စိတ်ပျက်မှုကိုအားအင်ဖြစ်အောင်ပြောင်းလိုက်ပါ

in myanmar •  7 years ago 

ကျွန်တော်လို့ စိတ်ပျက်မှု့လေးတွေရှိရင် စိတ်ပျက်မှုကိုအားအင်ဖြစ်အောင်ပြောင်းလိုက်ပါ။ image
ကိုလိုချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ အကို၊ အမ၊ ဆရာသမားတို့ဘယ်လိုခံစားရသလဲဗျာ။
ကျွန်တော် အလုပ်တစ်ခုကထွက်လိုက်ပြီးနောက် အဖိုးကဈေးရောင်းတက်အောင် အလုပ်တစ်ခုဝင်လုပ်ဖို့ တိုက်တွန်းပြောခဲ့တယ်။ ကျွန်တော်ကငယ်ငယ်လေးထဲက အရှပ်ကြီးတဲ့သူတစ်ယောက်ပါ။ အမေက ဈေးဆိုင်ကို ဈေးသွားဝယ်ခိုင်းရင်တောင်မှ တစ်ယောက်ထဲဆို မသွားခဲ့ပါဘူး အဖော်လေးပါမှ။ အဖိုးပြောတဲ့ အရောင်းသင်ဖို့ဆိုတာ ကျွန်တော်တစ်သက်မှာ မလုပ်ချင်ဆုံး အရာတစ်ခုပါ။
ကျွန်တော်ဟာ ဈေးဆိုင်အကြီးတစ်ခုမှာ အရောင်းသင် ဈေးသည်အဖြစ်နဲ့ တစ်နှစ် ကြော်ကြော် လောက် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကျွန်တော်ဘ၀က ရေနစ်နေတုန်း ဆွဲမိဆွဲရာမြက်ပင်ကို ဆွဲကုတ်ထား သလိုပါဘဲ။ ကျွန်တော်ရှက်လိုက်တာ မပြောပါတော့နဲ့။ အဖိုးကိုကြောက်လို့ မနည်းအောင့်အင်းပြီး လုပ်ခဲ့ရတယ်။ အစမ်းခန့် ဘ၀နဲ့တောင် အလုပ်ပြုတ်မလိုတောင်ခဏခဏ ဖြစ်ခဲ့ရတယ်။
အဲ့ဒိကြားထဲ ကျွန်တော် စီးပွားရေးအကြောင်းမလှဘဲ ရောင်းကုန်ပစ္စည်းကို တဖွဖွအပြစ် တင်နေတော့တယ်။ အဲ့လိုမှမဟုတ်ရင် ကျွန်တော်က ဈေးဝယ်သူတွေကို မချေမငံ ရန်လုပ် ဆက်ဆံလိုက်သေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ့်ကိုယ်ကို မကျေမနပ်နဲ့ စိတ်ပျက်အားငယ်နေတာဆိုတော့။
ဒါပင်မဲ့ အဘကပြောတယ် ကျွန်တော်အဖြစ်ကို အမြင်တစ်မျိုးနဲ ကြည့်ပြီးပြောလိုက်တယ်။ ဒီမှာငမြီး လူတွေက အဆင်မပြေတာဖြစ်ရင် အပြစ်တင် ဟန်ဆောင်တက်တာ ဒါသဘ၀ဘဲတဲ့။ ကျွန်တော်နားမလည်းလို့ အဖိုးရှင်းပြပါအုံးလို့ပြောလိုက်တယ် အဘက အေးငမြီးမင်းနားလည်ရင် ငါပြောပြမယ် ဒီလိုကွ စိတ်ပြက်မှုကို အရင်းခံတဲ့ ဒေါသနှင့် မောဟဝေဒနာတွေက အတော်လေးပြင်းထန်လာရာကနေ တခြားသူတွေကို မဲပြီးရန်ရှာတာဘဲပေါ့ ငမြီးရ။ ကျွန်တော်က မလုပ်ချင်ဘဲ ဈေးရောင်းရတဲ့အတွက် မကျေမနပ်ဖြစ်ပြီး စိတ်ခံစားနေရတာပါ။ အဲ့လိုနဲ့ အဘပြောတာကို နားထောင်ပြီး ဈေးရောင်းသင်ရင်း တန်ဖိုး မဖြက်နိုင်တဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တော့တာပါဘဲ။ ဘာလဲဆိုတော့ မကျေနပ်မှုနှင့် စိတ်ပျက်မှု့ကို အားလျှော့နေမဲ့အစား အဲ့ဒါတွေကို ခွန်အားအဖြစ် အသုံးပြု့ဖို့ ဆိုတာကိုနားလည်ခဲ့တယ်။လူတွေဟာ အသစ်အဆန်း
