ကုန်းခရာ ရဲ့လူသားတို့အပေါ်အကြိုးပြု့ပုံအကြောင်း(hlamyothet)

in myanmar •  7 years ago 

ကုန်းခရာ
image
ကျွန်တော်တို့ အောက်ပြည်မှာ ကုန်းခရာပင် မရှိသော်လည်း" ရေခရာပင်" လေးတွေတော့ ရှိပါတယ်။ အညာကိုတော့ ဆွေမျိုးတွေရှိရာ အလည်သွားတုန်းက တစ်လလောက်ဘဲနေခဲ့ဘူးပါတယ်ဗျ။ ကားလမ်းဘေး တစ်ရှောက်ပေါက်နေကြပါတယ် လမ်းဘေးမှာ အ၀ါရောင် အပွင့်လေးတွေအများကြီးဆိုတော့ လှတောင်လှသေးတယ်။ ကားစီးလာရင်း ဘေးနားက ဒေသခံကိုမေးကြည့်လိုက်ပါတယ် အကို ကားလမ်းဘေးတစ်ရှောက် အပွင့်ဝါ၀ါလေးတွေနဲ့ ပွင့်နေတာဘာပန်းလေးတွေလည်းလို့မေးကြည်မိလိုက်တယ်။ဟာ ညီလေးရ အဲ့ဒါခရာပင်တွေလေ သူအလိုလိုပေါက်နေတာ၊ ဟုတ်လို့လားအကိုရာ ခရာပင်က အရွက် အစိမ်းနဲ့ အပွင့်ပြာ ဆူးချွန် ပင်းလေတွေမဟုတ်ဘူးလား လို့ပြန်းမေးခဲ့တယ်။ ဘေးကအကို အေးလေတဲ့ မင်းပြောတာလဲ ခရာပင်ပါဘဲ အခုအ၀ါရောင်အပွင့်လေးတွေနဲ့ ပွင့်နေတဲ့ အပင်လဲ ခရာပင်ဘဲ လေလို့ပြန်ဖြေပေးတယ်။ သြော်ဟုတ်ကဲ့ဆို ပြီကျွန်တော်ပြန်ပြောပြီး ခရာပင်ကနှစ်မျိုး ရှိပါလားဆိုတာကို အဲ့တော့ကြမှ သလိုက်ရတာ။
အခုတော့ ကျွန်တော် လေ့လာထားတဲ့ ကုန်းခရာပင်လေးရဲ့ အကြောင်းကို ပြေပါရစေ။၊ ခရာပင် နှစ်ပင်က တပင်နဲ့တပင် Family Scientific names လုံးဝမတူကြပါဘူး။
image
အဝါရောင်အပွင့်နဲ့ ကုန်းခရာပင်မျ၊ားရဲ့ မျိုးရင်းကတော့ Family Papaveraceae ဖြစ်တာမို့ လူသိများလှသော ဘိန်းပန်း မျိုးရင်းထဲကဖြစ်ပါတယ်၊ အဝါရောင် ပန်းတွေကလည်း ဘိန်းပန်းများနဲ့ဆင်တူပါတယ်၊ မူရင်းဒေသက Mexeco ဖြစ်သော်လည်း ယခုအခါကမ္ဘာအနှံ့ ပြန့်နှံ့နေပြီဖြစ်ပါတယ်၊ ပူပြင်းသွေ့ခြောက်သောရာသီဥတု ကိုနှစ်သက်ပြီး ရေနဲခံနိုင်သော xerophytic plants လည်းဖြစ်ပါတယ်၊ အပင်ထဲမှာ အဆိပ်အတောက်ပါသောအရည်များရှိနေလို့လည်း အရွက်စား သတ္တဝါများ ရန်က ရှောင်ရှားနိုင်ပါတယ်၊ အပင်အမည်ကိုလည်း Mexican poppy လို့ပေးထားပါတယ်၊ လမ်းဘေး လယ်ကွင်း ကျတ်တည်းမြေ တောင် ဂတုံး တွေမှာတော့ ကုန်းခရား ပင်လေးတွေက တောထအောင်ပေါက်တဲ့ အပင်လေးတွေပါ။ image
