အချစ်ဖြင့်အနားသတ်ထားသော ရင်ခုန်သံ..အပိုင်း(၃)

in myanmar •  7 years ago  (edited)

ကိုကိုကြီး နှင့် မမမာန်တို့လက်ထပ်ပြီး တစ်နှစ်ခွဲအကြာတွင် သမီးလေး "မေမွန်းခ" ကို မွေးဖွားခဲ့ကြသည်။မြေးဦး..သမီးဦး..တူမ အဦးဆုံးဖြစ်သောကြောင့် တစ်အိမ်လုံးက သဲသဲလှုပ် ချစ်ကြသည်။ သမီးလေး ငါးနှစ်အရွယ်တွင် ကိုကိုကြီးတို့ ဇနီးမောင်နှံနှစ်ယောက်သည် အင်္ဂလန်သို့ အလုပ်ကိစ္စဖြင့် အပြီးပြောင်းကြမည်။ မေမွန်း လေးကိုလည်း ခေါ်သွားကြမည်ဖြစ်သောကြောင့် တစ်အိမ်လုံး တငိုငို တရီရီ ဖြစ်နေကြသည့်အပြင် ဖေဖေဆိုလျှင် အိပိယာထ လဲသည်အထိဖြစ်ရသည်။ ထို့ကြောင့် ချစ်တူမလေး မေမွန်းကို ကိုကိုကြီးတို့က မြန်မာပြည်တွင်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြသည်။ မိဘနှင့်လည်းဝေးကွာနေရသောကြောင့် မိမိကပင် သမီးအရင်းလိုစောင့်ရှောက်ခဲ့ရာ သံယောဇဉ်အရမ်းတွယ်မိပါသည်။ ယခု ဒီခလေးလေး စိတ်ထဲ အသည်းပေါက်မထွက် ခံစားနေရသည်အား ဒီအဒေါ်မှာ ဘယ်လိုကြည့်ရက်နိုင်မည်နည်း။ ထို့ကြောင့် တူမချောလေးကို စိတ်ပြေလက်ပျောက်ဖြစ်စေရန်တစ်ခုခုစီစဉ်ရမည်။ တီခတ်တစ်ယောက် အတွေးနယ်ချဲ့ခြင်းတို့ကို
အဆုံးသတ်ပြီးလျှင် "သမီးလေး ရေ ရေချိုးပြီးပြီလား... ထမင်းစားဖို့အစဉ်သင့်ပဲနော်"ဟု မေမွန်း ကို လှမ်းအော်လိုက်သည်။ ဆယ့်ငါးမိနစ်ခန့်လောက်ရှိစဉ်တွင် မေမွန်းခ ရောက်လာပါသည်။ ညဝတ်ဂါဝန် ပန်းရောင်နှင့်
မျက်ခုံးမွှေးထူထူ၊နှာတံချွန်ချွန်၊ ရွှေညိုရောင်ဆံပင် လေးကို ဂုတ်ဝဲလေးညှပ်ထားသော ဒီအသားဖြူဖြူကောင်မလေးဟာ အဖေ အမေ အဒေါ်တွေဆီမှ အလှတရားများကိုစု၍ ပိုင်ဆိုင်ထား သည် ဟုပင်ဆိုရမည်။ သို့သော် ဒီလို ကလေးမလေး ကိုမှ ကံတရားဆိုသည့် ဒါရိုက်တာက အချစ်ဇာတ်လမ်းတွင် အသဲကွဲရမည့်နေရာတွင် ပါဝင်သရုပ်ဆောင်ထားခဲ့သည်။ တူမကိုတစိမ့်စိမ့်ကြည့်ရင်း စားနေသည့်ထမင်းကိုတောင်မေ့ချင်လာသည်။ "ဟင်း....မေမွန်း အတွက် ငါ ဘယ်လိုစီစဉ်ပေးရမလဲ" တီခတ် သက်ပြင်းချရင်းချနေမိသည်။ မေမွန်း ကတော့ ထမင်းကို ပန်းကန်တဝက်တောက်မကျိုး.. စားပြီးလျှင် အခန်းထဲသို့ ပြန်ထသွားသည်။ "သူ့ခမျာလည်း ခံစားနေရရှာမယ်ပေါ့လေ" .............
