဇင်းငယ်နှင် မော်လမြိုင်သို့  လိုက်သွားလေသည် အမေ့မှာတော့ မျက်ရည်စက်လက်နှင့် မော်လမြိုင်ထိလိုက်ပြီး ချော့တစ်လှည့် ၊ခြောက်တစ်ခါ လူထွက်ခိုင်းသော်လည်း ဟင်အင်းသာ ငြင်းနေသဖြင့် အမေလည်း လက်လျော့ပြီး နေလိုကနေပါစေဆိုပြီး စာသင်တိုက်မှာ ထားခဲ့ရတော့သည် ။
image
ညီငယ်နှင့် ပြန်တွေ့သည်အချိန်ကား မိမိ ၁၀ တန်းတတ်နေသည့်အချိန် ၂၀၀၆- ၂၀၀၇ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေသည့်အချိန်မို့  ညီငယ် ကိုရင်လည်း ရွာပြန်လာလေသည် ။သူများယောင်တိုင်း လိုက်မယောင်မိဖို့  တာဝန်ယူပြီး ခေါ်သွားသည့် ဦးဇင်းငယ်က ပြန်လာပို့ ခြင်းဖြစ်ပါသည် ။ထိုအချိန်မှ မိမိနှင့် ညီငယ်တို့  ဆုံခွင့်ရသည်။ " ကိုရင် မော်လမြိုင်မှာ စာသွားသင်တာ ဘာတွေ သင်ရတာလဲ ဆိုတော့ ဟော့ဒါက ကစ္စည်းသဒ္ဒါ၊ ဟော့ဒါက သဂြိုလ် ၊ ဟော့ဒါက ဝိနည်း စသည့် ပါဠိစာအုပ်များ ထုတ်ပြလေသည် မိမိကား ၁၀ တန်းထိ ပညာအရည်အချင်းရှိသည် သို့ သော် ကိုရင်ငယ်ပြသည့် စာအုပ်များကို မဖတ်တတ်ပေ။ ပါဠိဆင့်တွေ များသလို စာလုံးတွေကလည်း သေးသေးမွှားမွှားလေးတွေက များသည်။ ဒါနဲ့ ကိုရင့်စာတွေကလည်း ဘာတွေမှန်းမသိဘူး။ စာလုံးကလည်းသေးသေးလေးတွေနဲ့ ဖတ်ပါများရင် မျက်စိပါပျက်မယ် အဲ့ဒါကြီးကတော့ မသင်ချင်ဘူး။ ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ငြီးတွားခဲ့သည်မှာ မိမိကိုယ်တိုင်ပင်ဖြစ်သည် ။
image
နောက်တော့ ညီငယ်ကိုရင်လည်း စာမေးပွဲ ရှိသည်ဟုဆိုကာ မော်လမြိုင် ပြန်သွားလေသည်။ မိမိသည်လည်း ၁၀ တန်းစာမေးပွဲဖြေဆိုနေသည့်အချိန်မို့ မိဘများကလည်း မိမိကိုသာ အရေးထားသည်။ ညီငယ်ဆီတောင် ဖုန်းမဆက်ဖြစ်တော့ချေ။ ထိုအချိန်က ဖုန်းတစ်ခါဆက်ရဖို့ ပင် မလွယ်ကူပေ။ စာသင်တိုက်ထဲတွင် ဖုန်းလာသည့်အခါ မိုက်နှင့် လော်စပီကာနှင့်တပ်ကာ အော်ခေါ်ရသည် ပြီးလျှင် ပြန်ခေါ်ရသည်။ ဖုန်းတစ်ခါဆက်ဖို့ အတွက် တော်တော် အလုပ်ရှုပ်ရသည် ။ထို့ ကြောင့် အဆက်အသွယ် သိပ်မလုပ်ကြပေ။ ဒီလိုနှင့် မိမိ စာမေးပွဲပြီးတော့မှ အမေက ပြောသည်။ စိတ်ပြေလက်ပျောက် မိသားစုတွေ မော်လမြိုင်သွားကြမည် ။ကိုရင်ငယ်လည်း ဝင်တွေ့ရင်း ကျိုက်သလ္လံဘုရား စသည်လည်း ဖူးကြမည်ပေါ့။ မိမိကားရန်ကုန်ကလွဲပြီး ဘယ်မှ ရောက်ဖူးသူမဟုတ်ပေ။ ယခုလို ခရီးထွက်မည်ဆိုတော့ ဝမ်းသာအားရပင် ပျော်ရွှင်မိလေသည်။ နောက်နေ့ ကြတော့ ရထားကြီးနှင့် မော်လမြိုင်သို့  မိသားစုလိုက် ချီတတ်လာခဲ့ကြသည်။

( ဆက်လက် ဖော်ပြပါဦးမည် )

မိမိအား ချစ်သူ ၊မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

Author -@gunapeya
MSC-181

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တစ်သက်လုံးမထွက်ပါနဲ့တော့ဦးဇင်းရေ။ခုခေတ်က ဦးဇင်းတို့လိုသာသနာအတွက်ကြိုးစားတဲ့ဘုန်းကြီးတွေကရှားကုန်လို့ပါ။သာသနာကိုနေလိုလလိုထွန်းလင်းအောင်စွမ်းဆောင်နိုင်သောဦးဇင်းလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဘုရား။

ဟုတ်ကဲ့ မဇာရေ ခုတောင် သဲကုန်းသီတဂူဆရာတော် ဘုရားကြီး ငယ်ငယ်ကနေခဲ့တဲ့ မွေးရပ်မြေမှာ အထုံပါရမီး လာကူးနေတာ ဆရာတော်ကြီးလို ဖြစ်အောင်ကြိုးစားမယ်

သာ့သနာ့ အာဇာနည်​ အ​ကျော်​အ​မော်​များရဲ့ မယ်​​တော်​ကြီးဖြစ်​​စေ​ဖို့ ကြိုးစား​ပေးရင်း မိဘ​ကျေးဇူးဆပ်​နိုင်​ပါ​စေ လို့ ဆု​တောင်း​မေတ္တာ ပို့သပါတယ်​ ဘုရား ...

