ကျွန်မ ခုနှစ်တန်းစာမေးပွဲဖြေပြီးလို့ နွေရာသီကျောင်းပိတ်ရက်ရောက်တော့ ဖေဖေက မေမေရှိတဲ့ စစ်ကိုင်းတိုင်း၊တမူးမြို့လေးကို သွားဖို့အတွက် ကျွန်မတို့မောင်နှမနှစ်ယောက်ကို လာခေါ်ပါတယ်။ ကျွန်မဘဝရဲ့ ပထမဦးဆုံး ခရီးစဉ်ဖြစ်ခဲ့တာပေါ့။
(12.3.2009) သုံးယောက်သား မန္တလေးမှ နံနက်ရှစ်နာရီလောက် မုံရွာကိုခရီးနှင်ခဲ့ကြသည်။ မန္တလေးကနေ တမူးမြို့အထိတိုက်ရိုက်ကားကတော့ ရှိတာပေါ့နော်။ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက တမူးမြို့ကိုတိုက်ရိုက်သွားတဲ့ကားက တရက်ခြားတစ်စီးပဲထွက်တာမို့ ကျွန်မဖေဖေက မုံရွာ ချင်းတွင်းမြစ်ကြောင်းကနေ ကလေးဝ၊ကလေးဝမှတဆင့်တမူးမြို့ကိုခရီးဆက်မယ်ဆိုပြီး အစီအစဉ်ဆွဲခဲ့တာပေါ့။ဒီလိုနဲ့ မုံရွာမြို့ကိုရောက်တော့ နေ့လည် ဆယ့်နှစ်နာရီထိုးလုပြီ။ကျွန်မက "ဖေဖေရေ ရေကြောင်းခရီးကို သမီးမသွားရဲဘူး ကားနဲ့ပဲသွားချင်တယ်" လို့ ဖေဖေ့ကိုအပူကပ်တော့တာပဲ။အဲ့ဒီမှာ ဖေဖေက "ကဲ..အဲ့ဒါဆိုလဲ ကားနဲ့ပဲသွားကြတာပေါ့ မုံရွာကားကြီးကွင်းကို ညနေပိုင်းထွက်မယ့်ကားရှိသေးလားလို့သွားစုံစမ်းတာပေါ့"ဆိုပီး မုံရွာကားကွင်းရောက်သွားပြန်တယ်။ကားကွင်းထဲ စပြီးခြေချမိရုံနှင့် ကားစပါယ်ယာတွေ၊ ဂိတ်ကလူတွေက သူ့ထက်ငါအပြိုင် ခရီးသည်လုကြရင်း ကျွန်မဖေဖေ့ကို "ဦးလေးဘယ်သွားမလဲ ပခုက္ကူလား ရေဦး ဂန့်ဂေါ မင်းတိုင်ပင် ပုလဲ ကလေးဝ ကလေး တမူး "စသဖြင့် မြို့နာမည်တွေစုံနေအောင်ရေရွတ်ပြကြသည်။ထိုစဉ်ဖေဖေက "တမူးသွားမှာကွ"ဟု ဆိုလိုက်စဉ်မှာပဲ တမူးသွားမည့် ကားဂိတ်မှ လူတွေက ရှေ့တိုးလာပြီး "ဇဝန၊မြန်မာပြည်သား၊ကျော်ဇေယျာ..စသဖြင့် ဂိတ်နာမည်တွေပြောကြတာပေါ့(ဂိတ်နာမည်တချို့ကတော့မမှတ်မိ) ။အဲ့ထဲတွင် ဇဝနကား ကတော့ ကုန်တင်ကားဖြစ်သောကြောင့် အဲ့ဒီနေ့ညနေထွက်မည့်ကားနှစ်စီးတွင် တစ်စီးကကြက်သွန်နီအပြည့်၊တစ်စီးက ငရုတ်သီးခြောက်အပြည့်၊ ထို့ကြောင့်ဖေဖေက ဒီလိုဆိုရင်တော့ ငါ့သားသမီးတွေ မွှန်ထူကုန်မယ်၊ မဖြစ်ချေဘူးဆိုပြီး "ညနေငါးနာရီထွက်မည့် မြန်မာပြည်သား ကား"အား ရွေးချယ်လိုက်ပါသည်။ ဇာတ်လမ်းက ဤမှာစသည်ဟုပြော၍ရပါသည်။ ညနေငါးနာရီထွက်မည့်ကားက ငါးနာရီခွဲလဲရောက်မလာ၊ခြောက်နာရီထိုး၍လဲရောက်မလာ၊ သည်ကြားထဲတွင် ကိုယ်လိုပဲ ကားစောင့်နေသည့်တစ်ယောက်က စိတ်ဝေဒနာသည် ဖြစ်နေ၍
