သူပြောပြသော သူ့ ရွာကလေး ( ဇာတ်သိမ်း )

in myanmar •  6 years ago 

image

" အဒေါ်ကတော့ ချက်ချင်းလက်ငင်း အကျိုးထူးတယ်ပဲ ပြောရမယ်ထင်တယ် ဦးဇင်းရေ ။ အဲ့ဒီတောရကျောင်းက ဆရာတော်ကို ဆွမ်းကွမ်းဝေယျာဝစ္စတွေ ပြုလုပ်ပေးတော့ ကုသိုလ်ကံတတ်လာတယ် ထင်ပါတယ် ။ သူပိုင်တဲ့ ရွှေမျောက တစ်နေ့  တစ်ကျပ်သားနီးပါးလောက်ကနေ ငါးကျပ်သား တစ်ဆယ်သားလောက်ထိရလာတာပေါ့ ။ ပုံမှန်ဆို တစ်လလောက်ဆိုလျှင် မျောတွေက ရွှေအလိုက်နည်းလာတတ်တယ် ။ တခြားမျောအသစ်ပြောင်းလုပ်ကြရတယ် ။ ဒါပေမဲ့ အဒေါ်ပိုင်တဲ့ ရွှေမျောက ရွှေကြောများ မိသွားသလားမသိဘူး ။ တစ်ခါတစ်လေ အတုံးလိုက် အခဲလိုက်ကို ရတော့တာပဲ ။ ဒါနဲ့ သူ့ အရင်က တင်ခဲ့တဲ့ အကြွေးတွေ အကုန်ဆပ် ပြီးတော့ ရွာထဲလမ်းတွေခင်းပေးတော့တာပေါ့ ။ အဲ့ဒီတောရကျောင်းက ဆရာတော်ကိုတော့ တပည့်တော်တို့ ရွာမှာပဲ ကျောင်းဆောင်ကြီး ဆောက်ပြီး ကိုးကွယ်တော့တယ် " ။

image

" ဆရာတော်က အကျင့်သီလနဲ့လည်း ပြည့်စုံတယ် ။ ပြီးတော့ အဟောအပြောကလည်းကောင်းတယ် ။ လောကီ လောကုတ္တရာ အရေးနှစ်ဖြာလုံး ဆရာတော်ရဲ့ လမ်းညွှန်ချက်အတိုင်းပဲ အဒေါ်တို့ လင်မယားနှစ်ယောက်လုံးလိုက်နာကြတာပေါ့ ။ ဘုရား တပည့်တော်တို့ ဆရာတော်ကို ဥပမာပေးရရင် မသိတာ မတတ်တာလုံးဝမရှိလို့  " မကာရလောပအကျော် ခင်ကြီးပျော် " ဆိုတဲ့ ဘွဲ့ဂုဏ်တွေနဲ့ကျော်ကြားတဲ့ဆရာတော်မျိုးပေါ့
ဘုရား " ။

ခင်ကြီးပျော်ဆိုသည့် ဆရာတော်ကား ယနေ့ ခေတ် စာသင်သားလက်စွဲ ကစ္စည်းသဒ္ဒါကျမ်းစသည့် ကျမ်းပေါင်းများစွာ ပြုစုခဲ့သော ဆရာတော် တစ်ပါးဖြစ်သည် ။ လောကုတ္တရာအရေးတွင် ညာဏ်ပညာထက်သည်မဟုတ်သေး ။ လောကီအရေးဖြစ်သည့် အတီးအမှုတ် အကအခုန် အသက်မွေးဝမ်းကျောင်းပြုရာ ငါးဖမ်း ကွန်ပစ် စသည်တို့ ကိုလည်း တတ်ကျွမ်းသည် ။ သို့ သော် ပညာပြရုံမျှသာဖြစ်သည် ။ သာဓကအနေနှင့် စစ်တုရင်၌ ကျွမ်းကျင်သော အမတ်တစ်ဦးက ဆရာတော်ကို စိန်ခေါ်ဖူးသည် ။ ဆရာတော်ကား ကြားလည်းမကြားဖူး မြင်လည်းမမြင်ဖူးချေ ။ သို့ သော် ယှဉ်ပြိုင်ရာ ပထမဦးဆုံး ပွဲသာဆရာတော် ရှုံးနိမ့်၍ ကျန်ပွဲများ အားလုံး အမတ်ကြီးပင်ရှုံးတော့သည် ။ သို့ မှသာ ဆရာတော် ဥာဏ်ပညာထက်မြတ်ကြောင်း ယုံကြည်သွားခဲ့ဖူးသည် ။ လက်ဆောင်အနေနှင့် ဆရာတော်မှ စစ်တုရင်ကစားနည်း သံပေါက်အလင်္ကာ ကိုတောင် အမတ်ကြီးအား ပေးသနားခဲ့သည်ဟုပင် ဆိုထားပါသည် ။ ( ဤကား စကားချပ် )