ကြိုးစားပါ့မယ် မြန်ပြည်သားရေ အဲ့လို အားပေးတဲ့အတွက်လည်း ပိုပြီးအားတတ်မိပါတယ်

ဒီထက်လည်း အောင်မြင်မှုတွေရရှိပါစေ ဦးဇင်းရေ..

ဆုတောင်းမေတ္တာအတွက် ကျေးဇူးပါ sl ကြီး အသားဖြူ လူလှ စိတ်ထားမျှ လို့  စော်ကြည် ထီပေါက် ပါစေ

မင်္ဂလာပါဘုန်းဘုန်း
သာသနာအကျိုးများစွာ ပိုပြီးဆောင်ရွက်နိုင်ကြသော ဘုန်းဘုန်းများဖြစ်ကြပါစေဗျာ

ကြိုးစားပါ့မယ် မွေးကျေးဇူးဆပ်နိုင်အောင်

မွေးမိခင် မွေးရကျိုးနပ်ပါတယ် ဘုရား

ဟုတ်တယ် မတ်မတ်စုရေ ဦးဇင်း ကြီးဒေါ်ဆို အမေ့ကို မြင်တိုင်း ဗိုက်ကလေးပုတ်ပြီး သားရဟန်းတွေ မွေးထုတ်ပေးတဲ့ဗိုက် တန်ဖိုးရှိတယ်ဆိုပြီး ချီးကျူးနေတာ

ကောင်းလိုက်တာ ဘုရားညီအကို၂ယောက်စလုံး သာဿ နာ့ ဘောင်မှာ
ဆိုတော့

ဟုတ်တယ် မသုပ်စုံရေ မယ်တော်ဆို အရမ်းမျက်နှာပွင့်တယ် သားရဟန်းနှစ်ပါးတောင်ရှိတဲ့ အမေဆိုတော့

သာသနာဘောင်မှာ ညီအကိုနှစ်ပါးဆိုတော့ အရမ်းဂုဏ်ယာဝမ်းသာရပါတယ်ဘုရား

ဟုတ်တယ် ကိုရှိန်းရေ ညီကလည်း စာတတ်ပေတတ်ဖြစ်အောင် လမ်းပြပေးနေရတယ်

သာသနာ့တာဝန်​ကို​ကျေပွန်​စွာထမ်း​ဆောင်နိုင်​ပါ​စေအရှင်​ဘုရား။
သာသနာမှမြဲဖို့ဆိုတာ​ကမလွယ်​ပါဘုရား။ဦးတင်​ပါတယ်​ဘုရား။

ဒီနေ့ ခေတ်လို အာရုံထွေပြားတဲ့ ခေတ်ကြီးမှာ အတော့်ကို ချုပ်တည်းပြီး နေထိုင်နေရတယ်ဆိုတာတော့ ဝန်ခံပါတယ် ဇော်ထက်ရေ

အားပေးခဲ့ပါတယ်ဘုရာ့
အခုလိုသာသနာပြုနိုင်တာကိုသိရှိရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်ဘုရာ့။
ပါဏိ ပါတ်ဆင့်စာပေတွေကို ဘယ်လိုကနေတက်မြောက်ခဲ့သလည်းဆိုတာတော့ နောက်ထပ် Postမှာပဲ သိခွင့်ရတော့မယ်ထင်တယ်နော် ဘုရား😁😁

ခုလို စိတ်ဝင်စားတဲ့အတွက် ဝမ်းသာမိတယ် ကိုမိုးဇော်ရေ ၁၀ တန်းပေမဲ့ ပါဠိဖတ်မတတ်တော့ ညီငယ်ကို ဆရာတင်ရတဲ့ ဘဝပေါ့ ဆက်ရေးပါ့မယ်

သာသနာ့အကျိုး ဆောင်ရွက်နိုင်သော ဆရာတော်
ဘုရားအား ရှိခိုးဦးညွတ်ကန့်တော်ပါ၏ ဘုရား

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ကိုညီညီရေ

တိုင်းပြုပြည်ပြု သာသနာပြုပုဂ္ဂိုလ်ကြီးဖြစ်ပါစေ ဦးဇင်း

ကြိုးစားလျက်ပါဗျို့

လေးစားဦးခိုက်​လျှက်​ပါဘုရား

ဟဲ့ ကပ္ပိယကြီး ကြက်ဂွေးတောက်လေး ဘုန်းပေးချင်သကွဲ့

ရထားကြီးနှင့်​ ​မော်​လမြိုင်​ သို့

အလည်လိုက်မလား ဒူးရင်းသီး ကြက်မောက်သီး ပေါတယ်

လေးစားခိုးခိုက်မိပါတယ်ဘုရား

ဝမ်းသာပါတယ် ကိုလင်းညှို့ ရေ ခုလို ဖတ်ရှု အားပေးတဲ့အတွက်

သာသနာ့တာဝန်​သာသနာ့အကျိုးကို​ကျေပွန်​စွာထမ်း​ဆောင်နိုင်​ပါ​စေအရှင်​ဘုရား။

ကြိုးစားလျက်ပါလို့ 

ခုလဲငယ်ငယ်ကအတိုင်းပဲနော်ဦးဇင်း

ငဟ်ငဟ်ကလည်း ထိပ်ပြောင် ခုလည်း ဆံပင်မရှိဘူးလို့  ပြောချင်တာလားကွယ်