သူရဲ့ တောင်ပြောမြောက်ပြော စကားလုံးတွေကြောင့် ပို၍စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါသည်။ ဒီလိုနဲ့ အချိန်က ခုနှစ်နာရီထိုး၍သွားလေပြီ။ ကားရောက်လာပါပြီ။ ကားကစရောက်လာတော့ ချက်ချင်းထွက်ပီလားဆိုတော့မထွက်သေး..ပစ္စည်းများတင်ပါသည်။ ပစ္စည်းတင်သည်ဆိုရာတွင်လည်း ကားခေါင်မိုးတစ်ထပ်လုံးတွင် ကွမ်းခြင်းများကိုအပြည့်တင်ခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်မတို့နားကို အချဉ်ထုပ် ခေါင်းရွက်သည်လေးရောက်လာသည်။ ထိုခေါင်းရွက်သည်လေးတွင် ရေခဲစိမ်ရေသန့်ဗူး၊ကားမူးပျောက်ဆေး၊နားကပ်ပလာစတာ စသဖြင့်တော်တော်စုံပါသည်။ ကျွန်မလဲ ကားမူးတက်၍ ဈေးသည်လေးထံမှ ကားမူးပျောက်ဆေးဝယ်ထားလိုက်ပါသည်။
မကြာခင်အချိန်တွင် ကားထွက်တော့မည်ဟု ဂိတ်မှ လူတချို့အော်နေသည်ကို ကျွန်မကြားလိုက်သည်။ ထို့ကြောင့် ကျွန်မတို့သားဖသုံးယောက် ကားပေါကို နေရာယူလိုက်ကြသည်။ ကျွန်မနှင့်ဖေဖေက ခုံတန်းတစ်တွဲနှစ်ခုံ
မောင်လေးက ကျွန်မတို့နောက်မှ ခုံတွင်ထိုင်ပါသည်။ ကားကထွက်တော့မည်။ ကျွန်မလည်း ကားမူးပျောက်ဆေးသောက်၍ မှေးနေလိုက်သည်။ ထိုအချိန်တွင် ကားစပါယ်ယာက "ခုနှစ်ယောက်အဖွဲ့က ချင်းတွင်းတံတား(မုံရွာ) တွင်လိုက်မည်"ဟု ဒါရိုက်ဘာ အားပြောနေပါသည်။ ကားက မုံရွာကားကွင်းမှ စထွက်ချိန်တွင်ရှစ်နာရီထိုးနေလေပြီ။ ကားစထွက်ချင်းပင် နောက်ခုံက ကလေးငယ် သည်ငယ်သံပါအောင် ငိုသည်။
အစပိုင်းတော့ သူ့ငိုသံကြောင့် မျက်လုံးကြောငိနေသည်။ တစ်နာရီလောက်ကြာသည့်အချိန်တွင် ဆေးအရှိန်ကြောင့် လူက မှေးလုမှေးခင် ဖြစ်လာသည်။ ထိုအချိန်တွင် ချင်းတွင်းတံတား(မုံရွာ)သို့ ရောက်၍ ထိုနေရာတွင်တက်မည့် ခရီးသည် ခုနှစ်ဦးကလည်း ကားပေါ်တက်၍ နေရာတကျယူပြီးကျလျှင် ကားသမားကို ပါယ်ပါယ်နှယ်နှယ်ပြောကြသည်။ "မင်းတို့ ညနေငါးနာရီထွက့်မယ့်ကားက ညကိုးနာရီမှ တို့ဆီကိုရောက်တယ်ကွယ် မနက်ငါးနာရီနဲ့များ မှားရောနေသလား..တို့က ဒီတစ်စီးမှမဟုတ်ရင် ပြန်တော့မလို့"ဟုပြောနေသံကို ကျွန်မ ကြားလိုက်ရသည်။