မေမွန်း တစ်ယောက် အိမ်တွင်းအောင်းနေသည်။ အပြင်ကိုလည်းလုံးဝ မထွက်ချင်..အပြင်ထွက်လျှင်လည်း ခွန်း နှင့် ရုတ်တရက်တွေ့မိပြီး ဆောက်တည်ရာမရ ဖြစ်မိမှာအရမ်းစိုးရိမ်သည်။ ထိုအချိန်တွင်...နင်မိဘများက သဘောမကျလို့တဲ့..ရှော်ပြီ ဒီတကွက်နဲ့..ဟုတ်လို့လား ဟုတ်ရဲ့လား........ဆိုသည့် ringtone မြည်လာသည်။ မေမွန်း ကောက်ကိုင်လိုက်တော့" ..ဟဲလို..ခတ် တူမလေးလား..အန်တီက ခတ် သူငယ်ချင်းပါ... ခတ်ဖုန်းက ဆက်လို့မရလို့ သမီးဖုန်းကိုဆက်လိုက်တာ သမီးရယ်...ခတ် ကို ခနခေါ်ပေးပါလား....ဟု တဖက်က တီခတ် သူငယ်ချင်းဖြစ်သူက ပြောသည်။ မေမွန်း လည်း "ဟုတ်ကဲ့ အန်တီ.. ခနလေးပါနော်" ဆိုပြီး တီခတ် ဆီကို သွားပြီးဖုန်းကိုပေးလိုက်သည်။ သူငယ်ချင်းနှစ်ယောက် ဖုန်းပြောကြသည်မှာ တော်တော်ကြာသည်။ ခတ် တောင် facebook တွင် အသဲကွဲပိုစ့် တင်မယ်ရှိသေး၊ ဖုန်းပြောတာမပြီးသေး၍ တော်တော်စောင့်လိုက်ရသည်။ ဖုန်းပြောပြီးချိန်တွင်တော့ တီခတ်က ရွှင်လန်းနေသော မျက်နှာအမူရာနှင့်."ကဲ...မေမွန်းရေ..Let's Go to Mandalay! ဟေး ..မနက်ဖန်ညနေလေယာဉ်နဲ့ သွားမယ်... အခုညကတည်းက အထုပ်ပိုးတစ်ခါတည်းပြင်ပါ...ဟိုမှာ သုံးလလောက်ကြာမယ် သုံးလစာ တစ်ခါတည်းအပြည့်စုံယူခဲ့ပါ"ဟု နူးညံ့စွာ အမိန့်ပေးလာသည်။ "မေမွန်း စိတ်သက်သာရာနည်းနည်း ရသွားသည်..ရှောင်ပြေးတယ်ဆိုဦးတော့.. ဒီ ကလေးမြို့ တွင်နေသည်ထက် စာရင် ဟိုမှာက စိတ်ဖြေသာဦးမည် ထင်သည်။ မေမွန်း တို့ တူဝရီးနှစ်ယောက် အထုပ်အပိုးပြင်ကြသည်။ အဝတ်အစားများမျာစားစားထည့်မလာ၊ ဘဝကို ရိုးရှင်းစွာ သုံးလဖြတ်သန်းပြီး ကလေးမြို့သို့ပြန်လာမည်။ "fighting မေမွန်း" ကိုယ့်ကိုကိုယ် အားပေးရသည်....
ညနေ သုံးနာရီခွဲလေယာဉ်ဖြစ်သောကြောင့် အိမ်မှ သုံးနာရီမထိုးခင် ငါးမိနစ်အလိုလောက်ထွက်ခဲ့ကြသည်။ မေမွန်း တို့အိမ်နှင့် လေယာဉ်ကွင်းမှာ မျက်စောင်းထိုးပင်ဖြစ်သောကြောင့် အချိန်ကပ်ပြီးထွက်လာခဲ့သည်။ ကာကီရောင် ဘောင်းဘီအကျပ်ကလေး ကို ဇာအင်္ကျီအဖြူ လက်တိုကလေးဝတ်ထားပြီး ဆံပင်ကို မြှောက်စည်းထားသည်...မိတ်ကပ်ပါးပါးလေးလိမ်း ထားသော ပြောင်ရှင်းနေသည့် မျက်နှာလေးသည် အလွန်ကြည့်၍ကောင်းနေသည်။ တီခတ် သည်လည်း မေမွန်းနှင့် အသက်နှစ်ဆယ်ကျော်ကွာသော အဒေါ်အပျိုကြီး ဟုပင်ထင်ရက်စရာ မရှိ.. ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် စကပ် အကျပ်၊ အညိုရောင် စပို့ရှပ် လက်ဇက ဝတ်ထားသဖြင့် တော်တော်လေး နုပျိုလွန်းနေသည်။ မသိသူများ က ညီအစ်မနှစ်ယောက်ဟုပင် ထင်ကြလိမ့်မည်။
အပိုင်း..(3) ဆက်ရန်....Sketch-21-12-22-2-10-2018.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရှည်ကြီးပါပဲလားနော်