ယခုလည်း မိမိ၏ စာသင်ဖော်က သူ၏ လက်ဦးဆရာကို ထိုကဲ့သို့ ပင် ချီးမွမ်းလာသည်မို့  မိမိစိတ်ထဲမှာတော့ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလိုပဲ အဖော်ဖြစ်သူအပေါ်၌ လေးစားကြည်ညိုစိတ်ဖြစ်မိတော့သည် ။ ထို့ နောက် သူကဆက်ပြောပြသည် ။

" ဆရာတော်ကို ကျောင်းဆောင်သစ်ဆောက်လှုတော့ ကျောင်းရေစက်ချပွဲမှာပဲ တပည့်တော်လို ရွာက ကလေးတွေအားလုံး အဒေါ်ကရှင်ပြုပေးတာပေါ့ ။ ဘုရား တစ်ချို့ကလေးတွေကလည်း မပျော်ပိုက်လို့  ထွက်ကုန်တယ် ။ ခုထိတော့ တပည့်တော် အပါအဝင် ငါးပါးကျန်သေးတာပေါ့ဘုရား ။ တပည့်တော်ကတော့ အငယ်ဆုံးပေါ့ ။ အဲ့အချိန်က ဆရာတော်က အင်္ဂလိပ်စာတွေ ပါဠိစာတွေ အခြေခံသင်ပေးတယ် ။ ပြီးတော့ အမြို့မြို့အနယ်နယ်က သူ့ မိတ်ဆွေ စာချဆရာတော်တွေဆီ လိုက်အပ်ပေးတယ်ဘုရား ။ အဲ့ဒီမှာ တပည့်တော်ကို ရန်ကုန်က စာသင်တိုက်တစ်တိုက်မှာ စာသင်ဖို့ လိုက်အပ်ပေးတာပေါ့ ။ တပည့်တော်စိတ်ထဲမှာ တော်တော်ပျော်မိတယ်ဘုရား ။ ရွှေတိဂုံဘုရားကြီး ဖူးရတော့မယ် ။ ငါ့အိပ်မက်တွေ တကဟ်ဖြစ်လာပြီဆိုပြီးတော့ပေါ့ ။ အဲ့အချိန်ထဲက သုံးနှစ်တစ်ခေါက်ပဲ ရွာပြန်တော့တယ် ။ ဆရာတော်အနားကိုတော့ တပည့်တွေ အလှည့်ကျနေပြီး ပြုစုပေးရတာပေါ့ဘုရား " ။

image
သူငယ်ချင်း၏ဇာတိမြေဖြစ်သော ချင်းတွင်းမြစ်ကမ်းနံဘေးကရွာငယ်လေး

တပည့်တော်လည်း ရန်ကုန်မှာပဲ အစိုးရ ငယ်လတ်ကြီးစာမေးပွဲတွေအောင်တော့ အခုဓမ္မာစရိယတန်းကို မတတ်သေးဘဲ အသက်ငယ်တုန်းလေး သီတဂူဗုဒ္ဓတက္ကသိုလ်ကို ရောက်လာတာဘုရား ။ ရွာကနေ ပို့ လိုက်တဲ့တပည့်တွေထဲမှာပေါ့ တပည့်တော်ကပညာရည် နိမ့်သေးတာပေါ့ ။ တခြားနောင်တော်တွေက နိုင်ငံခြားက ဘွဲ့တွေရတဲ့သူရပြီ ။ စာချကိုယ်တော်ဖြစ်တဲ့သူကဖြစ်ပြီ ။ ကျောင်းထိုင်တဲ့သူက ထိုင်နေကြပြီ ။ တပည့်တော်ကသာ ပညာအရည်အချင်း မမှီသေးလို့  ကြိုးစားနေရတာပေါ့ " ။ ဆိုပြီး မောသွားဟန်ဖြင့်
ဆရာသမားကျေးဇူးကို ဘယ်တော့မှ မမေ့နိုင်ဘူး ။ သူပြုစုပျိုးထောင်ပေးလို့  တပည့်တော်တို့  ရွာရဲ့အပြင်ဘက် ရောက်ခဲ့တာဘုရား ။ ရန်ကုန်ကိုရောက်ခဲ့ရတာပေါ့ ခုတော့ ရွာသူရွာသားတွေ မျက်စိပွင့် နားပွင့်ဖြစ်နေကြပါပြီ ။ တပည့်တော်တို့ တုန်းကလို အူတူတူ အတတ တွေမဟုတ်ကြတော့ဘူး ။ ဆရာတော်ရဲ့ကျေးဇူးတွေပေါ့ ဒီနှစ်ကုန်ရင် တပည့်တော် တစ်လှည့်ပြုစုရမဲ့နှစ်ရောက်ပြီ ။ အလည်လိုက်ခဲ့ပေါ့ဘုရားဆိုပြီး " ။ သူ့ ရဲ့ရန်ကုန်ရောက်လာပုံလေးကို အဆုံးသတ်တော့သည် ။ မိမိသာ သူငယ်ချင်း၏ဇာတိဖြစ်တဲ့ ဒီလိုဝေးလံခေါင်သီတဲ့ ချင်းတွင်းမြစ်အထက်ဖျားက ကျေးရွာလေးမှာ ဘယ်လိုများပြောင်းလဲနေပြီလဲဟူသော သိချင်စိတ်တို့ ဖြင့် လိုက်ဖြစ်အောင်လိုက်မည်ဟုသာ ဆုံးဖြတ်မိတော့သည် ။

