မနေ့ က ဖောင်းပြင်သား သူငယ်ချင်း၏ အိပ်မက်ထဲက ရန်ကုန်မြို့ကြီးကို ရောက်လာပုံလေးကို ဆက်ပြီးရေးပြလိုက်ပါသည် ။
" တပည့်တော် အမြဲတမ်း ဆုတောင်းတယ် ။ ရွှေတိဂုံဘုရားကြီးကို ဖူးရပါလို၏ဆိုတဲ့ စိတ်နဲ့ပေါ့ ။ တစ်နှစ်ကျော်ကြာတော့မှ တပည့်တော် ဆန္ဒတွေပြည့်ခဲ့ရတယ် " ။ ဘာလို့ လဲ ဦးဇင်း အဖေအမေတွေက ဘုရားဖူးဆိုပြီး လိုက်ပို့ တာလား လို့ မေးမိတော့. . .
" မဟုတ်ဘူး ဦးဇင်း ရွာကအဒေါ်တွေ အလှုလုပ်တော့ တပည့်တော်လည်း ကိုရင်ဝတ်ရတာပေါ့ ။ အဲ့ဒီကိုရင်ဘဝနဲ့ ရောက်ခဲ့ရတာပါ ။ တပည့်တော်ရဲ့အဒေါ်တွေက အရင်တုန်းက ဆင်းရဲတယ် ။ ခုလိုအလှုတွေ ဘာတွေမလုပ်နိုင်သေးဘူး ။ ဆင်းရဲတာကလည်း လောင်းကစားဘာညာကြောင့်မဟုတ်ပါဘူး ။ ရွှေမျောလုပ်ရင်းနဲ့ အိမ်ပေါင် လယ်ပေါင်ဘဝရောက်ပြီး အကြွေးတွေ ပတ်လည်ဝိုင်းနေတာပါ ။ ဘယ်လောက်ထိလဲဆို လင်မယားနှစ်ယောက်လုံး ကိုဟ့်ကိုကိုယ်သေကြောင်းကြံတဲ့အထိပဲ ။ ဒါပေမဲ့ သေကံမပါဘူးထင်တယ် သူတို့ မသေကြဘူး ။ ဒါနဲ့ပဲ ခေါင်းမာတဲ့အဒေါ်က သူတို့ မသေတာ အခွင့်အရေးရှိသေးလို့ ဆိုပြီး ရွှေမျောပဲ ထပ်လုပ်ကြတယ်ဘုရား " ဆိုပြီး အာခြောက်သွားဟန်နှင့် ရေတစ်ခွက်ထသောက်လိုက်သေးသည် ။ မိမိမှာတော့ ဘာလို့  ချမ်းသာသွားတာလဲ သိချင်လှပြီ အဲ့တော့မှ ဆက်ပြောပြသည် ။
" သူတို့ အရင်လုပ်တဲ့ ရွှေမျောတွေမလုပ်တော့ဘူး ။ နေရာသစ်ရှာကြတယ်ပေါ့ ။ ချင်းတွင်းမြစ်ရဲ့ ဟိုးအထက်ပိုင်းနေရာက ရွှေမျောအဟောင်းကို ဈေးပေါပေါနဲ့ ဝယ်ပြီး ရွှေရှာကြတယ် ။ ဒါပေမဲ့ မထူးပါဘူး အရင်လို ၁၀ရွေး ၁၅ရွေးလောက်ပဲရတော့ ဆီဖိုးတောင်မကျေပါဘူး ။ တစ်နေ့ ကျတော့ အဒေါ်က အဲ့ဒီချင်းတွင်းမြစ်အထက်ဘက်က တောအုပ်လေးထဲမှာ တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးကိုဖူးတွေ့လိုက်ရတယ် ။ မြင်တာနဲ့ ကြည်ညိုစိတ်ဖြစ်ပြီး သူတို့ ယူလာတဲ့ ထမင်းထုပ်ကို လှုတာပေါ့ ။ အဲ့နေ့ က ရွေး၈၀ လောက်ထိ ရွှေရတယ်တဲ့ တစ်ကျပ်သားမပြည့်တပြည့်ပေါ့ ။ အမှန်ဆို သူတို့ တူးနေတဲ့ ရွှေမျောအဟောင်းက ရွှေနဲ့တူတာဆိုလို့  မြေကြီးအဝါရောင်တောင်မကျန်တဲ့နေရာဖြစ်နေပြီ ။ ကုန်သလောက်ဖြစ်နေလို့  အရင်ပိုင်ရှင်တွေက ရောင်းခဲ့တာလေ ။ အဲ့ဒီနေ့ ကျမှ ထူးထူးခြားခြား ရွေး၈၀ လောက်ထိရတာဆိုတော့ အဒေါ်လည်း အားတတ်သွားတယ် ။ နောက်နေ့ တွေကျတော့ ဆရာတော်ကို ဆွမ်းကွမ်းကိစ္စပြည့်စုံအောင် လုပ်ပေးပြီးမှ ရွှေမျောကို လာလာကြည့်တယ် ။ ရွှေက ပုံမှန်လို ရွေး ၁၀၀( ရွှေတစ်ကျပ်သား ) နီးပါးလောက် ရနေတာပဲပေါ့ ။ တပည့်တော် အထင်တော့ ဆင်းရဲသား မဟာဒုတ် တို့ လို့  အကျိုးပေးတာထင်တယ်ဘုရား " ။