ဒီအပင်လေးတွေဟာ ဆေးဖက်လည်းအတော်အသုံးဝင်လှပါတယ် ၊ ခရာပင်လေးရဲ့ ဆေးဘက်ဝင်ပုံတွေက ယားယံခြင်း၊ အဆိပ် ၊၀မ်းပိုက်တင်းရောင်ခြင်း၊ သွေးအံ ၊သွေးကျ ၊နူနာ ၊အပူ သည်းခြေဖျား ဆီးအောင့် ကျောက်တည် ၊ဖောရောင်ရောဂါ ပျောက်သည်" လို့ အရှင်နာဂသိန် ဆေးကျမ်းတွင်္င်ရေးသားထားတာကိုလည်းမှတ်သားတွေ့ရပါတယ်။
image ကုန်းခရာပင်၏ taxonomic descriptions အပင်က တနှစ်ခံ ဆူးပါသောပင်ပြော့လေးတွေပါ။ အဝါရောင် နံသောအရည်များက အပင်ကနေထွက်ပါတယ်၊ တပင်လုံးဆူးတွေဖုံးထားတယ်၊ အရွက်တွေရဲ့ ရွက်ကြောတွေပေါ်မှာ မာသောဆူးတွေရှိပါတယ်၊ ပန်းကလေးတွေက တောက်ပသော အရောင်ဖြစ်ပြီးအောက်ခြေမှ ဆူးပါသော ပွင့်ခံရွက်များနဲ့ ခံဆောင်ထားတယ်၊ ပွင့်ဖတ်လေးတွေက သုံး ခုသာပါတယ်၊ ပွင့်ချပ်လေးတွေကတော့ ခြောက်ခုလောက်ကိုပါတယ် သူ့ရဲ့အပွင့်လေးတွေက အကြွေမြန်ကြတယ်၊ ဝတ်ဆံဖိုများစွာပါတယ်၊ အသီးကလဲ အက်ကွဲပီး အစေ့များစွာပါပါတယ်။ ကုန်းခရာပင်လေးတွေကို ဒီလိုပုံနဲ့လည်း အသုံးပြု့လိုရပါသေးတယ်။ image
ဒီအပင်ကဆေးဖက်လည်း အတော့ကိုအသုံးဝင်တာပါ။ အပင်ကို အစိမ်းလိုက် ဒါမှမဟုတ် တပင်လုံးကို အခြောက်ခံပြီး ဆေးအနေနဲ့သုံးခဲ့ကြတာကိုလဲ အညာဒေသမှတွေ့ရပါတယ်။ ကုန်းခရာပင်ရဲ့ အမြစ်ကို ဆီးရွှင်ဆေးအဖြစ်လည်းသုံးကြသလို ထိခိုက်အနာတရ ဖြစ်ရင်လည်းသက်သာအောင်လည်း သုံးကြပါသေးတယ်၊ အစေ့များက ဝမ်းပျော့ဆေး၊ သလိပ်ရွှင်ဆေး အယားဖြေဆေးအဖြစ် အသုံးပြုကြပါတယ်၊ တပင်လုံးဆူးတွေလည်းပါပါတယ်။ အဲ့အပင်လေးတွေကို ထိကိုင်ဖို့ရာ ခက်ခဲ့လှသော အပင်လေးတွေပါ။ ခရာပင်လေးတွေကို အညာဒေသရဲ့ ကားလမ်းဘေးတွေ ရွာတွေထဲကခြံထဲတွေ အတော်နေရာများပေါက်တာတွေ့ရပါတယ် နေရာတိုင်းမှာ လိုလိုပါဘဲဗျာ။ အခုအချိန်က ဒီပန်းလေးတွေပွင့်ချိန်ပါ၊ ခရာပင်လေးတွေက အမြင်လည်းလှပြီး ကျွန်တော်တို့တွေ အတွက် အဖိုးတန်လှတဲ့ သဘာဝမှာ သူ့အလိုလိုပေါက်သော ဆေးဖက်ဝင်အပင်လေးတွေဖြစ်တာမို့ ဗဟုသုတဖြစ်ဖွယ် တင်ပြလိုက်ပါတယ်ဗျာ။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good post!
Thanks for sharing!

ကျေးဇူးတင်ပါတယ်ဗျ။

Nice post!

thinks

Get a knowledge. Thank for sharing.

ကျေးဇူးပါ ဆရာdonjaun.