ပြီးပါပြီ အားပေးဖတ်ရှုပေး မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရှင်​ဘုရား သွားရင်​ကြည့်​သွားဘုရား
မိုင်းနင်းမိမယ်​ အဟိ စတာပါ

မိုင်းတော့ မရှိလောက်ဘူး ထင်တာပ

သွားလည်ပြီးလျှင်ဓါတ်ပုံနှင့်တကွတွေ့ချင်ပါသည်ဘုရား

ဟုတ်ကဲ့ သီတင်းကျွတ်မှ သွားဖြစ်မယ် ထင်တယ်

ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပါဘုရား

ရိုက်ခဲ့ပါ့မယ် ရွှေမျောကို စိတ်ဝင်စားနေတာ

ရွာရဲ့​ပြောင်းလဲ​နေတဲ့အ​ကြောင်းအရာများဆက်​လက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​....

နည်းနည်းတော့ကြာဦးမယ်နော် ကျောင်းပိတ်မှ အလည်သွားရမှာဆိုတော့ကာ

အရေးအသား ကောင်းလှပါတယ် အားပေးနေပါတယ်

အားပေးတာ ကျေးဇူးပါကွယ်

မြန်မာတွေရဲ့ဖော်ရွေတဲ့ အငွေ့အသက်တွေက ကျေးလက်တွေမှာ ကျန်နေသေးတာတွေ့ရပါတယ် ဦးဇင်း

ဆက်​လက်​ဖတ်​ရှူချင်​ပါ​သေးသည်​။

ဗဟုသုတရရပါတယ် ဘုန်းဘုန်း

တရားဆုံးတော့ သာဓု ခေါ်ရတာမို့
သာဓု သာဓု သာဓု ပါဘုရား

ကောင်းပါပေ့ကွယ်

တရားနဲ့ ဆိုင်‌တဲ့ ဗဟုသုတ‌တွေကို မကြာမကြာတင်‌‌ပေးပါဘုရား။

ကောင်းပါပြီ တင်ပေးပါ့မယ်

ကောင်းပါပြီ တင်ပေးပါ့မယ်

ကိုယ်တွေ့တွေ ထပ်နေပါမယ် ဦးဇင်းရေ

ကိုဟ်တွေ့ပဲ ဝေမျှချင်တာ

ရွာရောက်တဲ့ အတွေ့အကြုံလေးကိုလဲ ဖတ်ချင်ပါသေးတယ်ဘုရား

အကြောင်းနဲ့ ကံနဲ့ တိုက်မိပီပေါ့ဘုရား

ရွာလေးတစ်နှစ်ထက်တစ်နှစ်တိုးတက်လာပါစေဘုရား

စိတ်​ဝင်​စားစရာ​ကောင်းပါတယ်​ ဘုရား

သွားဖြစ်တဲ့အခါကျရင်လည်း ဒေသန္တရ ဗဟုသုတတွေ မျှဝေပါဦးဘုရား... အရှင်ဘုရားစာထဲကနေကို အဲ့ဒီ့ဦးဇင်းလေးရဲ့ ရွာလေးကို စိတ်ဝင်စားနေပြီ... သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းနားနိုင် ဆိုသလိုပဲ ဆရာတော်ကြီးရဲ့ ဂုဏ်တော်ကို ဦးတင်မိပါတယ် ဘုရားး..။