တစ်ခုကို လုပ်ရမှာ ကြောက်တာဟာ စိတ်ပျက်စရာနှင့် ကြုံရမှာဆိုတာပါဘဲ။ သူတိုဟာ မှားမှာနှင့် အပယ်ခံရမှာ လည်းကြောက်ကြသေးတယ်။
စီးပွားရေး အမြန်လန်းကြောင်းကိုလုပ်ဖို့ အလုပ် သစ်တစ်ခု လုပ်ဖို့ကြတိုင်း အဘက စကားတစ်ခွန်းပြောတယ် အဲ့စကားကို စာဖက်သူ တွေံအတွက် လက်ဆောင်ပါးပရစေဗျ။ အဘက စိတ်ပျက်စရာတွေကို တွေ့ဖိုအဆင်သင့်ပြင်ထားကွ တဲ့။ အဘဆိုလိုတာက အပျက်သဘောကို အပြုစိတ်ဓာတ်နဲ့ ကြည့်မြင်ဖို့ပါ။ ကျွန်တော်တိုဟာ ကြိုတင် ပြင်ဆငိမှု့ရှိရင် အဆိုးထဲက အကောင်းကို ထုတ်ယူနိုင်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ စိတ်ပျက် မှု့ကြီးကို အချိန်ကြာမြင့်စွာ ပိုက်ထားသလိုဖြစ်သွားမှာပါ။ ကျုပ်တော့ဒီ အလုပ်ကို ဘယ်တော့မှ ထပ်မလုပ်တော့တော့ဘူး။ ရှုံးမယ်ဆိုတာ အစထဲကထင်သားဘဲ ဆိုတဲ့စကားတွေက စိတ်ပျက်မှု့ရဲ့ ညီးတွားမှု့တေီပါဗျာ။ ပြသနာတိုင်းရဲ့နောက်မှာ အခွင့်လမ်းဆိုတာလဲ ရှိစမြဲပါ။ စိတ်ပျက်မှု့ရဲ့ နောက်ကွယ်မှာလည်း တန်းဖိုးမဖြက်နိုင်တဲ့ အသိညာဏ်တွေ ကျွန်တော်တို့မှာ ရှိစမြဲပါ။
စိတ်ပျက်တယ်ဆိုတာ အောင်မြငှ်ုမှု့ လမ်းစကိုပိတ်ဆို့လိုက်တဲ့ အတားအစီးတစ်ခုလို့ မှက်ပါတယ်ဗျာ။ စိတ်ပျက်မှု့တွေကို တွန်းလှန်နိုင်ရင် ခွန်းအားအဖြစ် ပြောင်းသွား နိုင်မှာပါ။ ဆရာသမားတွေ ပြောတာ ကျွန်တော်ကြာူးးပါတယ် ကိုယ့်ဒူးကိုချွန်ပြီး အောင်မြင်တဲ့သူတွေက ရှားတယ်ဆိုတာ စိတ်ပျက်မှုကို သီးမခံနိုင်တဲ့သူ နည်းလို့ပါဘဲတဲ့။ ကျွန်တော်အပါအ၀င် လူတော်တော်များများက စိတ်ပျက်စရာတွေကို ရင်ဆိုင်ရမဲပအစား ရှောင်ပြေးနေကြလို့ အောင်မြင်မှု့နဲ့ ဝေးကွာနေလိုဘဲဆို့ ကျွန်တော် ယူစမိပါတယ်ဗျာ။ ကျွန်တော်ဆက်လက်ပြီးကြိုးစား ရေးသားပါအုံးမယ်ဗျာ အခုတော့ ခြင်တွေက အရမ်းကိုင်တော့ မရေးနိုင်တော့ပါဘူး။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice article

thinks.

right