ထို့နောက် ကျွန်မလဲ အိပ်ပျော်သွားသည်ထင်သည်။ တရေးနိုးလာတော့ ကားဆရာ၏ စိုင်းထီးစိုင်သီချင်းကို အားရပါးရ လိုက်ဆိုနေသံနဲ့အတူ တစ်ကားလုံး အိပ်မောကျနေသည်ကိုကျမသတိထားမိသည်။ နာရီကိုကြည့်လိုက်တော့လဲ တစ်ချက်တီးနေလေပြီ။ တအောင့်လောက်ကြာသောအချိန်တွင်တော့ ဝေါခနဲအသံကြီးနဲ့အတူ တစ်ကားလုံးက "သွားဘီ"ဟုပြောလိုက်ကြသည်။ ကျွန်မရင်ထဲတွင်လဲ ချာရဟတ်စီးသလိုခံစားချက်နှင့် လူလဲပတ်ချာလည်၍ နောက်ကျောကို အရာဝတ္ထုတစ်ခု အရှိန်ပြင်းပြင်းနဲ့ ဆောင့်မိသွားတာ ခံလိုက်ရသည်။ ထိုအချိန် ကျွန်မအသိစိတ်တွင် ကားမှောက်ပီဟု သိလိုက်ရတော့သည်။
ကားသည် ပေရှစ်ဆယ်လောက်နက်သောချောက်အတွင်းသို့ကျရာ တစ်ဝက်လောက်တွင်သစ်ပင်ခံထား၍ ပေလေးဆယ်လောက်တွင် ရပ်နေသည်။ ကျွန်မ ပထမဆုံးသတိရမိသည် က ဖေဖေ... ကျွန်မဘေးက ပြတင်းပေါက်မှန်ကွဲသွားသည်။ ကျွန်မ ကားအပြင်ဖက်သို့ရောက်အောင်ထွက်သည်။ဘယ်ဖက် လက်ဖျံက အရမ်းနာနေသည်။ ကျွန်မ၏ဖေဖေလဲ ထိုပြတင်းပေါက်မှထွက်လာသည်။ မောင်လေးပဲကျန်တော့သည်။ ကျန်လူများလည်းထွက်လာသညိ။တခြားသူများလည်း ကိုယ့်အဖော်နှင့် ကိုယ် စုံမစုံ ကြည့်ကြသည်။ ကားထဲတွင်ကျွန်မမောင်လေးရယ် စိတ်ဝေဒနာသည်တစ်ဦးရယ် ချင်းတွင်းတံတား(မုံရွာ)မှ လိုက်လာတဲ့ ခရီးသည် ခုနှစ်ယောက်ထဲက နှစ်ဦးရယ် ဘုန်းကြီးတစ်ပါးရယ်တွင်သာ ကျန်တော့သည်ဟု ယူဆရသည်။ ကားဒါရိုက်ဘာကတော့ ချက်ချင်းထွက်ပြေးသွားသည်။ စပါယ်ယာကတော့ လူများကို ထပ်ထုတ်ပေးနေပါသည်။ ကျွန်မမောင်လေးကိုလဲ ဖေဖေက ကားထဲမှ မရရအောင်ဆွဲထုတ်ပီးလျှင် ကျွန်မတို့အားလုံးကို လမ်းပေါ်သို့ရောက်အောင်တက်ခိုင်းသည်။ ကားထဲမှ ဘုန်းကြီးတစ်ပါးကိုလဲ ဖေဖေဦးဆောင်ပြီး ထုတ်ပီးလေဘီ။ နှစ်ယောက်ပဲကျန်တော့သည်။ ထို့နှစ်ယောက်တွင် တစ်ယောက်သည် သစ်ပင်နှင့်ထိမိ၍ကားခေါင်မိုး ချိုင့်သွားသည့်နေရာတွင် ဖြစ်သွားသောကြောင့် အသက်မရှိတော့ဟု စိတ်မကောင်းစွာ ကြားသိရပါသည်။
