သူ့ တို့  မာန

in myanmar •  7 years ago 

image

မာနတရားတွေ ဘဝင်မြင့်တာတွေက လူတွေသာမဟုတ်ပဲ ညာဏ်ရည်နိမ့်တဲ့ တိရိစ္ဆာန်လေးတွေမှာလည်း ရှိကြပါတယ်။ ပုံငြင်တွေထဲမှာလည်း လည်ပင်းကို အသပြာဆွဲပေးလိုက်တာနဲ့ ဘုရင်ကိုတောင် ဆင်းပြီး အရိုအသေမပေးတော့တဲ့ ပုတ်သင်လေးအကြောင်းတွေးရင်း အော် ဒီခွေးလည်း ဒီလိုပဲနေမှာဆိုပြီး ပြုံးမိပါသေးတယ်။ အရင်ကဆို အသံကြားတာနဲ့ အမြှီးလေးနံ့လို့  စားစရာမကျွေးမချင်း မသွားတတ်တဲ့သူက ဒီနေ့ ကျတော့ တကူးတက ခေါ်ကျွေးတာတောင် မကြားချင်ယောင်ဆောင် အရေးတောင်မလုပ်ပေ။ ထူးဆန်းတယ်ပေါ့ဆိုပြီး ကြည့်တော့မှ သူ့ ကိုက်နေတာ ဘယ်ကရလာမှန်းမသိတဲ့ အရိုးတစ်ချောင်း ဒါကြောင့်ကိုး ။သူ့ မှာ စားစရာရှိပြီဆိုတော့ မာန်တတ်ပြီ။ အမြီးလည်း နံ့ပြစရာမလိုဘူး လျှာလေးထုတ်ပြီး သနားအောင်နေပြစရာလည်း မလိုဘူးလို့  ထင်သွားပုံရပါတယ်။ ဒီလိုပါပဲ လူတွေမှာလည်း စည်းစိမ်ဥစ္စာ အရှိန်အဝါလေး နည်းနည်း ရှိလိုက်တာနဲ့ ဘဝင်လေဟပ်သွားကြတာများပါတယ်။ ဒါကြောင့် ဇီးသီးသည် မဗျိုင်းလို ဘဝမမေ့လိုက်ပါနဲ့ ကိုယ်ဘယ်ဘဝက လာခဲ့တယ်ဆိုတာ အမြဲဆင်ခြင်မိကြပါစေ။

Author-@gunapeya
MSC-181

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်း​ကောင်းတဲ့ ဥပမာ​ ​လေး​တွေပါပဲ ဘုရား

Sneaky Ninja Attack! You have been defended with a 1.54% vote... I was summoned by @gunapeya! I have done their bidding and now I will vanish...Whoosh

This post has received a 0.59 % upvote from @drotto thanks to: @gunapeya.