မဟာဒုတ်ဆိုသည်မှာ ဆင်းရဲလွန်း၍ သူတစ်ပါးအိမ်မှာ လင်မယားနှစ်ယောက်လုံး ကျွန်ခံပြီး ရလာတဲ့ အသပြာလေးနဲ့ ဘုရားရှင်ကို ဆွမ်းကပ်ခဲ့သော ဥပါသကာတစ်ဦးဖြစ်သည် ။ ဆွမ်းဘုန်းပေးပြီး ဘုရားရှင်ကျောင်းတော်သို့  ပြန်ကြွသည်နှင့်တစ်ပြိုက်နက် သိကြားမင်းကိုယ်တိုင် သူတို့ အိမ်ကို ရတနာ ၇ ပါးအပြည့်ဖြည့်ပေးရတဲ့အထိ ချက်ချင်း လက်ငင်းအကျိုးထူးကိုခံစားရလေသည် ။ ထို့ ကြောင့် မဟာဒုတ်ဥပါသကာကို အကြောင်းပြုပြီး မဟာဒုတ်မဲဆိုပြီး တန်ဆောင်မုန်းလတွင် စာရေးတံမဲများ ပြုလုပ်ကာ လှုတန်းကြလေ့ရှိသည် ။ ( ဤကား စကားချပ် )
ရေးရပျင်းသွားပြန်ပြီ အဆက်ကလေး စောင့်မျှော်ပေးပါဦး steemit မိတ်ဆွေများရယ် ။
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုဟ်၏ ကျန်မာခြင်းနှင့် ပြည့်စုံကြပါစေ ။
MSC-181
Author @gunapeya
စေတနာ အကျိုးပေးတာ နေမှာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့လိုပဲ ထင်မိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စေတနာအကျိုးပေးတာရယ် ရှေးအတိတ်ကံဆန်းထလာချိန်ရယ်တိုက်ဆိုင်တယ် ဆိုမလားဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်နိုင်တယ် မတ်စု အကျိုးပေးတိုက်ဆိုင်တာနေမှာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးရ မပျင်းပါ့ ဘုရား
ဒါနစေတနာ အကျိုးပေးပုံလေး သိပါရစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုဟိန်းပြောလို့ နော် မပျင်းတော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စေတနာသဒ္ဓါတရားက လက်ငင်းအကျိုးပေးတာပါလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့  ညာဘက်က တစ်လှဲ့ဝင်တဲ့သဘောပါ

တတ်နိုင်သလောက်လေးတော့လှူနေတာပါပဲဘုရာ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့  ညာဘက်က တစ်လှဲ့ဝင်တဲ့သဘောပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးပါဆရာတော်ရယ်
အဲ့လိုလေးတွေဖတ်ချင်တာပါဆို ဘယ့်နှယ် ပျင်းသွားပီတဲ့ စိတ်ဆိုးတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ရပါဘူး ကသက်ရယ် လပတ်စာမေးပွဲနီးနေတော့ နည်းနည်းကြိုးစားနေရလို့ ဘာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နန်းရှေ့စာရေးတံမဲ ကတော့ အတော်စုံဖူးတယ် ဓလေ့အမျိုးမျိုး တွေ့ဖူးတာပဲ
တခါတည်းကျရာကျောင်းခေါ် တခါတည်း စီတန်းသပိတ်နဲ့အပေါ်တင်ပေးကနေ မဲနှိုက်တွေကော နောက် မဲနှိုက်ပီး ကျရာမိသားစုအိမ်ကို ဆွမ်းစားကြွ အလှုရှင်မိသားစုက အိမ်ကနေထိုင်လောင်းတဲ့ ပုံစံအထိပဲ။
မှတ်မှတ်ရရတော့ မဟာမုနိရုပ်ရှင်တော်မှာပဲ ကုတင်တွေ ကားတွေထိပါတာ မောင်သံက သပိတ်နဲ့လေးဆင့်ဂျိုင်လေးပဲပေါက်တယ်ဂျာ တောက်တခေါက်ခေါက်နဲ့ပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကုသိုလ်ကံ ထူးတာပေါ့ဦးဇင်းဆို ဆပ်ပြာမှုန့်  သွားတိုက်ဆေး သွားတိုက်တံက ပုံမှန်ဖြစ်နေတာ မဲကံမကောင်းဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမလေး ရဟန်ဝတ်ဖို့ကံပါတာများ ဦးဇင်းရယ် ဟိုနှစ်က မိုးကုတ် ပဉ္ဇင်းသွားခံတာ ဆယ်ရက်ထဲကို ဘုံဆွမ်းကနေ သင်္ကန်းသုံးစုံတောင်ရတာ