နောက်ထပ်တစ်ယောက်ကိုလဲ ခတ်ခတ်ခဲခဲထုတ်လိုက်ရသည်ဟု ကြားမိပါသည်။ မနက်လင်းသောအခါတွင် ကျွန်မတို့ ကားမှောက်သောနေရာသည် ယာကြီးနှင့်လားပို့ကြားမှာဟူ၍ သိရပါသည်။ လားပို့ရွာမှ ကျန်းမာရေးဆရာမများရောက်လာသည့်အချိန်တွင် ထိခိုက်သူများအား စာရင်းကောက်ရာတွင် သေသူတစ်ယောက်
အရိုးကျိုးသူနှစ်ယောက် တခြားသူများက ပွန်းပဲ့ ယုံသာ ဟု သူတို့အချင်းချင်းပြောနေကြသည်။ ကျွန်မလဲ ဖေဖေ့ကို အရိုးကျိုးနှစ်ယောက်ကဘယ်သူတွေလဲဟု မေးလိုက်ရာ ခုနှစ်ယောက်အဖွဲ့ထဲမှ တစ်ယောက်နှင့် သမီး ဟုဖြေရာ အရမ်းလန့်ဖြန့်သွားခဲ့ရသည်။ ကျွန်မ၏ ဘယ်ဖက် ပခုံးညှပ်ရိုးကျိုးသွားပါသည်။ ထိုစဉ်မှာ ကျွန်မ သတိထားမိခဲ့သည်က ဆိုးဆိုးဝါးဝါးဖြစ်သည့်အထဲ ကျွန်မပါ ပါဝင်သည်ဟုပင်။ ကျွန်မတို့သည် ဤလိုကံဆိုးမှုကို အရင်ဘဝက ပြိုင်တူမကောင်းမှုပြုလုပ်ခဲ့ကြ၍ ဤဘဝတွင်
ပြိုင်တူ တုသောအကျိုးခံစားရသည်လား။ မကောင်းမှုပြိုင်တူပြုကြသူထဲတွင်မှ ကျွန်မသည် အခြားသူများထက်ပို၍ ပြုလုပ်ခဲ့၍လား...။ အခုချိန်ထိ ဤအဖြစ်ပျက်ကြီးက ကြာမြင့်ခဲ့သော်လည်း ကျွန်မ၏မှတ်ဥာဏ်ထဲတွင် လုံးဝဖျောက်ဖျက်မရသော အတိတ်ကြီး အဖြစ်ထင်ကျန်နေဆဲဖြစ်ပါသည်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
nice writing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ကျရင်ပုံလေးတွေထည့်နော်ညီမ :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ အကို..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုဒ်လေးတွေနဲ့ခွဲပီးပုံလေးတွေနဲ့ထည့်ထားရင် ဆင်ပြေမယ်ထင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ သင်ယူနေဆဲပါရှင့်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်သေးတာပေါ့ဗျာ ကံသီပေလို့ အရမ်းကြီးမဆိုးတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဆိုးထဲကအကောင်းလို.ပဲမှတ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ok ကိုကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit