စာဖတ်ခြင်းအကျိုး

in myanmar •  7 years ago  (edited)

Steemit အဖွဲဝင် သင်ဆရာ၊မြင်ဆရာ၊အစ်ကို၊အစ်မ၊သူငယ်ချင်းများအားလုံးမင်္ဂပါလို့
ဦးစွာပထမအနေဖြင့်နုတ်ခွန်းဆက်သပါတယ်ခင်ဗျ။
images.png
စာဖတ်ခြင်းကရတဲ့ အသိပညာ၊အတတ်ပညာဗဟုတွေကမရေတွက် မတွက်
နိုင်လောက်အောင်များပြားလှပါတယ်။စာဖတ်ခြင်းဟာ အသိညဏ်ဗဟုသုတတွေ
သာမက တနည်းအားဖြင့်စိတ်ရဲ့ထွက်ပေါက်တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။
ကျွန်တော်ဆိုရင် စိတ်ညစ်တိုင်း၊စိတ်မချမ်းမြေ့စရာကြုံလာတိုင်းစာဖတ်ရင်ဖတ်၊
မဖတ်ဖြစ်ရင်တော့သီချင်းအော်ဆိုလေ့ရှိပါတယ်။အဲဒီလိုသာလုပ်လိုက်ရင်တကယ်
လက်တွေ့စိတ်ထွက်ပေါက်၊စိတ်သက်သာယာ ရသွားမယ်ဆိုတာရဲရဲကြီး
အာမခံပါတယ်။သူငယ်ချင်းတို့လည်း စမ်းပြီးလုပ်ကြည့်စေချင်ပါတယ်။
အားလပ်တဲ့အချိန်တိုင်းအတွက်စာဖတ်ခြင်းကိုအချိန်အနည်းငယ်ပေးစေချင်
ပါတယ်။ဆောင်းပါး၊အနုပညာစာပေ၊ကာတွန်း၊၀တ္တု၊ကဗျာ စသည်ဖြင့်
ကိုယ်စိတ်ဝင်တစားဖတ်ချင်တဲ့အရာတစ်ခုဟာကိုယ့်ရဲ့စိတ်ကျေနပ်မှု ကို
ရရှိစေမှာအသေချာပါပဲ။စာဖတ်ခြင်းကနေပဲ မရောက်ဖူးတဲ့နေရာတွေ
ရောက်ဖူးသလိုခံစားရပြီးစာဖတ်ရင်းနဲ့ပဲကမ္ဘာနေရာအနှံ့ရောက်ရှိနိုင်ပါတယ်။
ဝတ္တုဖတ်မယ်ဆိုရင်လည်း ဇာတ်ကောင်တွေရဲ့အပြောအဆို လှုပ်ရှားမှုတွေကို
ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာဖြစ်ပါတယ်။စာဖတ်ခြင်းကနေပဲ
စာပေအရေးအသား၊စာပေဗဟုသုတ၊စိတ်ကူးနိုင်မှုစွမ်းအား၊အကောင်းအဆိုး၊
အကြောင်းအကျိုးဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။စာဖတ်ခြင်းဟာ အောင်မြင်မှု
တစ်ခုဆီကိုယူဆောင်သွားနိုင်ဖို့ရှေ့ဆောင်လမ်းပြဆိုရင်လည်းမှားနိုင်မယ်မထင်ပါဘူး။
စာဖတ်ခြင်းရဲအကျိုးကျေးဇူးဟာဒါတင်ပဲလားဆိုရင်မကပါဘူး။လူမှု့ရေး၊
စီးပွားရေး၊ကြီးပွားရေး အဘက်ဘက်က အထောက်ကူဖြစ်စေမှာပါ။လူမှု့
ဆက်ဆံရေးနယ်ပယ်မှာလည်းကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ အလိမ္မာစာမှာရှိ
ဆိုတဲ့စကားအတိုင်းလူ့ယဉ်ကျေးလိမ္မာ လေးဖြစ်စေရန်လည်း စာပေဖတ်ရှူ့ခြင်းကအဓိက
ကျလို့နေပါတယ်။ဒါကြောင့်စာဖတ်ခြင်းဟာ လူတိုင်း လူတိုင်းအတွက်မဖြစ်
မနေလုပ်ဆောင်သင့်တဲ့အလေ့အကျင့်တစ်ခုဖြစ်တယ်ဆိုတာအထူးပင်တိုက်တွန်းချင်ပါတယ်။

Steemit အဖွဲ့ဝင်အပေါင်းတို့ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်လျှက်
@hanhtay
images.png
Photo credit from google image.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာဖတ်သူတိုင်းမအောင်မြင်သော်လည်း အောင်မြင်သူတိုင်းကတော့စာဖတ်ကြပါတယ်၊ လူတစ်ယောက်ဟာ တစ်နှစ်ကို အနဲဆုံးစာအုပ်(၅၀)ဖတ်သင့်ပါတယ်။

ဟုတ်ကဲ့ပါ ဆရာ

စာအုပ်စာပေ လူ့မိတ်ဆွေ...

ဟုတ်ကဲ့ အစ်ကို

အ​ပေါ်ကအကို​ပြောသလိုပါဘဲ😊

ဟုတ်ကဲ့ အစ်ကို

စာဖတ်​ခြင်း​ကြောင့်​ စိတ်​ဓာတ်​ခွန်းအား​တွေရရှိပြီး ​အောင်​မြင်​မှု ​တွေဆွတ်​ခူးနိုင်​ပါတယ်​ဗျာ

ဟုတ်ကဲ့ အစ်ကို

ဆရာသင်ထားသလိုပဲ အသုံးချဖို့လည်း ဖတ်ပါနော်

ဟုတ်ကဲ့ပါ အစ်ကို

စာဖတ်​ရတာ အကျိုးများတယ်

ဟုတ်ကဲ့ပါ အစ်ကို

စာဖတ်​ခြင်းသည်​စိတ်​ခွန်​အား​တွေပြည့်​ဝ​စေပါတယ်​။Good post;bro.

ဟုတ်ကဲ့ အစ်မ

စာအုပ်စာပေ လူ့မိတ်ဆွေပါပဲဗျာ

ဟုတ်ကဲ့ အစ်ကို