ကိုယ်ပြန်လှုရတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ကောင်းတုန်းရေးရတာပျင်းသတဲ့ နောက်ထပ်မပျင်းဘဲ အများကြီး ရေးပေးပါဦးဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါပြီး ဒါန သီလ ဘာဝနာဇာတ်လမ်းလေးတွေ များများရေးပေးပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သဒ္ဓာတရားတိုးစေပါတယ်ဘုရား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလို အားပေးတာ ကျေးဇူးပါကွယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဝင်စားစရာဆက်ဖတ်ပါမည်ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ ဆက်ရေးပေးပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စေသနာနဲ့ ကံအကျိုးပေးချိန် ကျလာပြီထင်ပါရဲ့ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာလုပ်လုပ်ဖြစ်ထွန်းတဲ့ အချိန်ရောကလာပြီလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရှင်ဘုရား ကလေးမြို့စာသင်တိုက်မှာနေဘူးလားဘုရာ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မနေဖူးပါဘူး ဘဘယုရေ ဒါပေမဲ့ ကလေးက သူငယ်ချင်းတွေတော့ အများကြီးရှိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ပါအုံးဘုရား :-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နက်ဖြန် ပလိုကျမှ ဖတ်တော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလှူဒါနအကျိုးက ချက်ချင်းကိုရတဲ့ပုံပါပဲဘုရား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ကုသိုလ်ကံဇာတာတတ်လာပြီလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မျှော်နေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မနက်ဖြန် အဆက်တင်ပေးပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရွှေမှော်ဆိုတာကြားဖူးရုံပဲ
အခုလိုပုံတွေခုမှမြင်ဖူးပါတယ်ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဦးဇင်းလည်း ခုမှ မရမကလိုက်ရှာပြီး တင်ပေးထားတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတ တိုးစေမှာမို့ စောင့်မျှော်ဖတ်ရှူနေပါ့မယ်ဘုရာ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကွယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဝင်စားစရာပါပဲဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဝင်တစား ဖတ်ရှုပေးလို့  ဝမ်းသာမိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးပျင်းသွားပြန်ပြီတဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မနက်ဖြန် ဇာတ်သိမ်းပြီ မဆွဲဆန့် တော့ဘူး